တိုင်တန်းနစ်သင်္ဘော

တိုင်တန်းနစ် သင်္ဘော ခေါ် RMS Titanic (or SS Titanic) မှာ ဗြိတိသျှ သင်္ဘော ဖြစ်ပြီး ကြယ်ဖြူလိုင်း သင်္ဘောလိုင်း အတွက် ဟာလန်းနှင့် ဝုဖ် သင်္ဘော ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်ခဲ့သူမှာ အမေရိကန်သူဌေးကြီး ဂျေပီမော်ဂန် ဖြစ်သည်။ တိုင်တန်းနစ် သင်္ဘောမှာ ခရီးသည်များ ပို့ဆောင်ရန် နှင့် စာပို့ခြင်း အတွက် တည်ဆောက်ထားသော ပင်လယ်ပြင်သွား သင်္ဘောကြီး ဖြစ်သည်။

တိုင်တန်းနစ်သင်္ဘော
RMS တိုင်တန်းနစ်
တိုင်တန်းနစ်သင်္ဘော
တိုင်တန်းနစ် သင်္ဘောခေါင်းလောင်း

တည်ဆောက်ပုံ

မည်သည့်အခါမျှ မနစ်မြုပ်နိုင်အောင် တည်ဆောက်ထားပြီး တစ်နာရီတွင် ရေမိုင် ၂၃-မိုင်မှ ၂၅-မိုင် အမြန်နှုန်းသွားနိုင်သည်။ သင်္ဘောအရှည် (၈၈၂)ပေ ရှိပြီး အသက်ကယ်လှေ ၂၀ ပါသည်။ မြင်းကောင်ရေအား ၅၀၀၀၀ အား ကိုအသုံးပြုထားပြီး ပန်ကာ သုံးလုံးတပ် သင်္ဘောဖြစ်ပြီး သင်္ဘောတွင် ရေလုံခန်း ၁၅ခန်းပါသည်။

မထွက်ခွာခင် အချိန်ထိ လူအများစု က ဘယ်တော့မှ မနစ်မြုပ်နိုင်သော သင်္ဘောဟု အထင် ရောက်ခဲ့ကြသည်။

နစ်မြုပ်ခြင်း

၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အင်္ဂလန် နိုင်ငံ ဆောက်သန်တန်မှ ထွက်ခွါခဲ့ပြီး ခရီးသည် ၂၂၀၀ ပါရှိပြီး ၄ ရက်မြောက်နေ့ ၁၉၁၂ ခု ဧပြီ၁၄ ရက် ည ၁၁နာရီ၄၀ မိနစ်အချိန်တွင် တိုင်တန်းနစ်သည် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ မြောပါနေသော ဧရာမရေခဲတုံးဖြင့် ဝင်တိုက်မိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တိုင်တန်းနစ် ၏ ရေလုံခန်း အတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။ ၂ နာရီ နှင့် မိနစ် ၄၀ အကြာ ဧပြီ ၁၅ ရက် မနက် ၂ နာရီ ၂၀ မိနစ်တွင် သင်္ဘော နစ်မြုပ်ခဲ့သည်။

သင်္ဘောမှာ နှစ်ပိုင်းထက်ခြမ်းဖြစ်သွားခဲ့ပြီး လူပေါင်း ၁၅၀၀ နှင့် အထက် သေဆုံးခဲ့ရသည်။ ၇၀၅ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ငြိမ်းချမ်းသော ကာလ (စစ်အတွင်းမဟုတ်သော) အတွင်း အဆိုးရွားဆုံး သင်္ဘောမှောက်မှု တစ်ရပ်ဖြစ်သည်။

အသက်ကယ်လှေများ လုံလောက်စွာ မရှိမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။ အသက်ကယ်လှေများ အတွင်းသို့ အမျိုးသမီးများ နှင့် ကလေး သူငယ်များ အရင် တက်ရောက်စေပြီး အထက်တန်းမှ ခရီးသည် များလည်း အခြားအဆင့် မှ ခရီးသည်များ ထက်ပို၍ ဦးစားပေး ခံခဲ့ရသည်။

အခြားအကြောင်းတစ်ရပ်မှာ ကယ်ဆယ်ရန် အဖြစ်နိုင်ဆုံးနှင့် တိုင်တန်းနစ် နှင့် အနီးဆုံးရှိသော သင်္ဘောမှာ ဆက်သွယ်ရေး ရေဒီယိုကို ပိတ်ထားခဲ့သောကြောင့် ကယ်ဆယ်ရေး အချက်ပြမှု ကို သတိမမူမိသော ကြောင့်ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများ

ယခုအခါ နစ်မြှပ်စဉ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မရှိကြတော့ပေ။ အားလုံးသေဆုံးခဲ့ပြီဖြစ်သည်။ တိုက်တန်းနစ်နစ်မြှပ်စဉ်က လူအနည်းအကျဉ်းသာအသက်ရှင်ခဲ့သည်။ ယခုအခါ ထိုသူတို့သည် သေဆုံးပြီဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများထဲမှ နောက်ဆုံး သေဆုံးခဲ့သူမှာ မီးဗီနာ ဒင်း ဟုခေါ်သော အမျိုးသမီး ဖြစ်သည်။ သင်္ဘောကြီး နစ်မြှပ်စဉ်က သူသည် အသက်ကိုးပတ် သမီး အရွယ်သာ ရှိသေးသည်။ အသက် ၉၇ နှစ် အရွယ် ၂၁ မေ ၂၀၀၉ တွင် အင်္ဂလန်ပြည် ဟမ်ရှိုင်းယား အရပ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အကျိုးဆက်များ

ထို ဖြစ်ရပ်ဆိုးမှ သင်ခန်းစာ ယူနိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် သင်္ဘောတည်ဆောက်ရေး ဥပဒေများ ပြောင်းလဲလာခဲ့သည်။ သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါသူတိုင်း အတွက် လုံလောက်သော အသက်ကယ်လှေများ ထားရှိစေပြီး ဆက်သွယ်ရေး ရေဒီယိုတွင် တစ်ယောက်ယောက်က အမြဲတမ်း စောင့်နားထောင်သည့် စနစ်ကို ထည့်သွင်းစေခဲ့သည်။

ပြန်လည်ရှာဖွေခြင်း

သင်္ဘောပျက် ကို ပြင်သစ်နှင့် အမေရိကန် တို့ ပါဝင်သော ရောဘတ် ဘောလက် နှင့် ယန်းလူးဝစ္စ မိုက်ကယ် တို့ ဦးဆောင်သည့် ရှာဖွေရေး အဖွဲ့မှ ၁၉၈၅ စက်တင်ဘာ ၁ ရက် မနက် ၁ နာရီ တွင် ပြန်ရှာတွေ့ခဲ့သည်။

အခြား

ထိုနစ်မြှပ်မှုနှင့်ဆိုင်သော ရုပ်ရှင်များစွာ ပေါ်ထွက်ခဲ့သည်။ အကျော်ကြားဆုံးသော ရုပ်ရှင်မှာ ၁၉၉၇ ခုနှစ်က ပြသခဲ့သော တိုင်တန်းနစ် အမည်ရှိ ရုပ်ရှင်ဖြစ်ပြီး ကိတ်ဝင်းစလက် နှင့် လီယိုနာဒို ဒီကပ္ပရီယို တို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ကိုးကား

Tags:

တိုင်တန်းနစ်သင်္ဘော တည်ဆောက်ပုံတိုင်တန်းနစ်သင်္ဘော နစ်မြုပ်ခြင်းတိုင်တန်းနစ်သင်္ဘော အသက်ရှင်ကျန်ရစ်သူများတိုင်တန်းနစ်သင်္ဘော အကျိုးဆက်များတိုင်တန်းနစ်သင်္ဘော ပြန်လည်ရှာဖွေခြင်းတိုင်တန်းနစ်သင်္ဘော အခြားတိုင်တန်းနစ်သင်္ဘော ကိုးကားတိုင်တန်းနစ်သင်္ဘောဂျေ ပီ မော်ဂန်ဗြိတိသျှ

🔥 Trending searches on Wiki မြန်မာဘာသာ:

နေပြည်တော် ပြည်ထောင်စုနယ်မြေသစ်တောတောင်ကုတ်မြို့ဟစ်တလာဥဩမြန်မာနိုင်ငံ၏ အမည်များပန်းဂျူးဘာသာရှမ်းဘာသာစကားမြစ်ကြီးနားမြို့ရွှေကြာ (ရုပ်ရှင်)မြန်မာစာရေးဆရာများ စာရင်းတပ်မတော် (ရေ)ကမ္ဘာဂြိုဟ်ကင်းခြေများစမ်းချောင်းမြို့နယ်လောကနီတိမြန်မာနိုင်ငံ၏ လူဦးရေပညတ်တော်ဆယ်ပါးကြို့ထိုးခြင်းတပင်ရွှေထီးဝီကီရှမ်းလူမျိုးဆယ်ပါးသီလလိင်တူစုံမက်ခြင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်စိုးထွဋ်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းလက်ဖက်ထင်းရှူးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလိင်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းဓမ္မရံကြီးဘုရားဗင်နီဇွဲလားနိုင်ငံအောင်ဆန်းမဟာဂီရိနတ်နို့ဘာသာစကားကိုရီးယားနိုင်ငံခွေးတောက်ပင်အာရုံခြောက်ပါး၂၄ ပစ္စည်းပါရမီကယားပြည်နယ်သဲအင်းဂူဆရာတော်ခရစ္စတီယာနို ရော်နယ်လ်ဒိုဂျိုးလေးရွာ၊ ဝေါမြို့နယ်နရသီဟပတေ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဗုဒ္ဓစက္ကူပန်းမဟာရဋ္ဌသာရ၊ သျှင်မိုဟာမက်ဝိပဿနာကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ်ဝါခေါင်လရာသီဥတုအင်းတော်ကြီးကန်ဧရာဝတီတိုင်းဒေသကြီးကျော်ဟိန်းနတ်အီကွေတာသစ္စာလေးပါးပေါက်မြို့ဘရူနိုင်းနိုင်ငံကမ္ဘာမကြေဘူးသက္ကရာဇ်အိတ်ချ်အိုင်ဗွီ ရောဂါပိုးကာတို့ဗမာအစည်းအရုံးအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မိုင်တဲလ် မြန်မာမိမိကိုယ်ကို သတ်သေခြင်းအမေရိကန်ပြည်ထောင်စု🡆 More