ဟွန်ရှူးကျွန်း

ဟွန်ရှူးကျွန်းသည် ဂျပန်နိုင်ငံ၏ ပင်မကျွန်း နှင့် အကြီးဆုံးကျွန်း ဖြစ်သည်။ ဟော့ကိုင်းဒိုးကျွန်း၏ တောင်ဘက် ဆုဂါရု ရေလက်ကြားခြား၍ တည်ရှိပြီး ရှိကိုးကုကျွန်း၏ မြောက်ဘက် ကုန်းတွင်းပင်လယ် ခြားလျှက် တည်ရှိကာ ကျူရှူးကျွန်း၏ အရှေ့မြောက်ဘက် ကန်မွန်ရေလက်ကြားခြားလျှက် တည်ရှိသည်။ ဟွန်ရှူးကျွန်းသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံး ကျွန်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံး ကျွန်းဖြစ်သည်။

ဟွန်ရှူးကျွန်း
ဟွန်ရှူးကျွန်းမြေပုံ

၂၀၀၅ ခုနှစ်တွင် လူဦးရေ ၁၀၃ သန်း ရှိပြီး မြေနိမ့်ပိုင်းဒေသများတွင် စုစည်းနေထိုင်ကြသည်။ ကန်တိုလွင်ပြင် တိုကျိုမြို့ယိုကိုဟားမားမြို့၊ ဆိုင်းတမမြို့၊ ချိဘမြို့တို့ ပါဝင်သော မဟာတိုကျိုဒေသတွင် ၂၅ ရာခိုင်နှုန်း နေထိုင်ကြသည်။ နိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ငန်း အများစုမှာ တိုကျိုမှ ဟွန်ရှူးကျွန်း၏ တောင်ဘက် ကမ်းရိုးတန်း မြို့များရှိရာ လမ်းကြောင်းတလျှောက်တွင် ရှိကြသည်။ ထိုဒေသကို တိုင်ဟဲအိယို ခါးပတ်ဟု ခေါ်ပြီး ကျိုတိုမြို့အိုဆာကာမြို့နာဂိုယာမြို့၊ ကိုဘေးမြို့နှင့် ဟီရိုရှီးမားမြို့ တို့ ပါဝင်သည်။

အနောက်မြောက်ဘက် ဂျပန်ပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြသည်။ နီအီဂါတာသည် ဆန်စပါးစိုက်ပျိုးရာ အဓိက နေရာဖြစ်သည်။ ကန်တိုးနှင့် နိုးဘိ လွင်ပြင်တို့တွင် စပါးနှင့် အသီးအနှံများ စိုက်ပျိုးထုတ်လုပ်ကြသည်။ ယာမာနာရှိသည် အဓိက သစ်သီးစိုက်ပျိုးရာ ဒေသဖြစ်ပြီး အာအိုမိုရီသည် ပန်းသီး စိုက်ပျိုးမှုဖြင့် ထင်ရှားသည်။

ထင်ရှားသော သမိုင်းဝင်နေရာများမှာ ကျိုတို၊ နာရာနှင့် ကမာကူရ တို့ဖြစ်သည်။ နာမည် ကျော်ကြားသော ဖူဂျီတောင်သည်လည်း ဟွန်ရှူးကျွန်းတွင် ရှိသည်။

Tags:

ဂျာဗားကျွန်းဟော့ကိုင်းဒိုးကျွန်းအင်ဒိုနီးရှားနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

နန္ဒမာလာဘိဝံသအာဠာဝကဘီလူးနေပြည်တော် ပြည်ထောင်စုနယ်မြေကွန်ဒုံးတရားအင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်သထုံမြို့ကချင်လူမျိုးလာအိုနိုင်ငံဗိဿနိုးမြို့ဟောင်းဟင်္သာတထွန်းရင်ဟန်နီနွေဦးခုနစ်စဉ်ကြယ်စေတသိက်နွေရာသီညောင်ရေသွန်းပွဲငါးပိသောကြာဂြိုဟ်အာဇာနည်ခြောက်မျိုးသေမင်းတမန် ရထားလမ်းတီဘီရောဂါကမ္ဘောဒီးယားနိုင်ငံတွံတေးမြို့နေအဖွဲ့အစည်းလင်းပိုင်သနပ်ခါးဆွီဒင်နိုင်ငံမောရသုတ်စီးပွားရေးပါဠိပြည်သူ့ခုခံတော်လှန်စစ်အချိန်၊ မြန်မာ့ရိုးရာခြင်းလုံးပဲခူးမြို့ဘာဂျာမှုတ်ခြင်းဗမာပြည် ကွန်မြူနစ်ပါတီနရသီဟပတေ့စင်ကာပူနိုင်ငံမြန်မာ စံတော်ချိန်နိဗ္ဗာန်ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာတရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက် (သစ်ပင်)စွမ်းအင် ဝန်ကြီးဌာနဂုဏ်ဆယ်ပါးရန်ကုန်တိုင်းဒေသကြီးဆားဝေလနိုင်ငံအနတ္တလက္ခဏသုတ်သက်ရှိဆီးချိုရောဂါမကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ ရပ်ကွက်များပင်လောင်းမြို့မြန်မာပန်းချီလေးဖြူလိုင်ဇာမြို့ဝေဿန္တရာဇာတ်တော်ပေပင်တောက်တဲ့ဆိုင်းဝိုင်းမောင်စွမ်းရည် (စာရေးဆရာ)ဘားအံမြို့ရူပဗေဒဗီယက်နမ်နိုင်ငံအိုမန်နိုင်ငံပြည်မြို့တစ်သောင်းကျပ်တန် ငွေစက္ကူပုဂံမြို့ဟောင်းရာသီဥတုမြန်မာနိုင်ငံ၏ အလံများ စာရင်းကာလာမသုတ်ပလတ်စတစ်ကောလိပ်ဂျင်နေဝင်းကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများလီယွန်နယ် မက်ဆီမုန့်လုံးရေပေါ်🡆 More