ပင်နီဆီလင်: ပင္နီဆီလင္

ပင်နီဆီလင် (Penicillin) သည် ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ရောဂါများကို ကုသသည့် ပဋိဇီဝ ဆေး တစ်မျိုးဖြစ်သည်။ ပင်နီဆီလင်ကို စကော့တစ်ရှ် လူမျိုး သိပ္ပံပညာရှင် အလက်ဇန္ဒား ဖလင်းမင်း က ၁၉၂၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ သို့သော်လည်း ၁၉၄၀ ပြည့်နှစ် နောက်ပိုင်းမှသာ စီးပွားဖြစ် ထုတ်လုပ်လာသည်။ ပင်နီဆီလင်ကို ဆစ်ဖလစ်ရောဂါ၊ အာသီးရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါနှင့် အခြားရောဂါများကို ကုသရာတွင် အသုံးပြုလေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ် ကာလအတွင်း အသုံးများခဲ့သည်။

ပင်နီဆီလင်: ပင္နီဆီလင္
အဏုကြည့် မှန်ပြောင်းအောက် တွေ့ရှိရသည့် ပင်နယ်စလင်

Alexander Fleming က ဓာတ်ခွဲခန်းအတွင်းရှိ ဘက်တီးရီးယား မွှေးမြူသည့် petri dish ထဲတွင် မှိုတက်နေကြောင်း တွေ့ရှိခဲ့သည်။ မှိုတက်သည့်နေရာတွင် ဘက်တီးရီးယားများ ကြီးထွားခြင်း မရှိကြောင်းတွေ့ရှိရာမှ ထိုဖမ်းဂတ်စ်မှို (Fungus) များသည် ပိုးမွှားများကို သေစေကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ဩစတြေးလျသား သိပ္ပံပညာရှင် Howard Walter Florey က ပင်နီဆီလင်မှိုများကို ဆေးဝါးအဖြစ် ထုတ်လုပ်ခဲ့သည်။

အချို့လူများမှာ ပင်နီဆီလင်နှင့် မတည့်ကြပေ။ ထိုလူများ ပင်နီဆီလင်ထိုးမိလျှင် အရေပြား၌ မိတ်ကဲ့သို့ အနီကွက်များ ထခြင်း၊ အော့ချင်အန်ချင်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်သည်။ ပိုဆိုးလျှင် ကိုယ်ပူခြင်း၊ အော့အန်ခြင်း သို့မဟုတ် အလွန်အမင်း ယားယံခြင်းတို့ ဖြစ်လေ့ရှိသည်။

ပင်နီဆီလင်မှာ အာနိသင်ထက်သော်လည်း နောက်ပိုင်းတွင် ပင်နီဆီလင်ကို လက်လွတ်စပယ် အသုံးပြုလာသောကြောင့် ရောဂါအချို့မှာ ဆေးမတိုးသည့် လက္ခာများ ရှိလာသည်။

ကိုးကား

Tags:

ဒုတိယ ကမ္ဘာစစ်ဘက်တီးရီးယားအဆုတ်ရောင်ရောဂါအလက်ဇန္ဒား ဖလင်းမင်းအာသီးရောင်ရောဂါ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗမာပြည် ကွန်မြူနစ်ပါတီဇီဝဇိုးငှက်လယ်တီဆရာတော်ဓမ္မစကြာသုတ္တန်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများငွေ (သတ္တု)မော်စီတုန်းအဋ္ဌာရသ ၁၈ ရပ်လေးဖြူဂုဏ်ဆယ်ပါးခင်ညွန့် (ဗိုလ်ချုပ်ကြီး)အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြိတ်ကျွန်းစုချက်သမ္မတနိုင်ငံဂျောင်ဂျောင်ကုကရင်ပြည်နယ်XVideosမဇ္ဈိမ သတင်းဌာနဟာဝိုင်ယီကျွန်းစုထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်ဘိုက်ဒန်းစ်ဧရာဝတီတံတား (ပခုက္ကူ)နို့လမ်းမတော်ဖိုးတုတ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနွေရာသီဒီမိုကရေစီလများ (အချိန်အတိုင်းအတာ)ဝက်သက်ရောဂါဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအာဋာနာဋိယသုတ်မြန်မာ အမျိုးသား ဘောလုံးအသင်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များတရားဂုဏ်တော်ရဲဘော်သုံးကျိပ်စောင်းကောက်နွားအင်္ဂလိပ်-မြန်မာ စစ်ပွဲများဗင်နီတို မူဆိုလီနီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသစ္စာလေးပါးအသည်းရောင် အသားဝါ ရောဂါ စီပိုးသင်္ကြန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်လိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ထိုင်းလူမျိုးတပ်မတော် (ကြည်း)မေတ္တသုတ်ပညာရေးဘန်နီဖြိုးလိပ်ကီလိုမီတာစိန်မြန်မာ့သနပ်ခါးစကော့တလန်နိုင်ငံအင်ဒိုနီးရှားနိုင်ငံသွေးလွန်တုပ်ကွေးပုဂံအီကွေဒေါနိုင်ငံဦးသန့်အမျိုးသားရေးဝါဒချင်းပြည်နယ်၂၇ မတ်ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံဖရဲပင်စေတသိက်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမြန်မာနိုင်ငံ၏ နိုင်ငံရေးမိုးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသီလကယန်းလူမျိုးမြန်မာ့သမိုင်း🡆 More