စိန်ပန်းပင်

ရုက္ခဗေဒ အလိုအားဖြင့် စိန်ပန်းပင်ကို 'ပွိုင်စီအားနား ရီဂျီယား'ဟု ခေါ်၏။ ထိုအပင်သည် 'လီဂူမီနိုစီး' မျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ပေါက်သော အပင်မျိုး မဟုတ်ပေ။ မူလပေါက်ရောက်ရာအရပ်မှာ အာဖရိကတိုက်အနီးရှိ မက်ဒါဂက်စကာကျွန်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ရှေးအခါမှစ၍ စိန်ပန်းပင်ကို စိုက်ပျိုးခဲ့ကြသည်။

စိန်ပန်းပင်
စိန်ပန်းပင်။

စိန်ပန်းပင်သည် အမြင့်ပေ ၃ဝ မကရှိသည်။ အရွက်များမှာ မန်ကျည်းရွက်နှင့် ဆင်တူသည်။ အခေါက်မှာညို၍ အနည်းငယ်ကြမ်းသည်။ မိုးဦးကျတွင် လှပသောပန်းပွင့်များပွင့်သည်။ ပန်းပွင့်များမှာ ကြီး၍ အနီရောင်အမျိုးမျိုးရှိကြသည်။ အပေါ်ပွင့်ချပ်၌ အနီနှင့် အဝါစင်းများများ ပါရှိကြသည်။ အသီးမှာ အသီးတောင့်များဖြစ်သည်။ ထိုအသီးတောင့်များသည် အပြားကြီး၍၊ အလျား ၁ ပေမှ ၂ ပေအထိ ရှိသည်။ စိန်ပန်းပင်သည် တစ်နှစ်ပတ်လုံး အမြဲတမ်းလိုပင် စိမ်းလန်းနေတတ်သော်လည်း၊ အရိပ်ကောင်းသော အပင်မျိုးကား မဟုတ်ပေ။ နွေရာသီ၌ ရက်သတ္တပတ်အနည်းငယ်ကြာခန့်သာ အရွက်များကင်းလျက်ရှိသည်။ လှပသော ပန်းပွင့်များ ပွင့်သော ပန်းပင်တစ်မျိုးအဖြစ်ဖြင့် စိန်ပန်းပင်ကို စိုက်ကြသည်။ စိန်ပန်းပင်သည် သန်မာ၍ အကြီးမြန်သော အပင်မျိုးဖြစ်သည်။ စိန်ပန်းပင်ကိုအစေ့မှ စိုက်ပျိုးလေ့ရှိသည်။ သို့သော်အကိုင်းများကို ဖြတ်၍လည်း စိုက်ယူနိုင်သည်။ မိုးတွင်းအခါ၌ သီးတောင့်များမှည့်သည်။ သီးတောင့်များမှ မျိုးစေ့ထုတ်ယူ၍ ကောင်းစွာသိမ်းထားရသည်။ မျိုးစေ့များမှ အညှောက်များ ပေါက်လာစေရန် မြေအိုးတွင် ဦးစွာ စိုစွတ်နေအောင် ပြုလုပ်ထားသော မြေဩဇာထဲတွင် ၂ လခန့် မြှုပ်ထားရသည်။ ထို့နောက် မိုးဦးကျတွင် အညှောက်ပေါက်လာသော အစေ့များကို ပျိုးခင်းတွင်တစ်ဖန် စိုက်ပျိုးရသည်။ ပျိုးခင်းတွင် ၂ နှစ် ခန့်စိုက်ပျိုးပြီးနောက် အပင်ငယ်ကလေးများကို အလိုရှိသည့် နေရာများသို့ ပြောင်းရွှေ့၍ စိုက်ပျိုးကြသည်။ ပူသောရာသီဥတု ရှိသည့်နေရာများ၌ စိုက်ခါစ အပင်ကလေးများကို ရေလောင်းပေးရန်လိုသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ချဉ်ပေါင်ဂျူး (စာရေးဆရာမ)ကိုးကန့်လူမျိုးဘုရင့်နောင်လူ့အခွင့်အရေးလီဆာမြန်မာနိုင်ငံရှိ ခရိုင်များရေသည်ပြဇာတ်ယဉ်ကျေးမှုမြန်မာ့ဝတ်စားဆင်ယင်မှုမြန်မာပြဇာတ်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကုလသမဂ္ဂငါးမျိုးစိတ်များ စာရင်းပြဇာတ်မြန်မာနိုင်ငံ၏ စီးပွားရေးပန်ထွာဘုရင်မရွှေတိဂုံစေတီတော်မြန်မာအက္ခရာသမိုင်းကိုကိုးကျွန်းအတွင်း ၃၇ မင်းမြန်မာနိုင်ငံ၏ အလံတော်အာနန္ဒာဘုရားဗောဇ္ဈင်ခုနစ်ပါးဘန်ကောက်မြို့မင်္ဂလသုတ်မန္တလေးမြို့၂၄ ပစ္စည်း၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကီလိုမီတာအပူသာယာဝတီမင်းထားဝယ်လူမျိုးနတ်သျှင်နောင်အဖြူဆင်းခြင်းမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမြန်မာကျပ်ငွေအဆိပ်ပင်များစကြဝဠာမြန်မာ့စီးပွားရေးလုပ်ငန်းများအကြည်တော်ဧဝရတ်တောင်ဝဲအမေရိကန်ပြည်ထောင်စုငပလီကမ်းခြေအိချောပိုရေးမြို့ဟင်္သာတမြို့မင်းအောင်လှိုင်လောက်ကိုင်မြို့မဏိစန္ဒာရန်ကုန်မြို့စိတ်ချရသော လိင်ဆက်ဆံမှုသီတင်းကျွတ်လပြည့်နေ့ကရင်လူမျိုးပါဠိကွန်ပျူတာမြန်မာတိုင်းရင်းသားမျိုးနွယ်များညစ်ညမ်းခြင်းများမိုင်တဲလ် မြန်မာပွေး(ရောဂါ)ရာပြည့်Minecraftအင်းလေးကန်မြန်မာဝီကီပီးဒီးယားည (ရုပ်ရှင်)တစ်သောင်းကျပ်တန် ငွေစက္ကူမြန်မာနာမည်ပထမ အင်္ဂလိပ် - မြန်မာစစ်ကော့သောင်းမြို့ကုန်းဘောင်မင်းဆက်ဥဩသင်္ကြန်မိုးအာရှမဟာဘူတဆွီဒင်နိုင်ငံကဗျာလင်္ကာဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ🡆 More