ကွန်ပျူတာ ကွန်ယက်

ကွန်ပျူတာ ကွန်ယက်ကို ပုံမှန်အားဖြင့် ကွန်ယက်ဟုသာ အလွယ်တကူ ခေါ်ဆိုလေ့ ရှိကြပြီး ကွန်ပျူတာနှင့် အခြား အီလက်ထရွန်းနစ် ကိရိယာများကို ဆက်သွယ်ရေး ချန်နယ်များဖြင့် တွဲဆက်ထားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကွန်ယက်များသည် အသုံးပြုသူများအား ဆက်သွယ်ရာတွင် လွယ်ကူစေရေးနှင့် အရင်းအမြစ်များကို ဝေမျှ သုံးစွဲနိုင်စေရေး အတွက် အကူအညီ ပေးသည်။

ကွန်ပျူတာကွန်ယက် သို့မဟုတ် ဒေတာ ကွန်ယက် ဆိုသည်မှာ ကွန်ပျူတာ အချင်းချင်း အချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်သည် အဝေး ဆက်သွယ်ရေး ကွန်ယက် တစ်ခု ဖြစ်သည်။ ကွန်ပျူတာ ကွန်ယက်တွင် ကွန်ယက် ချိတ်ဆက်ထားသော ကွန်ပျူတာ များက ကွန်ယက် ဆက်ကြောင်း တွင် အချက်အလက်များကို ဟိုမှ သည်မှ ပေးပို့လေ့ ရှိသည်။ ကွန်ယက် အတွင်းမှ ပစ္စည်း တစ်ခုချင်းစီ ကြားတွင် ကြိုး သို့မဟုတ် ကြိုးမဲ့ ကြားခံနယ် တစ်ခု အသုံးပြု၍ ချိတ်ဆက် ကြသည်။ လူသိ အများဆုံး ကွန်ပျူတာ ကွန်ယက်မှာ အင်တာနက် ဖြစ်သည်။

အချက်အလက်များကို စတင် ထုတ်လွှတ်သော၊ လှည့်ပတ်ပို့ဆောင်ပေးသော သို့မဟုတ် အဆုံးသတ်သော ကွန်ယက် အတွင်းရှိ ကွန်ပျူတာ ကိရိယာများကို ကွန်ယက်၏ နုတ်ဒ်များ (nodes) ဟုခေါ်သည်။ နုတ်ဒ်များတွင် ဟို့စ် (hosts ) များ ဖြစ်သော ကွန်ပျူတာများ၊ ဖုန်းများ၊ ဆာဗာများအပြင် ကွန်ယက် ချိတ်ဆက်ရာတွင် အသုံးပြုသော ဟတ်ဒ်ဝဲလ်များလည်း ပါဝင်သည်။ ကိရိယာ နှစ်ခုသည် အခြား ကိရိယာတစ်ခုနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း ပြုလုပ်နိုင်ပါက ထိုကိရိယာနှစ်ခုသည် တိုက်ရိုက်ချိတ်ဆက်ထားသည် ဖြစ်စေ၊ မချိတ်ဆက်ထားသည် ဖြစ်စေ ကွန်ယက်ချိတ်ဆက်ထားသည်ဟု ခေါ်ဆိုနိုင်သည်။

ကိုးကား

Tags:

ကွန်ပျူတာ

🔥 Trending searches on Wiki မြန်မာဘာသာ:

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဗဒလင်းဂူငါးပါးသီလလင်းနို့ကယားပြည်နယ်မဟော်သဓာဇာတ်တော်မြန်မာနာမည်မြေပုံခင်ပွန်းကြီးဆယ်ပါးဥရောပအဆိပ်ပင်များကြေးမုံ သတင်းစာအောင်သူ (ဘောလုံးသမား)လောကနီတိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပုဗ္ဗဏှသုတ်မြန်မာကျပ်ငွေcxaieကမ္ဘာဂြိုဟ်သိမ်းငှက်သာယာဝတီမင်းမြဝတီမြို့နယ်ထိုင်းနိုင်ငံ၏ ပြည်နယ်များဂီတာရန်ကုန်တက္ကသိုလ်နှစ်ကျိပ်ရှစ်ဆူငါးမျိုးစိတ်များ စာရင်းအပူချိန်ဘဏ်ဂြိုဟ်စစ်ကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအာဇာနည် ခေါင်းဆောင်ကြီးများဗီယက်နမ်စစ်ပွဲပညာရေးဝန်ကြီးဌာနကလေးမြို့ရှစ်လေးလုံးအရေးအခင်းနဝရတ် ကိုးပါးကိန်းသျှင်မဟာ သီလဝံသဇီဝဇိုးငှက်မဏိစန္ဒာကချင်ပြည်နယ်တိုကျိုမြို့လိပ်ထက်ထက်မိုးဦးအိန္ဒြာကျော်ဇင်မန်ကျည်းကရင် အမျိုးသား အစည်းအရုံးဆေးခြောက်ဗောဇ္ဈင်ခုနစ်ပါးထမနဲပွဲစကားကြီး ဆယ်မျိုးမဟာဘူတမှော်ပညာအင်းဝမြို့ဗိုလ်ချုပ်မှူးကြီးအင်္ဂုလိမာလသုတ်ကမ္ဘောဇသာဒီရွှေနန်းတော်လေးဖြူအနောက်မြောက်တိုင်းစစ်ဌာနချုပ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၃၈ ဖြာ မင်္ဂလာလိင်တူစုံမက်ခြင်းကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဥဩဘကြီးတော်(စစ်ကိုင်းမင်း)စေတီပုထိုးများနေအဖွဲ့အစည်းရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးဆူးပုပ်ကြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိန်ထန်းရည်🡆 More