ဟာရူကီ မူရာကာမီ (ဂျပန်: 村上 春樹) (၁၉၄၉ ခု၊ ဇန်နဝါရီ ၁၂ ဖွား) သည် ဂျပန် စာရေးဆရာ နှင့် ဘာသာပြန် စာရေးဆရာ တစ်ဦး ဖြစ်သည်။ သူ၏ ဝတ္ထုနှင့် ဝတ္ထုမဟုတ်သော စာအုပ်များသည် ပရိသတ်တို့၏ တခဲနက် အားပေးမှုသာမက ဖရန့်ဇ် ကပ်ဖ်ကာ ဆု နှင့် ဂျေရုဆလင် စာပေဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၈ စက်တင်ဘာ ၂၀၁၈) |
မူရာကာမီ၏ ဝတ္ထုများသည် ဟာသမြောက်ပြီး သရုပ်မှန်လွန် သော သဘောရှိသည်။ တသီးတခြား ဖြစ်ခြင်း နှင့် အထီးကျန်ဆန်ခြင်းကို အဓိကပြုသည်။ သူသည် ပို့စ်မော်ဒန် စာပေလှုပ်ရှားမှုတွင် အရေးပါသော သူ တစ်ယောက် ဖြစ်သည်။ ဂါးဒီးယန်း သတင်းစာမှ မူရာကာမီအား "ကမ္ဘာပေါ်ရှိ သက်ရှိထင်ရှား ရှိနေသေးသော ဝတ္ထုရေး ဆရာများထဲမှ တစ်ဦး" ဟု ချီးကျူး ပြောဆိုခဲ့သည်။
မူရာကာမီ၏ ဝတ္ထုများကို မြန်မာ စာရေးသူတို့က အောက်ပါအတိုင်း ပြန်ဆိုခဲ့ကြသည် −
ခေါင်းစဉ် | ဘာသာပြန် ခေါင်းစဉ် | ပြန်ဆိုသူ | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|---|---|
1Q84 | 1Q84 | မယ်ကျွိ | ၂၀၁၉ | မဟာစာပေ | အပိုင်း ၁ |
The Strange Library | ထူးဆန်းသော စာကြည့်တိုက် | စေတ | |||
Kafka on the Shore | သဲငွေသောင်မှကက်ဖ်ကာ ကမ်းခြေမှ ကတ်ဖ်ကာ | ရဲမြလွင် မိုးသက်ဟန် | |||
Sputnik Sweetheart | စပွတ်နစ် ချစ်သည်း | ဒီနိုဗို | |||
Norwegian Wood | နော်ဝေတောအုပ် | မိုးသက်ဟန် | ၂၀၁၂ | စံမီရာ စာအုပ်တိုက် | ပထမအကြိမ် |
နော်ဝေဂျီယန်ဝုဒ် | မိုးသက်ဟန် | ၂၀၁၇ | ကံ့ကော်ဝတ်ရည် စာအုပ်တိုက် | ဒုတိယအကြိမ် | |
နော်ဝေပြည်မှစုံတောမြိုင် | ရဲမြလွင် | ||||
The Elephant Vanishes | ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း | ဒီနိုဗို | |||
Blind Willow, Sleeping Woman | မိုးမခတောထဲ အိပ်မောကျနေဆဲ မိန်းကလေးနှင့် အခြားဝတ္ထုတိုများ | ဒီနိုဗို | |||
Killing Commendatore | စစ်သူကြီးကို သတ်ပစ်ခြင်း | ရဲမြလွင် | |||
Murakami Radio | မူရာကာမိ ရေဒီယို | နိုင်းနိုင်းစနေ | ၂၀၁၇ | Synergy Publications | |
South of the Border, West of the Sun | နယ်ခြားတောင်ဘက်၊ နေမင်းနောက်ဘက် | မိုးသက်ဟန် | |||
The Last Lawn of the Afternoon | နောက်ဆုံးရိတ်ခဲ့သော မြက်ခင်း | နေမျိုးဆေး ဒီနိုဗို | |||
What I Talk About When I Talk About Running | အပြေးအကြောင်းပြောရင်း ပြောဖြစ်တာတွေ | ဒီနိုဗို | |||
Town of Cats | ကြောင်တွေရဲ့ မြို့ | တေဇာ (လရောင်လမ်း) | ၂၀၁၈ | နှစ်ကာလများ စာအုပ်တိုက် | |
Colorless Tsukuru Tazaki and His Years of Pilgrimage | အရောင်မဲ့ သူ၏ လွမ်းတေးသံစဉ် | ရဲမြလွင် | ၂၀၁၆ | ကံ့ကော်ဝတ်ရည် စာပေ | |
Pinball, 1973 | ပင်ဘော၊ ၁၉၇၃ ပင်ဘောလုံး၊ ၁၉၇၃ | မိုးသက်ဟန် ရဲမြလွင် | ၂၀၁၆ | ကံ့ကော်ဝတ်ရည် စာပေ | |
After the Quake | ငလျင်အလွန် ဝတ္ထုတိုများ | ကျော်လင်းဆွေ | ၂၀၁၈ | ခြူးခြူး စာအုပ်တိုက် | |
Hear the Wind Sing | လေပြေကလေး၏တေးဆိုသံ | ရဲမြလွင် | |||
Hard-Boiled Wonderland and the End of the World | ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသောကမ္ဘာ | ရဲမြလွင် | |||
The Wind-Up Bird Chronicle | တေးဆိုငှက်ဒဏ္ဍာရီ | သင့်လူ |
This article uses material from the Wikipedia မြန်မာဘာသာ article ဟာရူကီ မူရာကာမီ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.