ခြူးလေး

ခြူးလေး (အင်္ဂလိပ်: Chue Lay; ၅ အောက်တိုဘာ ၁၉၉၃ မွေး)သည် ယခင်က နေအဉ္ဇရာဟု သိခဲ့ကြပြီး၊ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများလာသော မြန်မာ သရုပ်ဆောင် ဖြစ်သည်။ မိုးပန်းပွင့်ရဲ့သင်္ကေတ ရုပ်ရှင်၌ ဇာတ်ရုပ်ကျအောင် သရုပ်ဆောင်နိုင်မှုကြောင့် ၂၀၁၈ ခုနှစ်မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် လျာထားခံရသည်။

ခြူးလေး
ခြူးလေး
၂၀၂၀ မှာ တွေ့ရတဲ့ခြူးလေး
မွေးဖွားစန်းသော်တာ
(1993-10-05) အောက်တိုဘာ ၅၊ ၁၉၉၃ (အသက် ၃၀)
သံတွဲ, ရခိုင်ပြည်နယ်, မြန်မာ
နိုင်ငံလူမျိုးဗမာ
မိခင်ကျောင်းရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၂-ယနေ့ထိ
အရပ်၅ ft ၄ in (၁.၆၃ m)

အစောပိုင်းဘဝနှင့် ပညာရေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သံတွဲမြို့၌ ၁၉၉၃ အောက်တိုဘာ ၅ တွင် ခြူးလေးကို မွေးဖွားသည်။ အမည်မှာ စန်းသော်တာ၊ မွေးချင်းနှစ်ယောက်အနက် အကြီး ဖြစ်ကာ၊ မောင် ရှိသည်။ အင်းစိန် အမှတ်(၄)အခြေခံပညာအထက်ကျောင်း၌ ပညာသင်ယူသည်။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာအထူးပြုဖြင့် ဘွဲ့ရသည်။

အနုပညာ

၂၀၁၂-၂၀၁၃: ပွဲဦးထွက်ကာလ

၂၀၁၂ တွင် မျက်နှာသစ်သရုပ်ဆောင်ရွေးချယ်ပွဲ ဖြစ်သော ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာ ၌ ဝင်ရောက်ယှဉ်ပြိုင်သည်။ ထို့နောက် MRTV-4 ရုပ်သံနှင့် ငါးနှစ်စာချုပ် ချုပ်သည်။ ကြယ်တာရာတိုက်ပွဲရုပ်ရှင်၌ သရုပ်ဆောင်သင်တန်းမှ သူငယ်ချင်းများနှင့်အတူ ပွဲဦးထွက်လာသည်။ ၎င်းနောက်၊ ဟိန်းဝေယံအပြိုင် အင်တင်တင်ဂွင်၌လည်းကောင်း၊ ပြေတီဦးနှင့်အပြိုင် Twist ၌လည်းကောင်း သရုပ်ဆောင်သည်။

၂၀၁၄: ရေပန်းစားမှု

၂၀၁၄၊ သူမ၏ ၂၀၁၄ ဖေဖော်ဝါရီ MRTV-4 မှ ထုတ်လွှင့်သော ပွဲဦးထွက် ရုပ်သံ ထာဝရမန္တလေး၌ သရုပ်ဆောင်ရာ၊ အောင်မင်းခန့်၊ ဟန်လင်းသန့်၊ အောင်ရေချမ်း၊ မေမီကျော်ကျော်တို့နှင့်အတူ အဓိကဇာတ်ရုပ်တွင် ပါဝင်သည်။ ဤဇာတ်လမ်းတွဲသည် မြန်မာရုပ်သံဇာတ်လမ်းတွဲသမိုင်းတွင် အကြီးအကျယ် အောင်မြင်မှု ရရှိသည်။ နောက် ဒုတိယရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော ပန်းနုသွေး(ဇာတ်ထုပ် ၂)၌ ပါဝင်ရာ၊ ထိုနှစ်မှာပင် MRTV-4 က ထုတ်လွှင့်သည်။ ထိုတွင် သူ့ဇာတ်ရုပ်ဖြစ်သော ခြူးလေးကို ဝိုင်းဝန်း၍ အားပေးကြရာ၊ လူအများပါးစပ် ရေပန်းစားလာသည်။ နောက်ပိုင်းတွင် သူ့အမည်ကို နေအဉ္ဇရာမှ ခြူးလေးဟု ပြောင်းသည်။

၂၀၁၅-မျက်မှောက်: ရုပ်ရှင်ကားကြီး၌ ပါဝင်ခြင်း

၂၀၁၅ တွင်၊ ဟန်လင်းသန့်၊ မေမြင့်မိုရ်တို့နှင့် အပြိုင် မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီးနေရာ၌ ဦးစွာ သရုပ်ဆောင်လာသည်။ ၂၀၁၈ စက်တင်တာ ၁၄ ၌ ရုံတင်ပြသရာ၊ ၂၀၁၈ မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် စကာတင်စာရင်း ဝင်သွားသည်။

ထို့နောက် လူရည်ချွန် (၂၀၁၅)၊ ၂၀၁၆ တွင် ပို၍လှသောမနက်ဖြန်ကံကံ၏အကျိုး၊ ၂၀၁၈ တွင် ရသမော်ကွန်းအလင်္ကာရွှေဖူးစာဆုံရာမြေ၊ Happy Beach: Season 2၊ ၂၀၁၉ တွင် ချစ်ရပါသောနွေနွေလယ်ညရဲ့လမင်းဟူသော မြောက်မြားလှသော ရုပ်သံစီးရီးများတွင် ပါဝင်လာသည်။ ၂၀၁၉ တွင် ကျော်ကြားအမွှေစိန်ဝိဉာဉ်၊ ၂၀၂၀ တွင် သောင်းတိုက်ကကြားစေသား ရုပ်ရှင်တို့တွင် ပါဝင်သည်။ စာရေးဆရာမ ခင်နှင်းယု ရေးသော နာမည်ကျော် ဝတ္ထုဖြစ်သည့် သရဖူ ဇာတ်လမ်းတွဲတွင် ပါဝင်သည်။

ရုပ်ရှင်ရုပ်သံ

ရုပ်ရှင်

ခုနှစ် ဇာတ်ကားအမည် ဇာတ်ကောင် တွဲဖက်သရုပ်ဆောင် မှတ်ချက်
၂၀၁၂ ကြယ်တာရာတိုက်ပွဲ ပွဲဦးထွက်ရုပ်ရှင်
၂၀၁၃ အင်တင်တင်ဂွင် ဟိန်းဝေယံ
Twist ပြေတီဦး
၂၀၁၄ ကောက်ကြောင်းမျဉ်းပြိုင် နေတိုး ဝတ်မှုံရွှေရည် ဇေရဲထက်

ရုံတင်ရုပ်ရှင်

ခုနှစ် ရုပ်ရှင်အမည် မှတ်ချက်
၂၀၁၈ မိုးပန်းပွင့်ရဲ့သင်္ကေတ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုစာရင်းဝင်
၂၀၁၉ ကျော်ကြားအမွှေစိန် ဝိညာဉ်
ဘာညာဘာညာ
၂၀၂၀ သောင်းတိုက်ကကြားစေသား

ရုပ်သံ

ခုနှစ် ဇာတ်လမ်းတွဲအမည် ကွန်ယက် မှတ်ချက်
၂၀၁၄ ထာဝရမန္တလေး MRTV-4
၂၀၁၅ ပန်းနုသွေး အတွဲ၂ MRTV-4
လူရည်ချွန် MRTV-4
၂၀၁၆ ပို၍လှသောမနက်ဖြန် MRTV-4
ကံ ကံ၏အကျိုး MRTV-4
၂၀၁၇ ပဉ္စလက်ရွာ MRTV-4
၂၀၁၈ ရသ ​မော်ကွန်း အလင်္ကာ MRTV-4
ရွှေဖူးစာဆုံရာမြေ MRTV-4
Happy Beach: Season 2 MRTV-4
၂၀၁၉ ချစ်ရပါသောနွေ MRTV-4
နွေလယ်ညရဲ့လမင်း MRTV-4

ဆုနှင့် စကာတင်

ခုနှစ် ဆု အမျိုးအစား လက်ရာ ရလဒ်
၂၀၁၈ မြန်မာရုပ်ရှင်အကယ်ဒမီဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်
၂၀၁၈ ကြယ်ပွင့်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်
၂၀၁၈ ကြယ်ပွင့်ဆု အကောင်းဆုံးအမျိုးသမီးမျက်နှာသစ်ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ခြူးလေး အစောပိုင်းဘဝနှင့် ပညာရေးခြူးလေး အနုပညာခြူးလေး ရုပ်ရှင်ရုပ်သံခြူးလေး ဆုနှင့် စကာတင်ခြူးလေး ကိုးကားခြူးလေး ပြင်ပလင့်ခ်များခြူးလေးအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

အေ (အက္ခရာ)အာရှဆားပုလင်းနှင်းမောင်အမြောက်ရှမ်းပြည်တပ်မတော်-တောင်ပိုင်းMinecraftမွန်ဘာသာစကားမြန်မာနိုင်ငံရှိ ခရိုင်များဗောဇ္ဈင်္ဂသုတ်အိုဇုန်းလွှာမိမိကိုယ်ကို သတ်သေခြင်းသရေခေတ္တရာဝန်စိတ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံရှိ တံတားများနေပြည်တော်မြို့ညောင်ရေသွန်းပွဲအပူကမ္ဘောဒီးယားနိုင်ငံအာဇာနည်နေ့အနော်ရထာငါးပါးသီလနတ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဂြိုဟ်ဘီလူးကာလာမသုတ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များလိင်တူစုံမက်ခြင်းတနင်္သာရီမြို့မိုင်းခရပ်ဖ်မကွေးတိုင်းဒေသကြီးနွားမိုးကုတ်တရားချဉ်ပေါင်ဘုရင့်နောင်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါရှင်ပြုခြင်းစိန်ပြောင်းကထိန်၃၈ ဖြာ မင်္ဂလာစက္ကဝတ္တိသုတ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များခရစ်ယာန်ဘာသာသာယာဝတီမင်းတစ်ကိုယ်ရည်အာသာဖြေခြင်းမြန်မာနိုင်ငံရှိ မြို့နယ်များအပြင် ၃၇ မင်းတစ်သောင်းကျပ်တန် ငွေစက္ကူအာဆီယံထိပ်သီးအစည်းအဝေးကလောမြို့တိုကျိုမြို့ဦးပုညဟင်္သာတထွန်းရင်တယ်လီဖုန်း ကုတ်နံပါတ်မြန်မာနိုင်ငံ၏ အမည်များကင်ဆာရောဂါမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများစကောကရင်ဘာသာစကားမင်းကျင့်တရားပြည်မြို့အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကောသလမင်း အိပ်မက် (၁၆)ချက်ဝ လူမျိုးတပ်မတော်အသုံးလုံးတွံတေးမြို့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ပုလွေမှုတ်ခြင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းမဟာဘူတရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ကချင်လွတ်မြောက်ရေးတပ်မတော်ဟိန္ဒူဘာသာ🡆 More