မြွေပါ

မြွေပါ (အင်္ဂလိပ်: Mongoose) သည် ဗီဗာရီးဒီးမျိုးရင်းဝင်ဖြစ်၍ ရုတ်တရက်ကြည့်က ရှဉ့်ကလေးများနှင့် သဏ္ဌာန်တူသည် ဟု ထင်ရသော်လည်း၊ အမြီးသည် ရှဉ့်ထက် တိုသည့်ပြင် ကိုယ်နေကိုယ်ထားလည်း တစ်မျိုးစီဖြစ်၏။ ကိုယ်လုံး ၁၆ လက်မခန့်ရှည်၍ အရောင် ကား ပြာမှိုင်းမှိုင်း ညိုတိုတိုအရောင်ရှိပြီးလျှင် အမွေးရှည်သည်။ ပါးစောင်နှင့် လည်ပင်းတွင်မူ နီကြန်ကြန်အရောင် ရှိ၏။

မြွေပါ
(အင်္ဂလိပ်: Mongoose)
မြွေပါ
Top left: Meerkat
Top right: Yellow mongoose
Bottom left: Slender mongoose
Bottom right: Indian gray mongoose
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Superfamily: Herpestoidea
မျိုးရင်း: Herpestidae
Bonaparte, 1845
အမျိုးအစား မျိုးစု
Herpestes
Genera
မြွေပါ
Synonyms
မြွေပါ
တွေ့မြင်နေကျ မြွေပါတစ်မျိုး

မြွေပါသည် အလွန်စိတ်ခက်ထန်သော သတ္တဝါဖြစ်သော် လည်း ယဉ်အောင်သင်ရန် လွယ်ကူသည်။ မြွေပါကို အာရှအာဖရိကတို့တွင် များစွာ တွေ့ရ၏။ ဥရောပ တွင်မူ စပိန်၌သာ တွေ့ရသည်။ အိန္ဒိယ မြွေပါ မျိုးစိတ်ကို ပါဏဗေဒ အလိုအရ ဟာပတ်စတီးမန်ဂိုဟု ခေါ်၍ ယင်းတို့သည် အီဂျစ်ရှိ မြွေပါများထက် သေးသည်။

မြွေပါသည် ကြွက်မြွေ စသော သတ္တဝါတို့ကို ကိုက်သတ်နိုင်သဖြင့် ထင်ရှား၏။ သို့ရာတွင် အဆိပ်ပြီး၍ကား မဟုတ်။ ထိုအဆိပ်ပြင်းသော သတ္တဝါများထက် လျင်မြန်မှုကြောင့် ဖြစ်၏။ သူတို့၏ ပါးနပ် လျင်မြန်ခြင်း၊ မျက်စိရှင်ခြင်း၊ အမွေးထူခြင်းတို့ကြောင့် မြွေများက ပေါက်သော်လည်း လွတ်အောင် ရှောင်တိမ်းနိုင်၍ မြွေ၏ ဇက်ပေါ်သို့ ခုန်တက် ကာ ကိုက်သတ်နိုင်သည်။ ထို့ပြင် မြွေပါသည် စိတ်ဆိုး သောအခါ အမွေးအမှင်များကို ပွယောင်းထောင်ကြွစေလျက် မာန်ဖီနိုင်သဖြင့် မြွေသည် မြွေပါကို ထိပါးရန် မလွယ်ကူချေ။

ထိုကြောင့် မြွေပါသည် မြွေပေါများသော အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံအရှေ့အိန္ဒိယကျွန်းစု စသည်တို့၌ မြွေဘေးကာကွယ်ရန် အထူးအသုံးဝင်သည်။ သို့ရာတွင် မြွေပါသည် မြွေကို သာမက အခြားကြက်ငှက်နှင့် ကြွက်များကိုလည်း ကိုက်သတ် ဖျက်ဆီးတတ်၏။ လွန်ခဲ့သောနှစ်များက ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုရှိ ဂျမေးကားကျွန်းသို့ သွင်းယူမွေးမြူခဲ့ရာ လျင်မြန်စွာ ပေါက်ပွား၍ လူတို့ မွေးမြူထားသော ဘဲကြက်စသည်တို့ကို အရမ်းမဲ့ ဖျက်ဆီးကြသဖြင့် ယခုအခါ ရှင်ကြီး ကျားထက်ဆိုးသော သတ္တဝါဖြစ်နေလေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စုတွင် မြွေပါကို မမွေးမြူကြရန်နှင့် ဥပဒေဖြင့် တားမြစ်ထားသည်။

ကိုးကား


Tags:

ရှဉ့်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြဝတီမြို့နတ်ပင့်ဂါထာမြန်မာနိုင်ငံ၏ ရပ်ကွက်များမြန်မာနိုင်ငံ၏ လူဦးရေရေစမူဆာဂျူးဘာသာဆင်သန်လျင်မြို့အစ္စရေးနိုင်ငံပြည်သူ့ခုခံတော်လှန်စစ်မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းစိုးထွဋ်နက္ခတ် ၂၇ လုံးရခိုင်ဘာသာစကားကင်ဆာရောဂါကျုံးဗိုလ်ချုပ်မှူးကြီးကျော်ဟိန်းကောသလမင်း အိပ်မက် (၁၆)ချက်စွမ်းအင် ဝန်ကြီးဌာနအာဖဂန်နစ္စတန်နိုင်ငံမြန်မာ့ အစားအစာနှလုံးသွေးကြောကျဉ်းရောဂါဗလာဒီမီယာ ပူတင်ဩစတြေးလျနိုင်ငံရဲဘော်သုံးကျိပ်ကုန်းဘောင်မင်းဆက်ယေရှု ခရစ်တော်ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြူဆင်းခြင်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပညာရေးဝန်ကြီးဌာနအင်းဝမြို့လီဆူလူမျိုးမြန်မာ့ လက်ဝှေ့မင်းတုန်းမင်းလိင်ဖြင့်မျိုးပွားခြင်းလူသားတစ်ဦး၏လိင်တံအရွယ်အစားဘန်ကောက်မြို့ပိဋကတ် သုံးပုံကာလာမသုတ်ပင်ဂွင်းအရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝတ်မှုန်ရွှေရည်တာချီလိတ်မြို့ကရင်ပြည်နယ်လေးဖြူမန္တလေးမြို့ကင်းခြေများပြည်သူ့ကာကွယ်ရေးတပ်မတော်နွေရာသီအာနန္ဒာဘုရားပုဂံခေတ်အာရက္ခတပ်တော်အောင်လံမြို့ပြေတီဦးလိင်မှတဆင့် ကူးစက်တတ်သော ရောဂါယောလူမျိုးနယ်ခြားစောင့်တပ်ဖွဲ့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းပအိုဝ်းလူမျိုးနတ်မင်းကြီးလေးပါးရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးစရိုက်အောင်သူ (ဘောလုံးသမား)တောင်ငူမြို့အပျိုမြှေးဂျိုးဇတ် စတာလင်Minecraftစီးပွားရေးသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မကွေးတိုင်းဒေသကြီး🡆 More