နို့တိုက်သတ္တဝါ စွေ့

စွေ့ (အင်္ဂလိပ်: Tree shrew or Banxrings) သည် ရှဉ့်နှင့် အလားသဏ္ဌာန်တူပြီး မျိုးနွယ်မတူသော နို့တိုက်သတ္တဝါငယ် တစ်မျိုးပင်ဖြစ်သည်။ စွေ့သည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ဒေသရင်းမျိုးစိတ်များဖြစ်ပြီး ၎င်းဒေသများရှိ ရွက်ပြတ်တောများနှင့် အပူပိုင်းမိုးသစ်တောများတွင် နေထိုင်ကျက်စားသည်ကို တွေ့ရသည်။ ပါဏဗေဒအလိုအရ မျိုးစိတ် (၁၉)မျိုး ပါဝင်သည့် တူပိုင်ဒီး(Tupaiidae) မျိုးရင်း နှင့် မျိုးစိတ် တစ်ခုတည်းသာ ပါဝင်သည့် တီလိုဆာဆစ်ဒီး (Ptilocercidae) မျိုးရင်းဟူ၍ မျိုးရင်း အဆင့် အုပ်စု (၂)ခုဖြင့် စကန်ဒန်းသျှား (Scandentia) ဟူသော မျိုးစဉ် အဆင့်ရှိ နို့တိုက်သတ္တဝါ အုပ်စုအဖြစ် စွေ့ မျိုးနွယ်များအား မျိုးရိုးခွဲခြားသတ်မှတ်ထားလေသည်။

စွေ့
(အင်္ဂလိပ်: Treeshrews)
Temporal range: Middle Eocene – Recent
နို့တိုက်သတ္တဝါ စွေ့
Tupaia sp.
CITES နောက်ဆက်တွဲ - ၂ (CITES)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Grandordo-mb: Euarchonta
မျိုးစဉ်: Scandentia
Wagner, 1855
မျိုးရင်းများ


စွေ့များတွင် ၎င်းတို့၏ ခန္ဓာကိုယ်အရွယ်အစားနှင့် နှိုင်းယှဉ်ပါက လူသား အပါအဝင် အခြားနို့တိုက်သတ္တဝါများထက် အချိုးအစား ပိုကြီးသော ဦးနှောက်ပါရှိကြသည်။

နို့တိုက်သတ္တဝါများ၏ မျိုးစဉ်များထဲတွင် စွေ့ မျိုးစဉ်သည် ပရိုင်းမိတ် မျိုးစဉ်နှင့် မျိုးရိုးနီးစပ်မှုရှိသဖြင့် ဆေးပညာဆိုင်ရာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ရာတွင် ၎င်းတို့အား ပရိုင်းမိတ်များနေရာ၌ အစားထိုးစမ်းသပ်ရန် အသုံးပြုသော တိရိစ္ဆာန်အဖြစ်လည်း အသုံးချလေ့ရှိသည်။

ဖော်ပြချက်

နို့တိုက်သတ္တဝါ စွေ့ 
စွေ့ များ၏ သွား ဖွဲ့စည်းပုံ။
နို့တိုက်သတ္တဝါ စွေ့ 
မဒ္ဒရပ် စွေ့ (Anathana ellioti)
နို့တိုက်သတ္တဝါ စွေ့ 
မြောက်ပိုင်းအွေ့ မြီးရှည်(Dendrogale murin)
နို့တိုက်သတ္တဝါ စွေ့ 
မြောက်ပိုင်း စွေ့ (Tupia belangeri)
နို့တိုက်သတ္တဝါ စွေ့ 
ရိုးရိုး စွေ့ (T. glis)
နို့တိုက်သတ္တဝါ စွေ့ 
ဟော့စဖီး စွေ့ (T. javanica)
နို့တိုက်သတ္တဝါ စွေ့ 
စွေ့ငယ်လေး (T. minor)
နို့တိုက်သတ္တဝါ စွေ့ 
စွေ့မြီးသွယ်

စွေ့ များတွင် ရှည်လျားသော အမြီးနှင့် ပျော့ပျောင်းပြီး မီးခိုးရောင် (သို့) နီညိုရောင်ရှိသော အမွေးများရှိကြသည်။ မြေပြင်ပေါ်တွင် နေထိုင်သော စွေ့ မျိုးစိတ်များသည် အပင်ပေါ်နေသော မျိုးစိတ်များထက် အရွယ် ပိုကြီးမားပြီး ၎င်းတို့၏ အဓိက အစာဖြစ်သော အင်းဆက်ပိုးကောင်များကို ရှာဖွေတူးဖော်ရာ၌ အသုံးပြုနိုင်သော ခြေသည်း/လက်သည်း ရှည်များရှိကြသည်။

စွေ့များသည် အမြင်အာရုံအလွန်ကောင်းပြီး အချို့မျိုးစိတ်များ၌ မှန်ဘီလူးကဲ့သို့ ပုံရိပ်ချဲ့နိုင်သည့် မျက်လုံးများပင်လျှင် ပါရှိကြသည်။

မျိုးပွားခြင်း

စွေ့ အမများ၏ ကိုယ်ဝန်ချိန်ကာလသည် ရက်ပေါင်း ၄၅ ရက် မှ ၅၀ အတွင်းဖြစ်သည်။ သစ်ခေါင်းပေါက်များအတွင်း အရွက်ခြောက်များဖြင့် ပြုလုပ်ထားသော အသိုက်များ၌ မွေးဖွားကြပြီး သားပေါက် (၃)ကောင်အထိ မွေးဖွားတတ်သည်။ စွေ့ အကောင်ပေါက်လေးများသည် မွေးကင်းစတွင် မျက်စိမမြင်နိုင်သည့်အပြင် ခန္ဂာကိုယ်ပေါ်တွင်လည်း အမွေးအမျှင်မပါပဲ ကြွက်ပေါက်ကလေးများကဲ့သို့ လုံးတီးဖြစ်၏။ သို့ပါသော်လည်း မွေးဖွားပြီး တစ်လခန့်အကြာတွင် အသိုက်မှ စွန့်ခွာသွားတတ်ကြသည်။ ထိုကာလအတွင်း မိခင် စွေ့ အမသည် တစ်ရက်ခြား တစ်ကြိမ်လျှင် မိနစ်အနည်းငယ်မျှသာ မိမိရင်သွေးအား ပြုစုစောင့်ရှောက်လေ့ရှိကြသည်။

စွေ့ ငယ်များသည် အသက် လေးလခန့်တွင် လိင်ပိုင်းဆိုင်ရာရင့်ကျက်သည့် အရွယ်သို့ ရောက်ရှိကြသည်။ မျိုးစိတ်အများစု၏ မျိုးပွားလေ့ရှိသည့် ရာသီကာလ အပိုင်းအခြားအား ယနေ့တိုင် တိတိကျကျ မသိနိုင်သေးဘဲ တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိသည်ဟုသာ အကြမ်းဖျင်းသတ်မှတ်ထား၏။

နေထိုင်ပြုမူပုံ

စွေ့ များသည် မိသားစုအုပ်စုငယ်လေးများအနေဖြင့် စုပေါင်း၍ နယ်နိမိတ်ပိုင်းခြား သတ်မှတ်၍နေထိုင်လေ့ရှိကြပြီး အခြားအုပ်စုများမှ ကျူးကျော်လာပါက ဝိုင်းဝန်း တုံ့ပြန် ကာကွယ်လေ့ရှိသည်။

စွေ့ အများစုသည် နေ့ အချိန်သာ သွားလာကျက်စားသည့် မျိုးစိတ်များဖြစ်ကြပြီး စွေ့မြီးသွယ် ကဲ့သို့ မျိုးစိတ်အချို့မှာမူ ညဉ့် အချိန် ကျက်စားကြသည်။

အစားအသောက်

စွေ့ များသည် အင်းဆက်ပိုးမွှားများ၊ ကျောရိုးရှိသတ္တဝါငယ်များ၊ သစ်သီးများနှင့် သစ်စေ့များကို စားလေ့ရှိကြသည်။ မလေးရှားနိုင်ငံရှိ စွေ့ မျိုးစိတ်အချို့သည် သဘာဝအတိုင်း အချဉ်ပေါက်နေသော ပန်းဝတ်ရည် (အရက်ပါဝင်မှု ၃.၈ %) အမြောက်အမြားကို တစ်နှစ်ပတ်လုံး စားသုံးကြသည်ဟု သိရသည်။

ဇီဝမျိုးရိုးခွဲခြားခြင်း

Scandentia (စွေ့ မျိုးစဉ်)

Glires

Rodentia (ကိုက်ဖြတ်သတ္တဝါများ)

Lagomorpha (ယုန်မျိုးနွယ်များ)

Primatomorpha

Dermoptera (မျောက်လောင်းပျံ မျိုးစဉ်)

Plesiadapiformes

Primates (ပရိုင်းမိတ် မျိုးစဉ်)

စွေ့ မျိုးစိတ်များ

မျိုးစဉ်။ Scandentia

  • မျိုးရင်း။ Tupaiidae
    • မျိုးစု။ Anathana
      • Madras treeshew, A. ellioti
    • မျိုးစု။ Dendrogale
      • Bornean smooth-tailed treeshrew, D. melanura
      • Northern smooth-tailed treeshrew, D. murina
    • မျိုးစု။ Tupaia
      • Northern treeshrew, T. belangeri
      • Golden-bellied treeshrew, T. chrysogaster
      • Banka Island treeshrew, T. discolor
      • Striped treeshrew, T. dorsalis
      • Mindanao treeshrew, T. everetti
      • Sumatran treeshrew, T. ferruginea
      • Common treeshrew, T. glis
      • Slender treeshrew, T. gracilis
      • Javan treeshrew, T. hypochrysa
      • Horsfield's treeshrew, T. javanica
      • Long-footed treeshrew, T. longipes
      • Pygmy treeshrew, T. minor
      • Mountain treeshrew, T. montana
      • Nicobar treeshrew, T. nicobarica
      • Palawan treeshrew, T. palawanensis
      • Painted treeshrew, T. picta
      • Kalimantan treeshrew, T. salatana
      • Ruddy treeshrew, T. splendidula
      • Large treeshrew, T. tana
  • မျိုးရင်း။ Ptilocercidae
    • မျိုးစု။ Ptilocercus
      • Pen-tailed treeshrew, P. lowii


ကိုးကား


Tags:

နို့တိုက်သတ္တဝါ စွေ့ ဖော်ပြချက်နို့တိုက်သတ္တဝါ စွေ့ မျိုးပွားခြင်းနို့တိုက်သတ္တဝါ စွေ့ နေထိုင်ပြုမူပုံနို့တိုက်သတ္တဝါ စွေ့ အစားအသောက်နို့တိုက်သတ္တဝါ စွေ့ ဇီဝမျိုးရိုးခွဲခြားခြင်းနို့တိုက်သတ္တဝါ စွေ့ ကိုးကားနို့တိုက်သတ္တဝါ စွေ့နို့တိုက်သတ္တဝါမျိုးစဉ်မျိုးရင်းရှဉ့်အင်္ဂလိပ်ဘာသာစကားအရှေ့တောင်အာရှ

🔥 Trending searches on Wiki မြန်မာဘာသာ:

တောင်ငူခေတ်ငါးပါးသီလလောက (ဗုဒ္ဓဘာသာ)လားရှိုးမြို့ဝိနည်းပိဋကတ်ဗေဒင်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းတောင်ကြီးမြို့စီးပွားရေးယဉ်ကျေးမှုချောင်းသာကမ်းခြေတိုင်းစစ်ဌာနချုပ်ဦးဆောင်းဒိုင်းခင်ခင်အငဲမြန်မာ အမျိုးသား ဘောလုံးအသင်းဂျူး (စာရေးဆရာမ)ပဲခူးတိုင်းဒေသကြီးဆိုရိုးစကားနေတိုးအောင်ခြင်း ၈ ပါးအမျိုးသားနေ့မြန်မာဝီကီပီးဒီးယားစွယ်စုံကျမ်းလူ့အခွင့်အရေးမြန်မာသင်ပုန်းကြီးအင်းလေးကန်တရားဂုဏ်တော်မြန်မာစာစတင်ဖြစ်ပေါ်လာပုံယူရိုကွမ်းရွက်ပင်သိန်းစိန် (နိုင်ငံတော်သမ္မတ)မြန်မာနိုင်ငံရှိ ခရိုင်များမွန်ဘာသာစကားမြန်မာနိုင်ငံ သစ်တောများကျန်စစ်သားအင်တာနက်ဇီးကွက်ရှစ်လေးလုံးအရေးအခင်းဒူဘိုင်းမြို့တာလပေါဟင်းဇီဝဗေဒအင်္ဂလိပ်ဘာသာစကားသိန်း၊ ဆရာ (မော်ပီ)မယ်နုအုတ်ကျောင်းဂဠုန်ဆရာစံမုန့်လုံးရေပေါ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းပူတာအိုမြို့ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းလောင်းကစားခြင်းဘဉာဏ် (ပန်းချီဆရာ)ကွန်ပျူတာကျောက်ခေတ်သစ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ရိဒ်ရေကန်သိပ္ပံပညာနာဇီဂျာမနီမင်းသုဝဏ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတောင်ငူမင်းဆက်၂၄ ပစ္စည်းမနုဿဗေဒဗိဿနိုးမြို့ဟောင်းလိင်တူစုံမက်ခြင်းမဂ္ဂင် ၈ ပါးကော့သောင်းမြို့ကံရေမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘီတီအက်စ်အာဠာဝကဘီလူးသရဏဂုံမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများအဲလက်စ်ဆာ အင်တာနက်🡆 More