ပဏ္ဍိတ

အရှင်ပဏ္ဍိတသည် စစ်ကိုင်းတောင် မဟာဂန္ဓာရုံ ရွှေကျင်နိကာယ မဟာနာယက၊ နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်၊ ဆဋ္ဌသင်္ဂါယနာဝန်ဆောင် သံဃာ့အဖွဲ့ဝင် ဘသသန္တရဆေက ဖြစ်သည်။ ဆရာတော်အလောင်းအလျာကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ခမည်းတော် ဦးဘိုးဟန် မယ်တော် ဒေါ်ကျေးယုတို့မှ မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁) ရက်နေ့၊ ညဉ့် (၂) ချက်တီးအကျော် လဆန်း (၂) ရက် ကြာသပတေးနေ့သို့အဝင်တွင် ဖွားမြင်ခဲ့သည်။

အရှင် ပဏ္ဍိတ
ပဏ္ဍိတ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဂိုဏ်းရွှေကျင်နိကာယ
ကျောင်းတိုက်အနီးစခန်းချောင် (ပြင်ဦးလွင်)
ဘွဲ့တံဆိပ်အဂ္ဂမဟာပဏ္ဍိတ
ကျော်ကြားမှုတရားဟောခြင်း
အခြားအမည်များအနီးစခန်း ဆရာတော်
ဓမ္မအမည်ပဏ္ဍိတ
ရဟန်း အမည်အရှင် ပဏ္ဍိတ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား၁၂၆၁ သီတင်းကျွတ်လဆန်း ၂ ရက်
အုတ်တွင်းမြို့၊ တောင်ငူခရိုင်
ကွယ်လွန်မြန်မာသက္ကရာဇ် ၁၃၃၈၊ တပိုတွဲလကွယ် (သက်တော် - ၇၈)
ကွယ်လွန်ရသည့် အကြောင်းရင်းလေဖြတ်ခြင်း
မိဘဦးဘိုးဟန်နှင့် ဒေါ်ကျေးယု
ဘာသာရေးရာ
ဆရာ(များ)အဘယာရာမဆရာတော်
တပည့်များသီတဂူဆရာတော်

ရဟန်းဖြစ်ခြင်း

၁၂၇၁ ခုနှစ် အသက် (၁၀) နှစ်သားအရွယ်တွင် အုတ်တွင်းမြို့၊ ရွှေကျင်ဂိုဏ်း၊ ကန်ကလေးတောရကျောင်း ဆရာတော်ဘုရား၏ ထံတော်မှောက်၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ သက်တော် (၂) အရွယ်တွင် မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက သာသနာပိုင် ဒီပဲရင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒဇတ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိအားထုတ်ခြင်း

ရှင်သာမဏေဘဝ ငယ်စဉ်အခါကစ၍ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း ဆရာတော်ထံတွင်လည်းကောင်း၊ တောင်ငူမြို မြို့ထောင့်ကျောင်းဆရာတော်၏ ထံတွင်လည်းကောင်း၊ စစ်ကိုင်းတောင်ရိုး မစိုးရိမ် ခုနစ်တိုက်ဆရာတော်၏ ထံတွင်လည်းကောင်း၊ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် အဂ္ဂမဟာပဏ္ဍိတ အနေကဂန္ထ ကာရက ဘာသန္တရဆေက နိကာယဏ္ဏဝပါရဝဖြစ်တော်မူသော သုဝဏ္ဏဝတီအုတ်ကောင်းဆရာတော် (နောင်တွင် အဘယာရာမဆရာတော်) ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသမထေရ်မြတ်၏ အထံတော်၌လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၌လည်းကောင်း ပိဋကတ်အခြေခံစာများနှင့် နိကာယ်ငါးရပ် ပိဋကတ်ကျမ်းစာများကို လေ့လာသင်ကြားခဲ့သည်။

အနီးစခန်းချောင်ကို တည်ထောင်ခြင်း

အနီးစခန်းဆရာတော်ဘုရားသည် အထုံဝါသနာအားလျော်စွာ ငယ်စဉ်အခါမှစ၍ တရားဟောတော်မူခဲ့သည်။ ဆရာတော်၏ တရားကို နာယူရသော ဟိုက်ကုတ်လွှတ်တော် ရှေ့နေချုပ်ဘုရင်ခံ၏ အတိုင်ပင်ခံ ဆာဟင်နရီပရက်နှင့် ဇနီးဖြစ်သူ မြန်မာအမျိုးသမီး လေဒီပရက်တို့သည် ဆရာတော်ကို ကြည်ညိုလှသဖြင့် ၁၂၉၅ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးများ၌ ချောင်သီးခြားတီထွင်၍ ဆရာတော်အား လှူဒါန်းခဲ့သည်။ မေမြို့အနီးရှိ အနီးစခန်း၌ နေသော လေဒီပရက်က တည်ထောင်ဆောက်လုပ်လှူဒါန်းသောကြောင့် ချောင်အမည်ကို အနီးစခန်းချောင်ဟုပင် ခေါ်တွင်စေခဲ့သည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့ရခြင်း

ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၌ ပါဠိတော်သင်္ဂါယနာတင် ကျင်းပရာဝယ် အစမှ အဆုံးတိုင် အရေးပါသော နေရာများမှနေ၍ ဆဋ္ဌသင်္ဂါယနာအထမြောက်အောင် ဆောင်ရွက်တော်မူသဖြင့် ၁၃၁၈ ခုနှစ်တွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာနှ်င့ သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကြီး၌ ဝိဇ္ဇာလင်္ကာရဆရာတော် စသော ဆရာတော်အပါး (၁၈) ပါးနှင့်အတူ နိုင်ငံတော်သမ္မတက ဆက်ကပ်ပူဇော်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့်အတူ ကုန်းကြောင်း၊ ရေကြောင်းတို့၌ အထက်တန်းခရီး သွားလာခွင့်ရှိသော မီးရထား၊ သင်္ဘော အခမဲ့စီးခွင့်လက်မှတ်များကိုပါ အလှူခံတော်မူရသည်။

မဟာဓမ္မကထိကဖြစ်ခြင်း

အနီးစခန်းဆရာတော်ဘုရား၏ ကျေးဇူးရှင်ရှင်ဖြစ်တော်မူသည့် အဘယာရာမဆရာတော်ဘုရားသည် တရားဟောလျှင် ပါဠိတော် သုတ္တန်ကြီးများကို ဟောရမည်ဟူသော အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်၍ တရားဟောတော်မူသောအခါ ပါဠိတော် သုတ္တန်ကြီးများကို အစအဆုံး နှုတ်ငုံဆောင်၍ အဋ္ဌကထာ ဋီကာလာ အဓိပ္ပာယ်များကိုကို ထည့်သွင်းပြီးလျှင် လေးလေးနက်နက် ဟောကြားတော်မူသည်။ နောက်ပိုင်းတွင် ဆရာတော်သည် မျက်မှောက်အခြေအနေနှင့် ဟပ်မိသည့် သုတ္တန်များကို ဦးစားပေး၍ ဟောတော်မူခဲံသည်။ အချို့ထုတ်ဖော်သင့်သည့် နေရာတို့၌ အင်္ဂလိပ်ဘာသာရေးကျမ်ဂန်တို့မှ စာပိုဒ်၊ ဝါကျများကို ရွတ်ပြ၍ ရှင်းလင်းဟောပြတော်မူခဲ့သည်။ ဤသို့ အထက်တန်းကျကျ ခံ့ခံ့ထည်ထည် ပရိယာယ်ဝေဝုစ်တို့ဖြင့် အဆန်းတကြယ် ဟောပြတော်မူနိုင်သဖြင့် ဆရာတော်သည် ဓမ္မကထိက သာမန်မဟုတ်မူ၍ ဝိသိဋ္ဌမဟာဓမ္မကထိကတစ်ဆူ ဖြစ်တော်မူသည်။

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၃၃၅ ခုနှစ်၊ တော်သလင်းလ၌ နှစ်စဉ်ဟောမြဲဖြစ်သည့် မန္တလေးမြို့၊ မလွန်ဈေး ဆန်လှူအသင်းကြီး၏ တရားပွဲ၌ တရားချီးမြှင့်ပြီးနောက် ထိုနေ့ညပိုင်းမှာပင် လေဖြတ်ရောဂါခံခဲ့ရသည်။ ထိုသို့ လေဖြတ်ရောဂါရ၍ မထနိုင်သည့်အခြေသို့ရောက်သော်လည်း ဆရာတော်သည် စိတ်အားလျှော့ခြင်း မရှိ။ ဤဝေဒနာမှ ထမြောက်ပြီးလျှင် တရားပြန်၍ ဟောမည်ဟု ဆုံးဖြတ်ချက် ရှိခဲ့သည်။ ဆရာတော်သည် သက်တော် (၇၈)၊ သိက္ခာတော် (၅၈) ဝါအရ ၁၃၃၈ ခုနှစ်၊ တပို့တွဲလကွယ်နေ့၊ ညနေ (၆) နာရီ (၅) မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့သည်။

ကိုးကား

Tags:

ပဏ္ဍိတ ရဟန်းဖြစ်ခြင်းပဏ္ဍိတ ပရိယတ္တိအားထုတ်ခြင်းပဏ္ဍိတ အနီးစခန်းချောင်ကို တည်ထောင်ခြင်းပဏ္ဍိတ အဂ္ဂမဟာဘွဲ့ရခြင်းပဏ္ဍိတ မဟာဓမ္မကထိကဖြစ်ခြင်းပဏ္ဍိတ ပျံလွန်တော်မူခြင်းပဏ္ဍိတ ကိုးကားပဏ္ဍိတရွှေကျင်ဂိုဏ်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဇာမဏီကိန်းအဖြူဆင်းခြင်းဖက်ဆစ်ဝါဒဂျပန်ကိုလိုနီခေတ်မြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်လီယွန်နယ် မက်ဆီကျန်စစ်သားမြထွန်းဦးလက်ပံတောင်းတောင်သပိတ် အရေးအခင်းမြင်းခြံမြို့အရှေ့တောင်တိုင်းစစ်ဌာနချုပ်နတ်ပင့်ဂါထာကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်စိန်နဝရတ် ကိုးပါးသတိပဋ္ဌာန်လိင်တူစုံမက်ခြင်းဝိနည်းမြန်မာ စံတော်ချိန်စကော့တလန်နိုင်ငံစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)သီရိပျံချီဘွဲ့ကြာသပတေးဂြိုဟ်ငွေတာရီရေးမြို့အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြေပုံခင်ဝင့်ဝါနို့မြန်မာတို့၏ကျင့်ဝတ်များခရူးဆိတ် စစ်ပွဲများဦးကျားကြီးဝင်း မီးလောင်မှုသီတဂူဆရာတော်မန္တလေးတိုင်းဒေသကြီးကချင်လူမျိုးတရားထွန်းမြတ်နိုင်ဓနုလူမျိုးအမျိုးသားနေ့လေးဖြူမူးယစ်ဆေးဝါးဗုဒ္ဓအရှေ့တောင်အာရှနိုင်ငံများအသင်းဝေလမင်းသမီး ဒိုင်ယာနာဂျိန်ဖော့လူမျိုးစောင်းကောက်မြန်မာနိုင်ငံ၏ စီးပွားရေးလီဆာနမ့်ခမ်းမြို့ကုန်သည်လေမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဂြိုဟ်စပိန်နိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကျင့်ဝတ်မြန်မာနိုင်ငံ၏ အမည်များမြန်မာနိုင်ငံရေးသမိုင်းရုရှားနိုင်ငံဘားအံမြို့ဆားသွေးလွန်တုပ်ကွေးစင်ကာပူနိုင်ငံမင်းယုဝေရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးအမေရိကန်ပြည်ထောင်စုခန့်စည်သူဆွစ်ဇာလန်နိုင်ငံကိုယ်ဝန်ဖျက်ချခြင်းထားဝယ်မြို့နတ်ပြည် ၆ ထပ်လူ့အခွင့်အရေးတောင်ကိုရီးယားနိုင်ငံ🡆 More