ဘိန်းစာပင်

ဘိန်းစာပင် (Mitragyna speciosa) သည် အပူပိုင်း အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်လေ့ရှိသည့် အပင်တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင် မူလပေါက်ရောက်သော ကော်ဖီမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အများသိကြသည့် အခြားအမည်မှာ ကထုန့် သို့ မဟုတ် ကရထုန့် (kratom) ဖြစ်သည်။ ဘိန်းစာပင် သည်အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ၂၅ မီတာ (၈၂ ပေ) အထိကြီးထွားနိုင်သည်။ ၎င်း၏ ပင်စည်သည် အချင်း ၀.၉ မီတာ (၃ ပေ) အထိကြီးထွားနိုင်သည်။ ပင်စည်သည် ယေဘုယျအားဖြင့်ဖြောင့်မတ်ပြီးအပြင်ဘက်အခေါက်သည်ချောမွေ့ကာ မီးခိုးရောင်ဖြစ်သည်။ အရွက်များသည်အစိမ်းရင့်ရောင်ရှိပြီးတောက်ပသည်။ ၁၄-၂၀ စင်တီမီတာ (၅.၅-၇.၉ လက်မ) ရှည်လျားပြီးအပြည့်အဝပွင့်သောအခါ ၇-၁၂ စင်တီမီတာ (၂.၈–၄.၇ လက်မ) ကျယ်နိုင်သည်၊ ovate-acuminate ပုံစံနှင့် ရွက်ကြော ၁၂- ၁၇စုံရှိပြီး ဆန့်ကျင်ဘက်ပုံစံ ကြီးထားကြသည်။ ပန်းပွင့်သည် အကိုင်းအခက်များအဆုံးတွင် သုံးစုတွင်ပေါက်သည်။ ဝတ်ဆံအိမ်သည် (calyx-tube) သည် ၂ မီလီမီတာ (၀.၀၈ လက်မ) ရှည်ပြီး ဝတ်ဆံခေါင်း ၅ခုရှိသည်၊ corolla-tube သည် ၂.၅–၃ မီလီမီတာ (0.098-0.12 in) ရှည်လျားသည်။

Mitragyna speciosa
ဘိန်းစာပင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Rubiaceae
မျိုးဇာတ်: Naucleeae
မျိုးစု: Mitragyna
မျိုးစိတ်:
M. speciosa
ဒွိနာမ
Mitragyna speciosa
(Korth.) Havil.
Synonyms
  • Nauclea korthalsii Steud. nom. inval.
  • Nauclea luzoniensis Blanco
  • Nauclea speciosa (Korth.) Miq.
  • Stephegyne speciosa Korth.

အသုံးပြုမှုများ

ဘိန်းစာမှုန့်
(အင်္ဂလိပ်: Kratom)
ဘိန်းစာပင် 
အပင်တစ်ရှူးအမျိုးမျိုးမှ ထုတ်လုပ်ထားသော အမှုန့်
အပင်၏အစိတ်အပိုင်းအရွက်
မူရင်းဇာတိအရှေ့တောင်အာရှ
Active ingredients
အဓိကထုတ်လုပ်သူများ
အဓိက စားသုံးသူများကမ္ဘာတဝှမ်း (နံပါတ်-၁: ထိုင်းနိုင်ငံ)
လက်လီဈေး၁၀ ဂရမ်လျှင် ၆-၁၅ (EU; as of 2011)
တရားဝင်မှုအခြေနေ

ဘိန်းစာပင်၏ အပင်ထွက်များကို ထိုင်း၊ အင်ဒိုနီရှား၊ မလေးရှားမြန်မာနှင့် ပါပူအာနယူးဂီနီနိုင်ငံ ရှိ ‌‌ဒေသခံတိုင်းရင်းသားများက တိုင်းရင်းဆေးအဖြစ်အသုံးပြုလာသည်မှာ လွန်ခဲ့သည် ၁၉ ရာစုကတည်းကပင် ဖြစ်သည်။ ဘိန်းစာပင်တွင် ဘိန်းကဲ့သို့ မိန်းမောစေသော ဓာတ်ပါပြီး လန်းဆန်းတတ်ကြွစေသည့် သတ္တိ နှစ်မျိုးလုံး ဖြစ်စေတတ်သည်။

၂၀၀၈ ခုနှစ်စစ်တမ်းအရ ဘိန်းစာပင်၏ ကျန်းမာရေး အကျိုးသက်ရောက်မှုရှိခြင်း နှင့် အန္တရာယ်ကင်းသည် ဆိုသည်မှာ မရှင်းလင်းချေ၊ သုတသနေပြုလုပ်ထားမှု အနည်းငယ်သာ ရှိသည့်အတွက် ဆေးဝါးကုသရေးပစ္စည်းအဖြစ် အသုံးပြုရန် အတည်မပြုထားချေ။ ၂၀၁၉ ခုနှစ် အမေရိကန် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဌာနက မည်သည့်အခြေအနေတွင်မဆို ကုသရေးတွင် အန္တရာယ်ကင်းသည် သို့မဟုတ် ထိရောက်မှုရှိသည်ဟူသော အထောက်အထားမရှိဟု ထုတ်ပြန်ပြောကြားထားသည်။ အချို့လူနာများက နာတာရှည် နာကျင်မှုများကို ကုသရန်၊ ဘိန်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများကို ကုသရန်နှင့် စိတ်အပန်းဖြေရန်အတွက် ဆေးဝါးအဖြစ်အသုံးပြုကြသည်။ အကျိုးသက်ရောက်မှုသည် ပုံမှန်အားဖြင့် ငါးမိနစ်မှဆယ်မိနစ်အတွင်းစတင်ပြီး နှစ်နာရီမှ ငါးနာရီအထိ ကြာမြင့်သည်။

ယေဘုယျ အသေးစား ဘေးထွက်ဆိုးကျိုး မှာ အစာစားချင်စိတ်မရှိခြင်းဖြစ်ပြီး ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးမှာ လိင်အင်္ဂါ ထောင်မတ်မှုအား ကမောက်ကမဖြစ်စေခြင်း၊ ဆံပင်ကြွတ်ခြင်းနှင့် ဝမ်းချုပ်ခြင်း တို့ ဖြစ်ကြသည်။ ပိုမိုတိကျသော ဘေးထွက်ဆိုးကျိုများမှာ အသက်ရှူနှုန်းနှေးခြင်း၊ တတ်ခြင်း၊ ဆေးစွဲလမ်းခြင်း နှင့် စိတ်မူမမှန်ခြင်း တို့ ပါဝင်သည်။ အခြား ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးခုန်နှုန်းမြင့်မားခြင်း နှင့် သွေးပေါင်ချိန်တက်ခြင်း၊ အိပ်စက်ခြင်းအား အနှောက်အယှက်ဖြစ်ခြင်းနှင့် အသည်းအဆိပ်သင့်ခြင်းတို့ ပါဝင်နိုင်သည်။ သုံးစွဲခြင်းအား ရပ်တန့်လိုက်ပါက ဆေးဖြတ်ခြင်း လက္ခဏာများ ခံစားရနိုင်သည်။ ဘိန်းစာရွက်ချည်းသက်သက် အသုံးပြုခြင်း နှင့် အခြား ပစ္စည်းများဖြင့်‌ ရောနှောအသုံးပြုခြင်းကြောင့် သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။ ပြင်းထန်သော အဆိပ်အတောက်ဖြစ်စေမှုမှာ ရှားပါးပြီး ယေဘုယျအားဖြင့် ဆေးပမာဏအမြောက်အမြားအသုံးပြုခြင်း သို့မဟုတ် ဘိန်းစာရွက်ကို အခြားပစ္စည်းများနှင့် အသုံးပြုသောအခါ၌ ဖြစ်စေတတ်သည်။

နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဘိန်းစာအပင်နှင့်အရွက်အား တရားမဝင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း FDA က ဘိန်းစာရွက်အား ဖြည့်စွက်စာအဖြစ် အသုံးပြုရန် တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းကို တားမြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ ဘိန်းစာရွက် အသုံးပြုခြင်းမှ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများတိုးများလာနေသည်။ အချို့သောတရားစီရင်မှုများတွင် အဆိုပါအရွက်နှင့်အပင် ရောင်းချခြင်းနှင့်တင်သွင်းခြင်းကို ကန့်သတ်ထားသည်။ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များကလည်း သတိပေးချက်များထုတ်ပြန်ခဲ့ကြသည်။

ကိုးကား

Tags:

ကော်ဖီအရှေ့တောင်အာရှ

🔥 Trending searches on Wiki မြန်မာဘာသာ:

မွန်ဂိုသမ္ဗုဒ္ဓေအရက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးUniversal Music Groupအသောကမင်းထိုင်းဘတ်ငွေစစ်မှုထမ်းခြင်းကလောမြို့ရန်ကုန်မြို့စစ်ပင်ကရင်ပြည်နယ်Big Bagဂန္ထဝင်ဘီလူးစီးခြင်းအီဂျစ်နိုင်ငံဗျည်းမြန်မာနိုင်ငံ၏ လူဦးရေလိင်မှတဆင့် ကူးစက်တတ်သော ရောဂါလက်ပံတောင်းတောင်အစီရင်ခံစာစုန်းကဝေအတတ်အရေပြားလေးဘက်နာရောဂါကားအက်တမ်မြန်မာနိုင်ငံ၏ စီးပွားရေးတရားလစ်ဗျားနိုင်ငံရှစ်လေးလုံးအရေးအခင်းမစန္ဒာဘန်ကောက်မြို့မိတ္ထီလာမြို့ဝီကီပီးဒီးယားပြင်သစ်နိုင်ငံတိုက်လိင်စိတ် နိုးထခြင်းကျုံးနှင်းဆီစကားဘုရားဂုဏ်တော်မော်လမြိုင်မြို့သမုဒ္ဒရာမီရှဲလ် အိုဘားမားငါး (တိရစ္ဆာန်)အန်ကောဝပ်လောကနီတိသိပ္ပံပညာကာကွယ်ရေးဝန်ကြီးဌာနမုန်းစွဲ (ရုပ်ရှင်)သူငယ်နာသာမညဆရာတော်ဆိုရိုးစကားယူဂန်ဒါနိုင်ငံပြည်ထောင်စုနေ့ထားဝယ်လူမျိုးကွန်တိုမျဉ်းမင်းသုဝဏ်ဂျပန်ကိုလိုနီခေတ်အပါယ်လေးဘုံမြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်အင်္ဂလန်နိုင်ငံဗမာပြည် ကွန်မြူနစ်ပါတီစစ်တက္ကသိုလ် (ပြင်ဦးလွင်)တရားဂုဏ်တော်တွံတေးသိန်းတန်သင်္ဂါယနာမန္တလေး နန်းတော်ဇီးကွက်လီဆာစောမွန်လှကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဧရာဝတီတိုင်းဒေသကြီးပီမိုးနင်းငါးရာ့ငါးဆယ် နိပါတ်တော်အစ္စလာမ်ဘာသာမင်းကွန်းတိပိဋကဆရာတော်အမျိုးသားနေ့🡆 More