တွစ်တာ: လူမှုကွန်ရက်

တွစ်တာ (အင်္ဂလိပ်: Twitter၊ တွတ်တာ ဟုလည်း စာလုံးပေါင်း) သည် အွန်လိုင်း သတင်းနှင့် လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်သည်။ မှတ်ပုံတင်ထားသော အသုံးပြုသူများသည် ယခင်က တွိစ် ဟုခေါ်သည့် စာလုံးရေ ၁၄၀ ထိသာ ရိုက်ထည့်နိုင်အောင် ကန့်သတ်ထားသော်လည်း ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာမှလွဲ၍ ကျန်ဘာသာစကားများကို စာလုံးရေ ၂၈၀ အထိ နှစ်ဆ တိုးမြှင့်ပေးခဲ့ပြီး ထိုစာတိုများကို ရေးတင်ခြင်း ပြုလုပ်နိုင်သည်။ မှတ်ပုံတင်မထားသော အသုံးပြုသူများကမူ ၎င်းတို့ကို ဖတ်ခြင်းသာ ပြုလုပ်နိုင်မည်။ အသုံးပြုသူများသည် တွစ်တာကို ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းလ် အက်ပ် သို့မဟုတ် ဖုန်းစာတိုပို့စနစ် (SMS) စသည့် နည်းလမ်းများဖြင့် သုံးနိုင်သည်။ တွစ်တာကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် တည်ရှိ၍၊ ကမ္ဘာတစ်ဝန်း ရုံးခွဲ ၂၅ ခုအထက် ရှိသည်။

တွစ်တာ
တွစ်တာ: လူမှုကွန်ရက်  တွစ်တာ: လူမှုကွန်ရက်
အမျိုးအစားအများပိုင် (အများနှင့် သက်ဆိုင်သော)
တည်ထောင်ခြင်းမတ် ၂၁၊ ၂၀၀၆; ၁၈ နှစ် အကြာက (၂၀၀၆-၀၃-21)
ဌာနချုပ်ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားအမေရိကန်ပြည်ထောင်စု
ကိုဩဒိနိတ်37°46′36″N 122°25′00″W / 37.7768°N 122.4166°W / 37.7768; -122.4166 122°25′00″W / 37.7768°N 122.4166°W / 37.7768; -122.4166
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်လွှား
တည်ထောင်သူ(များ)ဂျက် ဒေါ့ဆေး
နော့ရှ် ဂလက်စ်
ဘဇ် စတုန်း
အီဗင် ဝီလျံ
သဘာပတိအီလွန် မက်စ်
အမှုဆောင်အရာရှိချုပ်လင်ဒါ ယက္ကာရီနို
လုပ်ငန်းအင်တာနက်
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံ (၂၀၁၆)
ပိုင်ဆိုင်သူ
  • Odeo (၂၀၀၆)
  • Obvious Corporation (၂၀၀၆–၂၀၀၇)
  • Twitter, Inc. (၂၀၀၇–၂၀၂၃)
  • X Corp. (၂၀၂၃–လက်ရှိ)
ဝန်ထမ်းများ၃၈၆၀ (ဇွန်လ၊ ၂၀၁၆)
လက်အောက်ခံ ကုမ္ပဏီဗိုင်းန် (Vine)
ပယ်ရီစကုပ် (Periscope)
Alexa အဆင့်Decrease ၁၆ [၁] (ကမ္ဘာလုံးဆိုင်ရာ၊ ဖေဖော်ဝါရီလ ၂၀၁၇)
ဆိုဒ်အမျိုးအစားသတင်းနှင့် လူမှုကွန်ယက် ဝန်ဆောင်မှု
မှတ်ပုံတင်ခြင်းလိုအပ်
အသုံးပြုသူများIncrease ၅၃၅ သန်း (ဇွန် ၂၀၂၃)
ရရှိနိုင်သည့် ဘာသာစကားမျိုးစုံ (အများအပြား)
လွှင့်တင်သည့်နှစ်ဇူလိုင် ၁၅၊ ၂၀၀၆; ၁၇ နှစ် အကြာက (၂၀၀၆-၀၇-15)
လက်ရှိ အခြေအနေသက်ဝင်နေဆဲ

တွစ်တာကို ဂျက် ‌ဒေါ့ဆေး၊ နော့ရှ် ဂလက်စ်၊ ဘဇ် စတုန်းနှင့် အီဗင် ဝီလျံတို့က ၂၀၀၆ ခုနှစ်၊ မတ်လတွင် ဖန်တီးခဲ့ပြီး၊ ဇူလိုင်လတွင် စတင်လွှင့်တင်ခဲ့ရာ ကမ္ဘာအနှံ့ လူပေါင်းများစွာ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် သန်း ၁၀၀ မကသော တွစ်တာ အသုံးပြုသူများသည် တစ်နေ့လျှင် တွိစ်ပေါင်း သန်း ၃၄၀ ကို တင်ခဲ့ကြပြီး၊ "တွစ်တာရှာဖွေရေးစနစ်" တွင် တစ်နေ့လျှင် ရှာဖွေမှု အကြိမ်ရေပေါင်း ၁.၆ သန်းခန့် ဝန်ဆောင်မှုပေးခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် တွစ်တာသည် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် ၁၀ ခုထဲတွင် ပါဝင်ခဲ့ပြီး၊ "အင်တာနက်၏ ဖုန်းစာတိုပို့စနစ်" ဟု တင်စားခြင်းခံရသည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တွစ်တာသုံးသူဦးရေ သန်း ၃၁၀ အထိ ရှိလာသည်။ ၂၀၁၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲနေ့တွင် (အသုံးပြုသူများက ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီတွင် တွိစ်ပေါင်း သန်း ၄၀ တင်ခဲ့ခြင်းဖြင့်) တွစ်တာသည် အရေးကြီးသတင်းအချက်အလက်များ၏ ရင်းမြစ်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။ ယခုအခါ တွစ်တာကို မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် ထင်ရှားသော နိုင်ငံတကာ အနုပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ သတင်းဌာနများက ကျယ်ပြန့်စွာ အသုံးပြုနေကြသော်လည်း၊ မြန်မာနိုင်ငံတွင်မူ အသုံးနည်းနေသည်ဟု ဆိုရပေမည်။October 27, 2022 တွင် Elon Musk မှTwitter ကိုဝယ်ယူခဲ့သည်။

အခြားကြည့်ရန်

ကိုးကား

Tags:

ကယ်လီဖိုးနီးယားပြည်နယ်ကိုရီးယားဘာသာဂျပန်ဘာသာဆန်ဖရန်စစ္စကိုမြို့တရုတ်ဘာသာအင်္ဂလိပ်ဘာသာစကားအမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

သထုံမြို့မြန်မာ့ အစားအစာစနေဂြိုဟ်မုန့်ဟင်းခါးသီတင်းကျွတ်ပွဲတော်မြန်မာ့အလင်း သတင်းစာဟင်နရီဗန်ထီးယူဆိုရှယ်လစ်ဝါဒမြန်မာနိုင်ငံ၏ အလံများ စာရင်းဇီဝဇိုးငှက်ဆေးလိပ်ပင်းယမြို့တပ်မတော် (ကြည်း)ဆခွဲကိန်းသံချပ်ကာယန္တရားတပ်ဖွဲ့ကင်းထောက်ခြင်းဂျာနယ်ကျော် မမလေးစကားထာကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရသကမ္ဘာ့အကြီးဆုံးစာအုပ်ကယန်းလူမျိုးနည်းပညာနယ်ခြားစောင့်တပ်ဖွဲ့ကာမေသုမိစ္ဆာစာရမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာသီအလိုက်ပွင့်သောပန်းများဘင်္ဂလားဒေ့ရှ်နိုင်ငံဖေ့စ်ဘွတ်ခ်၁၀၂၇ စစ်ဆင်ရေးမြေပုံနန္ဒမာလာဘိဝံသကရင်ရိုးရာပွဲတော်များ၂၄ ပစ္စည်းကျောက်ချဉ်ကဆုန်လပြည့် ဗုဒ္ဓနေ့ပုသိမ်မြို့ကျန်းမာရေးရက္ခိုင့်တပ်တော်ဗဟိုစာမျက်နှာငါးပိလများ (အချိန်အတိုင်းအတာ)မြန်မာတိုင်းရင်းသားမျိုးနွယ်များကာကွယ်ရေးဦးစီးချုပ်(ရေ)သိမ်မေတ္တာရုရှားနိုင်ငံမိတ္ထီလာမြို့အောင်လသိမ်းငှက်ဗန်းစကားဂျူး (စာရေးဆရာမ)လိင်အဖြူဆင်းခြင်းနွေရာသီဝိနည်းဆူခွိုင်း ၃၀ရခိုင်လူမျိုးကုန်းဘောင်ခေတ်မိုးညှင်းမြို့ဝါးဓုတင်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များဘာသာတရားမြန်မာနိုင်ငံ၏ ပထဝီဝင်ခြင်းလုံး ကစားခြင်းကချင်လွတ်မြောက်ရေးတပ်မတော်ရာသီခွင်လွတ်လပ်ရေးကျောက်တိုင်သီလမြန်မာနိုင်ငံ၏ လူဦးရေမအင်္ဂါ အစေ့ထိုင်းနိုင်ငံ၏ ပြည်နယ်များမြန်မာ့သနပ်ခါးမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များ🡆 More