ရာရာကန်: နီပေါနိုင်ငံရှိ ကန်

ရာရာကန် သည် နီပေါနိုင်ငံ၊ ဟိမဝန္တာတောင်တန်းတွင် တည်ရှိသည့် သန့်ရှင်းသည့်အကြီးဆုံးသော ရေကန်တစ်ခု ဖြစ်သည်။ မုဒုခရိုင်၊ ဂျမ်လာတွင် တည်ရှိသည့် ရာရာအမျိုးသားပန်းခြံ၏ အဓိကနေရာတစ်ခု ဖြစ်သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် စိမ့်မြေဒေသအဖြစ် ကြေညာခဲ့ပြီး ၁၅၈၃ ဟက်တာ (၆.၁၁ စတုရန်းမိုင်) ကျယ်ဝန်းပြီး စိုစွတ်သည့် မြေနေရာဒေသများဖြင့် ဝန်းရံထားသည်။

ရာရာကန်
နီပေါ: रारा ताल pronounced [raɾa]
ရာရာကန်: အသွင်အပြင်များ, ရာသီဥတု, လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ
Location of Rara Lake in Nepal.
Location of Rara Lake in Nepal.
ရာရာကန်
တည်နေရာMugu District
ကိုဩဒိနိတ်29°31′45″N 82°5′35″E / 29.52917°N 82.09306°E / 29.52917; 82.09306 82°5′35″E / 29.52917°N 82.09306°E / 29.52917; 82.09306
အမျိုးအစားfresh water
ပင်မ ရေဝင်စီးကြောင်းKarnali river
ပင်မ ရေထွက်စီးကြောင်းNijar River
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများNepal
အကျယ်ဆုံး အလျား၅.၁ km (၃.၂ mi)
အကျယ်ဆုံး အနံ၂.၇ km (၁.၇ mi)
မျက်နှာပြင် ဧရိယာ၁,၀၆၁ ha (၂,၆၂၀ ဧက)
ပျမ်းမျှအနက်၁၀၀ m (၃၃၀ ft)
အနက်ဆုံး အနက်အရှိုင်း၁၆၇ m (၅၄၈ ft)
ရေထုထည်၁၀,၆၈၂ m3 (၃၇၇,၂၀၀ cu ft)
ကမ်းခြေအလျား၁၄ km (၈.၇ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂,၉၉၀ m (၉,၈၁၀ ft)
Ramsar Wetland
ရွေးချယ်ခြင်း23 September 2007
ရည်ညွှန်းနံပါတ်1695
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

အသွင်အပြင်များ

ရာရာကန်: အသွင်အပြင်များ, ရာသီဥတု, လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ 
ရာရာကန်: အသွင်အပြင်များ, ရာသီဥတု, လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ 
Rara Lake
Location of Rara Lake in Nepal

ရာရာကန်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၉၉၀ မီတာ (၉၈၁၀ ပေ) တွင် တည်ရှိသည်။ ရေမျက်နှာပြင်အကျယ်သည် ၁၀.၈ စတုရန်းကီလိုမီတာ (၄.၂ စတုရန်းမိုင်) ရှိကာ အမြင့်မားဆုံးရေအနက်သည် ၁၆၇ မီတာ (၅၄၈ ပေ) ရှိသည်။ ကန်၏ အရှည်သည် ၅.၁ ကီလိုမီတာ (၃.၂ မိုင်) ရှိ၍ အကျယ်အဝန်းသည် ၂. ၇ ကီလိုမီတာ (၁.၇ မိုင်) ရှိသည်။ ကန်ရေသည် နိဂျာမြစ်မှတစ်ဆင့် မုဂုကာနလီမြစ်အတွင်းသို့ စီးဝင်သည်။ ကန်ရေ၏ အရည်အသွေးမှာ pH မြင့်မားခြင်း, လျှပ်ကူးသတ္တိရှိခြင်းနှင့် ရေစေးခြင်း စသည့်အရည်အသွေးများ ပိုင်ဆိုင်ထားသည်။

ရာသီဥတု

နွေရာသီသည် အတော်သာယာပြီး ဆောင်းရာသီသည် အေးသည်။ ကန်သို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်များမှာ စက်တင်ဘာ/အောက်တိုဘာနှင့် ဧပြီးမှ မေလအထိ ဖြစ်သည်။ ဒီဇင်ဘာမှ မတ်လအထိသည် အပူချိန်များ ကျဆင်းလျက်ရှိသည့်အတွက် အေးခဲအမှတ်သို့ ရောက်ရှိကာ ကြီးမားသည့် နှင်းပြိုမှုများသည် တစ်မီတာအထိ အများဆုံး ဖြစ်ပွားတတ်၍ ကန်သို့ သွားရာလမ်းကို ကာဆီးမှုများ ဖြစ်ပေါ်နိုင်သည်။ ထိုဒေသ၌ ဧပြီမှ ဇွန်လအထိသည် နွေးထွေးသော ရာသီဥတု ရှိသည်။

ဇူလိုင်လမှ အောက်တိုဘာလ ကြားကာလများတွင် မုတ်သုံရာသီဥတုသည် ဖြစ်ပေါ်လေ့ရှိကာ တိုတောင်းသည်။ ၁၉၉၄ - ၂၀၀၃ ခုနှစ် ဆယ်နှစ်တာကာလ ပျမ်းမျှမိုးရွာသွန်းမှုသည် ၈၀၀ မီလီမီတာ ရှိသည်။ ကန်ရေမျက်နှာပြင်၏ အပူချိန်သည် ၇.၅ ဒီဂရီစင်တီဂရိတ်မှ ၇.၆ ဒီဂရီစင်တီဂရိတ် အထိ ရှိသည်။ ကန်ရေမျက်နှာပြင်၏ အောက်သို့ ၁၄ မီတာမှ ၁၅ မီတာအထိ ဖောက်ထွင်း၍ မြင်နိုင်သည်။

လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ

ထိုဒေသပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် သူများ၏ အသက်မွေးဝမ်းကျောင်းမှုသည် စိုက်ပျိုးရေး ဖြစ်သည်။ လူအများသည် ဆိတ်များ မွေးမြူခြင်း၊ ဆေးဖက်ဝင်အပင်များ ရှာဖွေခြင်းနှင့် ရောင်းချခြင်း စသည်များကို လုပ်ကိုင်စားသောက်ကြသည်။ သကာအသိုက်အဝန်း (Thakur Society) သည် ဩဇာလွှမ်းမိုးမှု ရှိသည်။ သကာဘာဘကျောင်းတောသ်ည ကန်၏ တောင်ဘက်ထောင့်၌ တည်ရှိသည်။ ဒေသခံလူမျိုးများသည် နတ်ဘုရား သကာသည် ကန်၌ ရေကြီးခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို မြားဖြစ်ပစ်ခွင်းကာ ကန်၏ရေလမ်းကြောင်းကို ဖွင့်ပေးသည်ဟု ယုံကြည်ကြသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ

လွန်ကဲစွာ စားကျက်မြေအသုံးချမှုနှင့် မစင်စွန့်ခြင်းများကို စသည့် ပြဿနာများကို အမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ရှိသူများသည် ဖြေရှင်းနေရသည်။ ဒေသခံများသည် သစ်ပင်များခတ်လှဲခြင်း၊ လောင်စာထင်းများ ရယူခြင်း စသည့်တို့သည်လည်း ရာရာကန်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကြုံတွေ့နေရသည့် ပြဿနာများ ဖြစ်သည်။ ပွဲတော်သို့ လာရောက်လည်ပတ်သူများနှင့် ဒေသခံများသည် များစွာသော စွန့်ပစ်ပစ္စည်းများကို လွှင့်ပစ်ခြင်းကြောင့် ကန်ရေအား ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။

သစ်ပင်နှင့် ဇီဝမျိုးစိတ်များ

ရာရာကန်: အသွင်အပြင်များ, ရာသီဥတု, လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ 
ရာရာကန် ၏ ကြည်လင်လှသည့်ရေမျက်နှာပြင်အောက်မှ ငါးများအားတွေ့ရပုံ

ရာရာအမျိုးသားဥယျာဉ်က ဝန်းရံပတ်လည်ကာ တည်ရှိနေသည့် ရာရာကန်တွင် မတူကွဲပြားသည့် အရေးကြီးသည့် သစ်ပင်နှင့် ဇီဝမျိုးစိတ်များ တည်ရှိသည်။ ၎င်းတို့သည် ရှားပါး၍ မျိုးတုန်းလုဆဲ သစ်ပင်နှင့် ဇီဝမျိုးစိတ်များ ဖြစ်သည်။ ထိုဥယျာဉ်ကို ၁၉၇၆ ခုနှစ်တွင် ရာရာကန်၏ အလှကို ထိန်းသိမ်းရန်၊ လူတို့၏ လုပ်ဆောင်များနှင့် နုန်းတင်ခြင်းများ စသည်တို့မှ ကာကွယ်ရန် ဖွင့်လှစ်ခဲ့သည်။ ဥယျာရှိ သစ်ပင်မျိုးစိတ်များတွင် မျိုးစိတ် ၁၀၇၄ ခု ပါဝင်သည်။ ၎င်းတို့တွင် ၁၆ ခုသည် နီပေါနိုင်ငံ၌ တွေ့ရလေ့ရှိသည်များ ဖြစ်သည်။ ဇီဝမျိုးစိတ်များတွင် ၅၁ မျိုးသည် နို့တိုက်သတ္တဝါများ ဖြစ်ကာ ၂၁၄ ခုသည် ငှက်များ ဖြစ်ကြသည်။

နီပေါနိုင်ငံ၌ တွေ့ရလေ့ရှိသည့် ငါးမျိုးစိတ် သုံးခုကိုလည်း ရာရာကန်တွင် တွေ့ရသည်။ ၎င်းငါးများမှာ Nepalese snowtrout (Schizothorax macrophthalmus), (S.nepalensis) နှင့် Rara snowtrout (S. raraensis) တို့ ဖြစ်သည်။ ဆောင်းရာသီတွင် လာရောက်ခိုနားကြသည့် ငှက်များတွင် gadwall (Anas strepera), mallard (Anas platyrhynchos), northern shoveler (Anas clypeata), common teal (Anas crecca), tufted duck (Aythya fuligula), common golden eye (Bucephala clangula), common merganser (Mergus merganser), common coot (Fulica atra), and solitary snipe (Gallinago solitaria) စသည့် ငှက်များကဲ့သို့သော ငှက်များ ပါဝင်သည်။ ထိုငှက်များသည် ရာရာကန်တွင် ဆောင်းရာသီတွင် နေထိုင်ကာ နားခိုကြသည်။

ပို့ဆောင်ဆက်သွယ်ရေး

ရာရာကန်: အသွင်အပြင်များ, ရာသီဥတု, လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများ 
Tara Air taxiing down the runway in Talcha Airport

လေကြောင်းပို့ဆောင်ဆက်သွယ်ရေးသည် ရာရာကန်သို့ ခရီးသွားများ သွားလာရာတွင် အသုံးပြုသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ရာရာကန်တွင် တယ်ချာလေဆိပ် (Talcha Airport) က ဆောင်ရွက်လျက်ရှိသည်။ လေဆိပ်သည် ကန်၏ အရှေ့ဘက် ၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။ နီပေါလေကြောင်းလိုင်းများနှင့် တာရာအဲ (Tara Air) တို့က Nepalgunj လေဆိပ်မှတစ်ဆင့် ရာရာကန်သို့ ပျံသန်းသည့် ခရီးစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ လေဆိပ်မှတစ်ဆင့် ရာရာကန်သို့ ခြေလျင်ခရီးဖြင့် သွားမည်ဆိုပါက ခန့်မှန်းခြေ ၂ နာရီခန့် ကြာမြင့်သည်။

ခရီးသွား

ခြေလျင်ခရီးသွားသူများအကြားတွင် ရာရာကန်သည် နီပေါနိုင်ငံအနောက်ပိုင်းရှိ ကြမ်းတမ်းသည့် တောင်တက်လမ်းဖြင့် သွားရသည့် ကျော်ကြားသည့်နေရာဖြစ်သည်။ လမ်းတစ်လျှောက်ရှိ သွားလာရင်းမြင်ရသည့် ယဉ်ကျေးမှုနှင့် သဘာဝမြင်ကွင်းများသည် နီပေါနိုင်ငံ၏ အခြားသောနေရာများရှိ နေရာများနှင့် အတော်ကွာခြားမှု ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသည့် နေရာတွင် တည်ရှိနေပြီး နာနတ်ပင်များ၊ ကထင်ရှူးများနှင့် ဂျူနီပါပင်တောများတည်ရှိသည့် ရာရာအမျိုးသားဥယျာဉ်က ပတ်လည်ကာ တည်ရှိသည့် ရာရာကကန်ကို ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။ နှင်းများလွှမ်းခြုံထားသည့် ဟိမဝန္တာတောင်ထိပ်မြင်ကွင်းသည်လည်း ခြေလျင်သွားသူများကို ဆွဲဆောင်လျက်ရှိသည်။ ခြေလျင်သွားမည်ဆိုပါက လေယာဉ်စီးကာ ဂျမ်လာအထိ သွားရမည် ဖြစ်သည်။ (Kathmandu မှ ဂျမ်လာအထိ လေယာဉ်ဖြင့် တစ်နာရီကျော် ကြာမြင့်သည်။) သို့မဟုတ်ပါက Nepalgunj အနီးအနားမှစကာ ခြေလျင်ခရီး စတင်ရမည် ဖြစ်သည်။ ရွာအချို့နှင့် တောင်တက်လမ်းများကို ဖြတ်သန်းသွားလာရပြီး ရာရာကန်၏ ကန်ဘောင်သို့ ရောက်ရှိမည် ဖြစ်သည်။[ကိုးကားချက်လိုသည်]

ခြေလျင်သွားသူများက မိမိတို့၏ ကိုယ်ပိုင် ပထမဦးစားပေးကျန်းမာရေးပစ္စည်းများကို ယူဆောင်သွားရန် အကြံပြုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသတစ်ဝိုက်တွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများ မရှိသည့်အတွက် ဖြစ်သည်။ တည်းခိုရန်နေရာလည်း မရှိသည့်အတွက် ခရီးသွားအေဂျင်စီထံမှ အကူအညီရယူရန်လည်း လိုအပ်မည် ဖြစ်သည်။ ခြေလျင်ခရီးသွားများအနေဖြင့် ထိုဒေသတွင် ပစ္စည်းပစ္စယမစုံလင်သဖြင့် မိမိကိုယ်တိုင် လုံလောက်စွာ ယူဆောင်သွားရန် လိုအပ်မည် ဖြစ်သည်။

ရာရာကန်သည် ခရီးသွားများအား ဆွဲဆောင်နိုင်သည် နောက်ထပ်နေရာတစ်ခု ဖြစ်လာရန် အလားအလာများစွာရှိသည်။ ၁၉၉၇ - ၁၉၉၈ ခုနှစ်အတွင်း ခရီးသွားအရေအတွက်သည် ၅၆၀ ရှိခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ်တွင် ၈၇ ဦးသာ ရှိခဲ့သည်။ ရာရာပွဲတော်ကို နီပေါခရီးသွားအဖွဲ့မှ ၂၀၀၇ ခုနှစ်အစောပိုင်းကတည်း ခရီးသွားတိုးတက်များပြားလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ရုပ်ပုံများ

ကိုးကား

Tags:

ရာရာကန် အသွင်အပြင်များရာရာကန် ရာသီဥတုရာရာကန် လူမှုဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတန်ဖိုးများရာရာကန် သစ်ပင်နှင့် ဇီဝမျိုးစိတ်များရာရာကန် ပို့ဆောင်ဆက်သွယ်ရေးရာရာကန် ခရီးသွားရာရာကန် ရုပ်ပုံများရာရာကန် ကိုးကားရာရာကန်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့စွယ်စုံကျမ်းအမျိုးသမီးတပ်မတော်မြန်မာပန်းချီသိမ်းငှက်မင်းအောင်လှိုင်အောင်ဆန်းစုကြည်မြစေတီကျောက်စာမြန်မာ့ဝတ်စားဆင်ယင်မှုမဟာဗောဓိတထောင်ကျင့်ဝတ်အာနန္ဒာဘုရားတွံတေးသိန်းတန်မြန်မာတိုင်းရင်းသားမျိုးနွယ်များပြည်မြို့ခင်ကြည်ကွန်မြူနစ်ဝါဒရွှေမော်ဓောဘုရား(ပဲခူး)ကလေးမြို့ခါကာဘိုရာဇီရာသီအလိုက်ပွင့်သောပန်းများအောင်လံမြို့ရွှေတိဂုံစေတီတော်ဒူဘိုင်းမြို့ကြွက်နို့လားရှိုးမြို့အပြင် ၃၇ မင်းဦးပိန်တံတားအာဇာနည် ခေါင်းဆောင်ကြီးများကျောက်ကပ်ရောင်ရောဂါလွှမ်းမိုးခေါင်းကိုက်ခြင်းတိုင်းစစ်ဌာနချုပ်သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊သင်္ကြန်မိုးကိုယ်ဝန်ဖျက်ချခြင်းရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ဆူခွိုင်း ၃၀မေတ္တသုတ်တင်မိုးအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမေစီးပွားရေးနှစ်ကျိပ်ရှစ်ဆူအင်္ဂါဂြိုဟ်ကင်းခြေများကျောက်ကပ်အောင်ခြင်း ၈ ပါးရဲရင့်အောင်တပ်မတော် (ကြည်း)မစ်(ဂ်)-၂၉ခွန်ဆာကုလသမဂ္ဂမှန်နန်း ရာဇဝင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)တနင်္သာရီတိုင်းဒေသကြီးမြန်မာ-အင်္ဂလိပ် အဘိဓာန်ခြင်းလုံးရိုင်ဖယ်တောင်ကြီးမြို့ရိုဟင်ဂျာမင်္ဂလာပါဂျာမနီနိုင်ငံအင်္ဂုလိမာလသုတ်မြန်မာနိုင်ငံ၏ လူဦးရေတတိယ အင်္ဂလိပ် - မြန်မာစစ်မြန်မာဝီကီပီးဒီးယားဧရာဝတီတိုင်းဒေသကြီးကြာနီကန်ဆရာတော်ကရင်လူမျိုးလူသားတစ်ဦး၏လိင်တံအရွယ်အစားမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရန်ကုန်မြို့ဂျူးဘာသာ🡆 More