သရ

သရ (အင်္ဂလိပ်: vowel) ဆိုသည်မှာ အဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသောအသံ ဟူ၍ မြန်မာစာအဖွဲ့က ဖွင့်ဆိုသည်။ သရများသည် စကားပြောအသံ၏ အဓိက အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်၍ အခြားတစ်ခုမှာ ဗျည်းဖြစ်သည်။ အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။ များသောအားဖြင့် သရသည် အသံအိုးမှ ဖြစ်၍ ခံတွင်းတွင် အဆီးအတား မတွေ့ဘဲ ထွက်သော အသံကိုဆိုလိုသည်။ သံစဉ်တက်ကျ၊ လေယူလေသိမ်း နှင့် အသံအဖော့အဖိ ကဲ့သို့သော သံစဉ်အပြောင်းလဲများနှင့် လွန်စွာနီးကပ်ဆက်စပ်မှုရှိသည်။

သရ ဟူသောစကားလုံးကို ပါဠိဘာသာစကားမှ တိုက်ရိုက်ယူ၍ မြန်မာစကား၌ သုံးစွဲထားသည်။ အင်္ဂလိပ်စကားလုံး vowel သည် လက်တင်စကားလုံး vocalis (အနက် : အသံနှင့်ဆိုင်သော) ဟူသောပုဒ် မှဆင်းသက်လာသည်။

မြန်မာဘာသာစကား

မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။

သရရေးနည်း ၂ မျိုး

စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုးမျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံအသုံးပြုကြသည်။

အရှည်ရေးနည်း

အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။ ဥပမာ- အင်္ဂလိပ်ဘာသာသည် အရှည်ရေးနည်း ဖြစ်သည်။

Maung Maung goes to school.

အတိုရေးနည်း

မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းစဉ်မရေးဘဲ အထက်အောက် ရှေ့နောက် ကြားညှပ်၍ အမျိုးမျိုးရေးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။

  1. မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိသည်။

(၁) လုံးချင်းသရရေးနည်းနှင့် (၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်သည်။

    1. လုံးချင်းသရ

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။

    1. ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)

က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။


မွန်ဘာသာစကား

မွန်ဘာသာစကား၌ သရ (၁၂) လုံးရှိ၍ ၎င်းတို့မှာ အ အာ ဣ ဣဳ ဥ ဥု ဨ အဲ ဩ အဴ အံ အး တို့ဖြစ်ကြသည်။

ကိုးကား

Tags:

သရ မြန်မာဘာသာစကားသရ မွန်ဘာသာစကားသရ ကိုးကားသရစကားသံဗျည်းအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗောဇ္ဈင်ခုနစ်ပါးအောင်ဆန်းစုကြည်တို့ဗမာအစည်းအရုံး၃၁-ဘုံမြန်မာနိုင်ငံတော်ဗဟိုဘဏ်မင်္ဂလာတောင်ညွန့်မြို့နယ်လက်ဖက်ကာလသားရောဂါအာဆင်နယ်မြဝတီမြို့သီပေါမင်းဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းပန်ထွာဘုရင်မဂြိုဟ်မဟာဗန္ဓုလ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းလေးဖြူဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံမျိုးကြီးနီယွန်မြန်မာနိုင်ငံ၏ ရွာများမွန်ဘာသာစကားရွှေဘိုမြို့မန္တလေးတိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမြန်မာဝီကီပီးဒီးယားမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ပန်းဆယ်မျိုးသခင်ကိုယ်တော်မှိုင်းမော်လမြိုင်မြို့မင်းပြားမြို့နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဂီတာနိဝရဏတရားငါးပါးတွံတေးမြို့မိုးလေဝသနတ်မောက်မြို့အချိန်၊ မြန်မာ့ရိုးရာ၁ ဧပြီဇာတ်ကြီးဆယ်ဘွဲ့စအိုဖြင့် လိင်ဆက်ဆံခြင်းတပ်မတော် (ရေ)လမ်းမတော်ဖိုးတုတ်အင်းဝခေတ်စိုးလွင်လွင်ငှက်ခန္ဓသုတ်နန်းမတော်မယ်နုအာဆီယံထိပ်သီးအစည်းအဝေးဒုတိယ ကမ္ဘာစစ်အောင်သင်းအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ပညာရေးဝန်ကြီးဌာနစကားထာစိုးဝင်း၊ ဗိုလ်ချုပ်ကြီးစစ်ကိုင်းတိုင်းဒေသကြီးဗြိတိသျှအင်ပါယာပညာရေးကျောက်ကပ်ရောင်ရောဂါမြန်မာသဒ္ဒါမင်းကျင့်တရားမအင်္ဂါ အစေ့လာအိုနိုင်ငံသွေးတိုးရောဂါစစ်တက္ကသိုလ် (ပြင်ဦးလွင်)ကျန်စစ်သားမက္ခရာမင်းသားကြီးမွန်ပြည်နယ်နရသီဟပတေ့တောင်သူလယ်သမားနေ့လိင်စိတ် နိုးထခြင်းမြန်မာနိုင်ငံ၏ စီးပွားရေးမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ယူကျူ့ဘ်အောင်လံမြို့🡆 More