တရုတ်ဟင်းလျာ

တရုတ်ဟင်းလျာများ (中國菜 ၊ 中華料理 ၊ 中國料理) သည် တရုတ်ပြည်မှ အစပြုကာ အာရှမှတဆင့် အမေရိကန်၊ ဩစတြေးလျ၊ အနောက်ဥရောပနှင့် တောင်အာဖရိက စသည့် ကမ္ဘာ့နေရာအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ ယနေ့တွင် အရှေ့ဥရောပနှင့် တောင်အာရှ ဒေသများတွင်လည်း တရုတ်ဟင်းလျာများကို နှစ်သက်သူများ ရှိလာပြီဖြစ်သည်။ အမေရိကန် တရုတ်ဟင်းလျာနှင့် အိန္ဒိယ တရုတ်ဟင်းလျာတို့သည် ဒေသခံများ၏အကြိုက်နှင့် အစပ်အဟပ်တည့်အောင် ပြင်ဆင်ချက်ပြုတ်ထားသည့် တရုတ်ဟင်းလျာများဖြစ်သည်။ ယင်းဟင်းလျာများ၏ အရသာမှာ မူလတရုတ်ဟင်းလျာများ၏ အရသာနှင့် ကွာဟချက်များရှိသည်။

တရုတ်ဟင်းလျာ
တရုတ်ဟင်းလျာ
ဒေသအလိုက် ဟင်းလျာများ
ဟင်းလျာကြီး ၈ မျိုး

အန်းဟွေး - ကွမ်တုန်း – ဖူကျန့် – ဟူနန်
ကျန်းစူး – ဆန်းတုန်း – စိချွမ်း – ဂျဲ့ကျန်း



ဒေသအလိုက် ကွဲပြားမှု

တရုတ်ဟင်းလျာ 
စုန့်မင်းဆက်တွင် ပြန်လည် မွမ်းမံထားသည့် ထန်မင်းဆက်ခေတ်မှ ညစာစားပွဲ တည်ခင်းနေပုံ ပန်းချီကား

P တရုတ်ပြည်တွင်း၌ပင် ဒေသအလိုက် ချက်နည်းပြုတ်နည်း မတူကြပေ။ ထို့ကြောင့် တရုတ်ပြည် တလွှားတွင် မတူသည့် ဟင်းလျာများ ပေါ်ပေါက်လာပြီး အဓိကအားဖြင့် ဟင်းလျာကြီး ၈ မျိုး (八大菜系) အဖြစ်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အန်းဟွေးဟင်းလျာ (徽菜)၊ ကွမ်တုန်းဟင်းလျာ (粵菜)၊ ဖူကျန့်ဟင်းလျာ (閩菜)၊ ဟူနန်ဟင်းလျာ (湘菜)၊ ကျန်းစူးဟင်းလျာ (蘇菜)၊ ဆန်းတုန်းဟင်းလျာ (魯菜)၊ စိချွမ်းဟင်းလျာ (川菜) နှင့် ကျဲ့ကျန်းဟင်းလျာ (浙菜) တို့ ဖြစ်ကြသည်။ အချို့မှာလည်း တရုတ်ဟင်းလျာများကို အကျမ်းအားဖြင့် ဟင်းလျာကြီး ၄ မျိုး (四大菜系) အဖြစ်သာ ခွဲခြားတတ်ကြသည်။ အဓိကအားဖြင့် ပထဝီအနေအထားအလိုက် စစ်ချွမ်း (အနောက်ပိုင်း)၊ ကွမ်သုန်း (တောင်ပိုင်း)၊ ဆန်းသုန်း (မြောက်ပိုင်း) နှင့် ဟွေ့ယန်ဟင်းလျာ (淮揚菜) (အရှေ့ပိုင်း) ဟူ၍ ဟင်းလျာကြီး ၄ မျိုးအဖြစ် လူသိများကြသည်။

ယခုခေတ်တွင် ပေကျင်းဟင်းလျာ (京菜) နှင့် ရှန်ဟိုင်းဟင်းလျာ (滬菜) ကိုလည်း အလေးထားလာကြပြီး သမားရိုးကျ ဟင်းလျာ ၈ မျိုးတွင် ပေါင်းထည့်ကာ တရုတ်ဟင်းလျာကြီး ၁၀ မျိုး (十大菜系) ဟုလည်း ဖော်ပြလာကြသည်။ ထို့အပြင် တရုတ်ဘုန်းကြီးကျောင်းများတွင် ချက်ပြုတ်သုံးဆောင်ကြသည့် သက်သတ်လွတ် ဟင်းလျာ (齋菜) များသည်လည်း လူသိများသည့် တရုတ်ဟင်းလျာ တစ်မျိုးဖြစ်သည်။

မြန်မာပြည်တွင် လူသိများသည့် တရုတ်အစားအစာများ

  • ဆီချက်ခေါက်ဆွဲ
  • ကော်ရည်ခေါက်ဆွဲ
  • ပေါက်စီ
  • ခုနစ်လွှာပေါက်စီ
  • အီကြာ‌ကွေး
  • ပီကင်းဘဲကင်
  • ဖက်ထုပ်
  • ဖက်ထုပ်ကျော်
  • ကော်ပြန့်ကျော်
  • ကော်ပြန့်စိမ်း
  • တိုဖူးနွေး
  • တိုဖူးချဉ်
  • စွမ်ထန်
  • မုန်ညှင်းချဉ်
  • ဝက်အူချောင်း
  • ဘဲဥငန်
  • ကောက်ညှင်းထုပ်
  • ကစော်
  • မုန့်လုံးရေပေါ်

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

တရုတ်ဟင်းလျာ ဒေသအလိုက် ကွဲပြားမှုတရုတ်ဟင်းလျာ မြန်မာပြည်တွင် လူသိများသည့် တရုတ်အစားအစာများတရုတ်ဟင်းလျာ ကိုးကားတရုတ်ဟင်းလျာ ပြင်ပလင့်ခ်များတရုတ်ဟင်းလျာတရုတ်ပြည်အမေရိကန်ပြည်ထောင်စုအာဖရိကအာရှဥရောပဩစတြေးလျ

🔥 Trending searches on Wiki မြန်မာဘာသာ:

မေတ္တေယျဘုရားဝပြည်နယ်လာအိုနိုင်ငံမြန်မာနိုင်ငံရှိ မြို့များညောင်ကုန်း (တောင်)ရွာ၊ ပျော်ဘွယ်မြို့နယ်ဝင်းဦးဖားကန့်မြို့ကိုရီးယားနိုင်ငံမြေပုံဆွဲပညာသမ္မာကျမ်းစာဘုရား (ဗုဒ္ဓဘာသာ)ကြောင် (တိရစ္ဆာန်)လေယာဉ်ပျံတောင်သူလယ်သမားနေ့ဘရူနိုင်းနိုင်ငံထေရဝါဒအောင်ဆန်းပညာရေးဝန်ကြီးဌာနကျော်ဟိန်းရွှေမော်ဓောဘုရား(ပဲခူး)ကာတာနိုင်ငံကင်းစီးနရသူ (ပုဂံ)မင်္ဂလသုတ်နေပြည်တော် ပြည်ထောင်စုနယ်မြေမြို့မငြိမ်းသက္ကာယဒိဋ္ဌိရခိုင်ဘာသာစကားဆိုရှယ်လစ်ဝါဒမြန်မာစာစတင်ဖြစ်ပေါ်လာပုံပြည်ထောင်စု တိုင်းရင်းသား လူမျိုးများသူငယ်နာပါလီမန် ဒီမိုကရေစီ စနစ်မိုးကုတ်မြို့ရာဟုလာကျုံးဝတ်စားဆင်ယင်မှုမြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်ဘောလုံးကစားခြင်းဒူဘိုင်းမြို့ရန်ကုန်-မန္တလေး အမြန်လမ်းသည်အမျိုးသမီး (ရုပ်ရှင်)မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ရှင်စောပုအရေပြားလေးဘက်နာရောဂါဧရာဝတီတိုင်းဒေသကြီးလေမုန်တိုင်းလေးဖြူရှမ်းပြည်နယ်ကျောက်ခေတ်သစ်ခွေးတောက်ပင်ကျွန်းပင်ပြေတီဦးလွှမ်းမိုးကွန်မြူနစ်ဝါဒနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမင်းလူဘဒ္ဒကမ္ဘာဧရိယာအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်းဗဟိုစာမျက်နှာမြောင်းမြမြို့ထိုင်းဘာသာစကားဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းမြန်မာသင်ပုန်းကြီးမြန်မာ့တော်လှန်ရေးအစ္စရေးနိုင်ငံခွေးအသောကမင်းစိုင်းထီးဆိုင်အခွန်အခဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ပဋ္ဌာန်းမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများ🡆 More