နစ် ဝုဒမန်း (အင်္ဂလိပ်: Nick Woodman) သည် အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဖြစ်ပြီး ဂိုးပရို လုပ်ငန်း တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။
နစ် ဝုဒမန်း | |
---|---|
ဝုဒမန်း (၂၀၁၄) | |
မွေးဖွား | နစ်ကိုလတ် ဝုဒမန်း (Nicholas D. Woodman) ဇွန် ၂၄၊ ၁၉၇၅ |
ဌာနေ | ဝုဒဆိုက်၊ ကာလီဖိုးနီးယား |
နိုင်ငံလူမျိုး | အမေရိကန် |
မိခင်ကျောင်း | ကာလီဖိုးနီးယား တက္ကသိုလ်၊ ဒန် ဒီယာဂို |
အလုပ်အကိုင် | ဂိုးပရို တည်ထောင်သူနှင့် အမှုဆောင်ချုပ် |
အိမ်ထောင်ဖက်(များ) | ဂျေး ကာလီ (Jill R. Scully) |
သားသမီး | ၃ |
မိဘ(များ) | ဒင်း ဝုဒမန်း (Dean Woodman) ကွန်စပ်ဆီယွန် ဆော့ကာရက် (Concepcion Socarras) |
ဆွေမျိုးသားချင်း | အာဝင် ဖက်ဒါမန်း (Irwin Federman) (ပထွေး) |
၁၉၇၅ ခု၊ ဇွန်လ ၂၄ ရက်တွင် ဘဏ်လုပ်ငန်းရှင် ဒင်း ဝုဒမန်းနှင့် ကွန်စပ်ဆီယွန် ဆော့ကာရက် တို့မှ မွေးသည်။
ကာလီဖိုးနီးယားပြည်နယ်၊ မန်လိုပါ့ (Menlo Park) နှင့် အက်သာတန် (Atherton) တို့တွင် ကြီးပြင်းသည်။ ၁၉၉၂ ခုတွင် မိခင်က အာဝင် ဖက်ဒါမန်းနှင့် လက်ထပ်သည်။ မန်လို ကျောင်းမှ ၁၉၉၃ ခုတွင် အထက်တန်းအောင်သည်။ ပုံဖော်အနုပညာ (Visual Arts) ဘာသာနှင့် ကာလီဖိုးနီးယားတက္ကသိုလ်မှ ၁၉၉၇ ခုတွင် ဘွဲ့ရသည်။
တက္ကသိုလ်ကျောင်းသားဘဝတွင် လုပ်ငန်းသစ်နှစ်ခု စဖူးသည်။ ပထမတစ်ခုမှာ နှစ်ဒေါ်လာထက်မပိုသော အီလက်ထရောနစ်ပစ္စည်းများရောင်းသည့် EmpowerAll.com အမည်နှင့် ဝက်ဆိုက် ဖြစ်ပြီး ကျန်တစ်ခုမှာ သုံးသူများအား လက်ငင်းငွေသားရနိုင်သည့် Funbug အမည်ရှိ ဂိမ်းနှင့် မားကတ်တင်းပလက်ဖောင်း ဖြစ်သည်။ နှစ်ခုလုံး မစွံပေ။
ဩစတေးလျနှင့် အင်ဒိုနီးရှားတို့သို့ လှိုင်းစီးသွားလျှင် သူ၏လှုပ်ရှားမှုတို့ကို ၃၅−မမ ကင်မရာကို လက်တွင် သားရေကြိုးဖြင့်စည်းကာ ရုပ်သံရိုက်ရသည်။ အားကစားသုံး ကင်မရာများမှာ ဈေးမြင့်သဖြင့် လက်လှမ်းမမီ ဖြစ်ကြကြောင်း သိရသည်။ ထို့ကြောင့် ကိုယ်၌ချည်ကာ ရိုက်ကူးနိုင်မည့် ကင်မရာကို ဖန်တီးရန် ကြံသည်။
လုပ်ငန်းစရန် ဖခင်ထံမှ ဒေါ်လာ (၂၀၀ ၀၀၀) ချေးသည်။ မိခင်ထံမှ ဒေါ်လာ (၃၅ ၀၀၀) နှင့် အပ်ချုပ်စက်ကို ငှားသည်။ ကားနှင့် ဂျေး၏ ဆွဲကြိုးကို ရောင်းကာ ဒေါ်လာ (၁၀ ၀၀၀) ထပ်ဖြည့်သည်။
ပထမဆုံး ဂိုးပရို၏ ထုတ်ကုန်မှာ တရုတ်ကုမ္ပဏီ ဟိုးတက် (Hotax) မှ ၃၅−မမ ကင်မရာကို သူဖန်တီးထားသည့် ခါးစည်းနှင့် တွဲထုတ်ခြင်း ဖြစ်သည်။ ၂၀၀၄ ခုတွင် ဂျပန်ကုမ္ပဏီတစ်ခုက အားကစားပြပွဲတစ်ခုအတွက် ကင်မရာ (၁၀၀) ဝယ်သည်။
ထို့နောက်တွင်မူ အရောင်းမှာ တစ်နှစ်လျှင် နှစ်ဆခန့် တက်လာသည်။ ၂၀၁၂ ခုတွင် (၂၃) သိန်း ရောင်းရသည်။
အမြတ်မှာ ၂၀၀၄ ခုတွင် ဒေါ်လာ (၁၅၀ ၀၀၀) ဖြစ်သော်လည်း ၂၀၀၅ ရောက်သော် (၃၅၀ ၀၀၀) အထိ ဖြစ်လာသည်။ ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် ထိုင်ဝမ် ကုန်ထုတ်လုပ်ငန်းဖြစ်သော ဖော့ကွန်း (Foxconn) က လုပ်ငန်း၏ (၈.၈၈) ရာခိုင်နှုန်းကို ဒေါ်လာ သန်း (၂၀၀) နှင့် ဝယ်သည်။ သို့ဖြင့် ဒေါ်လာ သန်း (၂၂၅၀) တန်သော လုပ်ငန်း ဖြစ်လာသည်။ ၂၀၁၄ ခု၊ ဇွန်လ ၂၆ ရက်တွင် အများပိုင်ကုမ္ပဏီပြုကာ ရှယ်ယာတစ်ခုကို ဒေါ်လာ (၃၁.၃၄) နှင့် အရောင်းပိတ်သည်။ ၂၀၁၄ ခုတွင် ဂိုးပရို၏ အမြတ်ငွေ (၁၂၈) သန်းသာ ရချိန်၌ နစ်က (၂၃၅) သန်း ယူခဲ့ရာ လစာအမြင့်ဆုံး အမှုဆောင်အရာရှိချုပ်အဖြစ် စာရင်းဝင်သွားသည်။
၂၀၁၆ ခု၊ ဒီဇင်ဘာတွင် လူထုအား ကတိပြုသည့် ပြောကြားချက်ဖြစ်နှင့် မညီဟုဆိုတာ ဥပဒေလုပ်ငန်းတစ်ခုက တရားစွဲသည်။ စတော့ဈေးများ ကျသည့်နောက် လုပ်အားစု၏ (၇) ရာခိုင်နှုန်းဖြစ်သော အလုပ်နေရာ (၁၀၀) ကို လျှော့ချရသည်။ ဝန်လျှော့ခြင်းကို ၂၀၁၇ ခု၊ မတ်လအထိ လုပ်ရသည်။ ၂၀၁၈ ရောက်သော် ဒရုန်းထုတ်ကုန်များကို ထုတ်တော့မည်မဟုတ်ဟု ကြေညာသည်။
လက်ရှိကာလ၌ ဂိုးပရိုကို ရောင်းချရန် အသင့်ရှိသည်ဟု ဝုဒမန်းက ကြေညာသည်။
အားနက်အင်ယန်း (Ernst & Young) စွန့်ဦးတီထွင်ဆုကို ၂၀၁၃ ခုတွင် ရသည်။ အဖိုးနည်းဝန်ပါ ကန်ကော်ဒါ ထုတ်လုပ်သည့်အတွက် နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အမ်မီဆုကို ဂိုးပရိုနှင့်ပင် ၂၀၁၄ ခု၌ ရသည်။
ဂျေး ကော်လီနှင့် လက်ထပ်ရာ သားသမီး ၃ ယောက်ရှိပြီး ကာလီဖိုးနီးယားပြည်နယ်၊ ဝုဒဆိုက်မြို့၌ နေထိုင်လျက် ရှိသည်။
This article uses material from the Wikipedia မြန်မာဘာသာ article နစ် ဝုဒမန်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.