အလက်ဇေး နာဗာလ်နီ

အလက်‌ဇေး အာနာတိုလီဗစ်ရှ် နာဗာလ်နီ (အင်္ဂလိပ်: Alexei Anatolievich Navalny၊ ရုရှား: Алексей Анатольевич Навальный, IPA: ) သည် ရုရှားလူမျိုး အတိုက်အခံခေါင်းဆောင်၊ ရှေ့နေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသမားတစ်ဦးဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ သူ၏အစိုးရနှင့် ရုရှားပြည်တွင်းအဂတိလိုက်စားမှုတို့ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများပြုလုပ်ရာမှ လူသိများလာခဲ့သည်။ The Wall Street Journal မှ ပူတင်၏ အကြောက်ရဆုံးသော လူသား (The man Putin fears the most) ဟူ၍ပင် မှတ်တမ်းအတင်ခံရသူဖြစ်သည်။ ပူတင်သည်သူ့အား နာမည်တိုက်ရိုက်မခေါ်ဆိုဘဲ သွယ်ဝိုက်၍သာခေါ်ဆိုလေ့ရှိခဲ့သည်။ နာဗာလ်နီသည်ယခင်က ရုရှားအတိုက်အခံပူပေါင်းဆောင်ရွက်မှုကောင်စီ (Russian Opposition Coordination Council) ၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ အနာဂတ်၏ရုရှားပါတီ (Russia of the Future) ၏ ခေါင်းဆောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း (Anti-Corruption Foundation (FBK)) ကိုထည်ထောင်ခဲ့သူလည်းဖြစ်သည်။

အလက်ဇေး နာဗာလ်နီ
Alexei Navalny
Алексей Навальный
အလက်ဇေး နာဗာလ်နီ
အလက်ဇေး နာဗာလ်နီ (၂၀၁၁)
အနာဂတ်၏ရုရှားပါတီ၏ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၇ နိုဝင်ဘာ ၂၀၁၃
ယခင်လူနေရာစတင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖောင်ဒေရှင်း
တည်ထောင်သူ
တာဝန်သက်တမ်း
၉ စက်တင်ဘာ ၂၀၁၁ – ဇူလိုင် ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAlexei Anatolievich Navalny
၄ ဇွန် ၁၉၇၆
Butyn၊ Odintsovsky District၊ Moscow Oblast၊ Russian SFSR၊ ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှားနိုင်ငံ)
လူမျိုးရုရှား
နိုင်ငံရေးပါတီအနာဂတ်၏ရုရှားပါတီ (၂၀၁၈)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • Progress Party (၂၀၁၃–၂၀၁၈)
  • Yabloko (၂၀၀၀–၂၀၀၇)
ကြင်ဖော်(များ)ယူလီယာ နာဗာနာယာ (၂၀၀၀)
သားသမီး၂ ဦး
နေထိုင်ရာမော်စကိုမြို့
ပညာရေး
  • Peoples' Friendship University of Russia
  • Finance University under the Government of the Russian Federation
  • ယေးတက္ကသိုလ် (ဘွဲ့သင်တန်းမဟုတ်)
အလုပ်အကိုင်ရှေ့နေ၊ နိုင်ငံရေးသမား၊ လှုပ်ရှားသူ၊ ဘလော့ဂါ
ကျော်ကြားမှု
  • အနာဂတ်၏ရုရှားပါတီ၏ခေါင်းဆောင်
  • အဂတိလိုက်စားမှုတိုက်ဖျက်သူ
ဆုတံဆိပ်များYale World Fellow (၂၀၁၀)
လက်မှတ်အလက်ဇေး နာဗာလ်နီ
ဝက်ဘ်ဆိုဒ်Navalny.com
တမ်းပလိတ်:Infobox YouTube personality

နာဗာလ်နီသည် ယူကျုဘ်ပေါ်၌ subscriber ပေါင်း ၆ သန်းကျော်နှင့် တွစ်တာ၌ follower ပေါင်း ၂ သန်းကျော်ရှိသည်။ ထိုလူမှုကွန်ယက်များ၌သူသည် ရုရှားအစိုးရ၏ အဂတိလိုက်စားမှုများကို ဖော်ပြလျက်ရှိပြီး ထိုအစိုးရအားဆန့်ကျင်သည့် ဆန္ဒပြပွဲများကိုလည်း စီစဉ်လျက်ရှိသည်။ ၂၀၁၁ ခုနှစ် ရေဒီယိုအင်တာဗျူးတစ်ခုတွင်သူသည် ရုရှားအစိုးရ၏ပါတီဖြစ်သော စည်းလုံးသည့်ရုရှားပါတီ (United Russia) ကို "လူမိုက်နှင့်သူခိုးများပါတီ" ဟူ၍ဝေဖန်ခဲ့သည်။ နာဗာလ်နီနှင့် FBK အဖွဲ့သည် ရုရှားအုပ်ချုပ်သူများ၏ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လတွင် နာဗာလ်နီသည် He Is Not Dimon to You ဟူသောမှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ခဲ့၍ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) အားအဂတိလိုက်စားမှုဖြင့်စွပ်စွဲခဲ့ရာ နိုင်ငံအနှံ့ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင်နာဗာလ်နီသည် ငွေလိမ်မှုဖြင့် နိုင်ငံရေးလုပ်ငန်းများပြုလုပ်ခြင်းမှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ သို့သော် ၂၀၁၃ ခုနှစ် မော်စကိုမြို့၏မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲအရေအတွက်၏ ၂၇ ရာခိုင်နှုန်းကိုရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း နောက်ထပ်တစ်ကြိမ် ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ ထိုသို့ရပ်ဆိုင်းခြင်းများသည် သူအားနိုင်ငံရေးလောက၌မရှိစေလိုသောကြောင့် ပြုလုပ်ရသည်ဟူ၍ယုံကြည်ကြသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် နာဗာလ်နီသည် ၂၀၁၈ ခုနှစ် သမ္မတရွေး‌ကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုခဲ့သည်။ သို့သော် ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Electoral Commission (CEC)) သည် သူ့အားပိတ်ပင်တားမြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထိုကော်မရှင်သည် နာဗာလ်နီအား ၂၀၂၈ ခုနှစ်‌ရောက်မှသာလျှင် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဟုဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်သူသည် "Smart Voting" ဟူသောမဲပေးသည့်နည်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်သည် ရုရှားအစိုးရပါတီကို ဆန့်ကျင်သည့်သူများ၏ မဲများကိုပေါင်းစည်းစေခဲ့သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် နာဗာလ်နီသည် Novichok ဟူသောအဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရကာ ဆေးရုံသို့အ‌ရေးပေါ်တက်ရောက်ခဲ့ရသည်။ ထို့နောက်ဘာလင်မြို့ရှိဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရပြီး တစ်လကြာမျှကုသမှုခံယူခဲ့ရသည်။ နာဗာလ်နီသည်ပူတင်အား မိမိကိုအဆိပ်ခတ်၍ သတ်စေလိုခဲ့သည်ဟု စွပ်စွဲခဲ့သည့်အပြင် လေ့လာစုံစမ်းချက်များအရ Federal Security Service (FSB) မှ သူ့အားအဆိပ်ခတ်ခဲ့သည်ဟူ၍ဆိုခဲ့ကြသည်။ အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများသည် ထိုကိစ္စနှင့်ပက်သက်၍ ရုရှားအထက်လူကြီးများအား အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ရုရှားနိုင်ငံသို့ပြန်လာခဲ့ရာ သူ့အားရဲတပ်ဖွဲ့မှ ချက်ချင်းဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့အဖမ်းခံရပြီးနောက် ပူတင်၏ အဂတိလိုက်စားမှုများကို ဖော်ကျူးထားသော "ပူတင်၏နန်းတော်" (Putin's palace) ဟူသည့်မှတ်တမ်းရုပ်ရှင်ထွက်ပေါ်လာခဲ့ရာ နိုင်ငံအနှံ့ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်တွင် သူ့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲ့ခန့် ချမှတ်ခဲ့သည်။ ဥရောပလူ့အခွင့်အရေးတရားရုံး (European Court of Human Rights (ECHR)) သည်သူ့အားပြန်လည်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။

ရှင်းပြချက်မှတ်စုများ

ကိုးကားချက်များ

ပြင်ပလင့်ခ်များ

Tags:

en:Help:IPA for Russianဗလာဒီမီယာ ပူတင်ရုရှားနိုင်ငံအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကြာသပတေးဂြိုဟ်တောင်ပေါ်ခွေးပြင်ဦးလွင်မြို့ပထမ ကမ္ဘာစစ်အောက်ဆီဂျင်သာသနာတော်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ငွေတာရီဘိန်းစာပင်ဖားအရှေ့တောင်အာရှနိုင်ငံများအသင်းစုဖုရားလတ်လယ်တွင်းသား စောချစ်ချောင်းဆိုးခြင်းသမ္မာကျမ်းစာမြန်မာနိုင်ငံရှိ မြို့များကုန်းဘောင်မင်းဆက်တိုင်းစစ်ဌာနချုပ်ဗန်းမော်ဆရာတော်လှိုင်ထိပ်ခေါင်တင်မြောင်းမြမြို့ခုနစ်နေ့ဘုရားရှိခိုးပဋ္ဌာန်းသောမတ် အက်ဒီဆင်တိမ်မြသလွန်ဘုရားမြန်မာနိုင်ငံရှိ မြို့နယ်များခါကာဘိုရာဇီဗီယက်နမ်နိုင်ငံကျောက်တန်းရေလယ်ဘုရားသစ်တောရေသည်ပြဇာတ်တပ်မတော် (ကြည်း)ပဋိစ္စသမုပ္ပါဒ်သာမဏေဝီကီမြန်မာစာပေသာလွန်မင်းဘုရင့်နောင်တောင်ငူမင်းဆက်အင်းဝခေတ်ပဲခူးတိုင်းဒေသကြီးခွေးရူးပြန်ရောဂါအစ္စလာမ်ဘာသာဟောင်ကောင်ဆားနာဇီဂျာမနီဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းညောင်ရမ်းခေတ်ဆန်မြန်မာ သက္ကရာဇ်အောင်ဆန်းစုကြည်နှလုံးသွေးကြောကျဉ်းရောဂါဝေလငါးသက္ကာယဒိဋ္ဌိဘာသာတရားကချင်ပြည်နယ်အနေကဇာတင်ခြင်းရခိုင်ဘုရင်များ စာရင်းဘဂျမ်း (ကာတွန်း)ဘုရား (ဗုဒ္ဓဘာသာ)ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများပရိတ်ကြီး ၁၁ သုတ်တာလပေါဟင်းအမျိုးသားနေ့နန်းလုံးကြိုင်စိုင်းထီးဆိုင်ကမ္ဘောဒီးယားနိုင်ငံနေ့နံအီမီ ဖူကာဒါဘဉာဏ် (ပန်းချီဆရာ)မင်းကွန်းတိပိဋကဆရာတော်စတုဂံအေကေ-၄၇ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ🡆 More