ပီကင်းဘဲကင်သည် ကမ္ဘာတွင် နာမည်ကျော်သော တရုတ်ရိုးရာဟင်းလျာ တစ်မျိုးဖြစ်သည်။
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
တရုတ်နိုင်ငံ ပေကျင်းမြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးတွင် ကျောက်စိမ်းရေယဉ်ကုန်း ခေါ် တောင်ကုန်းတစ်ခု ရှိသည်။ ၎င်းတောင်ခြေရင်း၌ စမ်းရေအိုင် တစ်အိုင်ရှိရာ ထိုအိုင်မှ ရေတို့သည် ကျောက်စိမ်းရောင်ကဲ့သို့ ကြည်လင်ခြင်း၊ စင်ကျယ်ခြင်း ရှိသည်ဟု ရှေးလူကြီးများက ဆိုကြသည်။ ပေကျင်းမြို့သူ မြို့သားတို့အတွက် သောက်ရေကို ထိုရေအိုင်မှ အများအပြား ယူရသည်။ ထို့ပြင် ပတ်ဝန်းကျင်အရပ်ရှိ လယ်ယာမြေများသို့ ၎င်းရေအိုင်မှ ရေသည် ချောင်းငယ်များအဖြစ် စီးဆင်းလျက် ထိုဒေသတို့မှာ နွေရာသီ၌ မပူလွန်း၊ ဆောင်းရာသီ၌လည်း မအေးလွန်းဘဲ အလွန် ဥတုသပ္ပါယဖြစ်သည်ဟု ဆိုသည်။ နာမည်ကျော် ပီကင်းဘဲကြီးများကို ဤအရပ်၌ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ ကျော်မှစ၍ တရုတ်လယ်သမားတို့ မွေးမြူကြသည်။
ပီကင်းဝမ်းဘဲတို့ကို မွေးမြူရာ၌ အလွန်ကြီးထွားလွယ်သည်။ တစ်နှစ် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ဘဲတစ်ကောင်မှ ဥပေါင်း ၁၂ဝ မှ ၁၈ဝ အထိ ဥသည် ဆို၏။ ဝမ်းဘဲပေါက်စကလေးများကို အစာရေစာကောင်းစွာကျွေးမွေးပြုစုလျှင် ရက်ပေါင်း ၆၀ အတွင်း မူလအလေးချိန်၏ ၃၅ ဆမျှ ကြီးထွားလာသည်။ နှစ်လသားကျော်လျှင် ၎င်းဘဲမျိုးကောင်းများကို မူလကျွေးနေသောအစာမှ ဂျုံနှင့် ပြောင်းသို့ ပြောင်းလဲကျွေးမွေးလိုက်ရာ အလေးချိန်ထပ်၍တိုးလာပြန်သည်။ သုံးလသားပြည့်လျှင် ဈေးသို့ချရောင်းသည်။ ပီကင်းဘဲမှာ သုံးလသားတွင် စား၍အကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။
၁၉၅၃ ခုနှစ်တွင် ရုရှားပြည်၊ မော်စကိုမြို့၌ တရုတ်ပြည်ပြပွဲကြီး ကျင်းပရာ ထိုပြပွဲသို့ ပေကျင်းမြို့မှ ဘဲကင်ဆိုင်တစ်ဆိုင် သွား၍ဖွင့်ခဲ့၏။ ထိုအခါမှစ၍ လူကြိုက်များလာသဖြင့် သွားရောက်သော တရုတ်လူမျိုး ထမင်းချက်များသည် မော်စကိုမြို့၌ နေခဲ့ပြီး ဘဲကင်လုပ်ငန်းကို လုပ်ကိုင်နေသည်ဟု ဆိုပေသည်။ ၁၉၅၄ ခုနှစ်ကလည်း ဂျာမနီပြည် လစ်ပဇစ်ပြပွဲကြီး၌ ပီကင်းဘဲကင်ဆိုင် ဖွင့်ခဲ့ရသည်။ ဤမျှပင် ထင်ရှားသော ဘဲကင်ဖြစ်သည်။
ခရစ်နှစ် ၁၈၇၄ ခုတွင် ပေကျင်းမှ ဘဲမျိုးများကို အမေရိကန်ပြည်သို့ ယူ၍မွေးမြူခဲ့သဖြင့် နောင်အခါ၌ အမေရိကန်တွင် လောင်းအိုင်လင်း ဝမ်းဘဲ မျိုးအဖြစ် ထင်ရှားခဲ့သည်ဟု ဆို၏။ အင်္ဂလန်နှင့် တကွ အခြားတိုင်းပြည်များသို့လည်း ပီကင်းဘဲမျိုးများ ရောက်သည်ဟု ဆိုသည်။ ၎င်းဘဲမျိုးသည် ရာသီဥတုနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသည်။ နှုတ်သီးနှင့် ခြေထောက်များသည် ရဲရဲနီပြီး အလွန်ကြည့်၍ကောင်းသည်။
ပေကျင်းမြို့ရှိ နာမည်ကျော်ဆိုင်ကြီးများ၌ ဝမ်းဘဲများကို ကင်သောအခါ သလဲသားထင်းနှင့် စွန်ပလွန်သား ထင်းတို့ကိုသာ သုံးသည်။ ဤထင်းများဖြင့် ကင်သောအခါ ဘဲကင်တွင် အနံ့တစ်မျိုးကောင်းသည်ဟု ဆိုလေသည်။
ပီကင်းဘဲကင်သည် တရုတ်အင်ပါယာ ဘုရင်များအတွက် တော်ဝင်ဟင်းလျာ ဖြစ်ခဲ့သည်။ မင်းဆက် အဆက်ဆက်ကနေ နောက်ဆုံး မင်မင်းဆက်၊ နောက်ဆုံး အင်ပါယာ ထိပင် ဖြစ်သည်။ ကွန်မြူနစ်ခေတ်တွင် ဝန်ကြီးချုပ် ချုအင်လိုင်က ဧည့်သည်များအတွက် စားသောက်ဆိုင်ရွေးချယ်ရာမှ ပီကင်းဘဲကင် ပြန်လည်ခေတ်စားလာသည်။ ယဉ်ကျေမှုတော်လှန်းရေး အတောအတွင်း ပီကင်းဘဲကင် ပြုလုပ်သည့် နည်းပညာ မပျောက်ပျက်သွားခဲ့ပါ။
ပေကျင်းမြို့တော်တွင် နာမည်ကျော် ရှေးအကျဆုံး ပီကင်းဘဲကင်ဆိုင် နှစ်ဆိုင်ရှိသည်။ Quanjude (全聚德) နှင့် Bianyifang (便宜坊) တို့ဖြစ်သည်။ Bianyifang သည် ပိုရှေးကျသော်လည်း Quanjude က marketing ကောင်း၍ ပိုထင်ရှားလာသည်။ တခြားနယ်များတွင်လည်း ကိုယ်စားလှယ်ခွင့်ရထားသည့် ဆိုင်ခွဲများရှိသည့်အပြင် နိုင်ငံခြား တိုင်းပြည်များတွင်ပင် ဆိုင်ခွဲများ ဖွင့်ထားပြီးဖြစ်သည်။ Quanjude ဆိုင်သည် လူသုံးထောင်လောက် ဆန့်သည့် စားသောက်ဆိုင်ကြီး တစ်ဆိုင်ဖြစ်သည်။ ထို့အပြင် VIP သီးသန့်အခန်း၊ အမြန်စားချင်သူများအတွက်နှင့် ထုပ်သွားချင်သူများအတွက် နေရာသီးသန့် လုပ်ပေးထားသည်။ ဆိုင်တွင် သွားရောက် စားသောက်ခဲ့ဖူးသည့် VIP များ၏ ဓာတ်ပုံများအား ချိတ်ဆွဲထားသည်ကို တွေ့နိုင်သည်။ ပေကျင်းရောက် အမေရိကန် သမ္မတ အဆက်ဆက်တို့၏ ပုံများလည်းပါဝင်သည်။
ပီကင်းဘဲကင်ကို ယူလာပြီး စားဖိုမှူးများက ကျွမ်းကျင်စွာ လှီးဖြတ်ကာ တရုတ်ပဲဆီကြာညှို့ တစ်မျိုးနှင့် အတူတူစားရသည်။ ကန်စွန်းဥထည့်ထားသော Hoisin sauce ဖြစ်သည်။ ကော်ပြန့်ကဲ့သို့ အပြားလေးထဲ လှီးပြီးသား ဘဲကင်၊ ကြက်သွန်မိတ်၊ sauce ထည့်၊ လုံးပြီးထုပ်ကာ စားရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ပီကင်းဘဲကင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.