စမုန်ဖြူ: အပင်မျိုးစိတ်တစ်ခု

ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁ ပေမှ ၃ပေထိမြင့်၏ ။ ပင်စည် ထောင်မတ်သည်။ ကိုင်းဖြာသည်။ အနံ့ရှိ၏ ။ အရွက် ငှက်မွေး နှစ်ခါ သို့မဟုတ် သုံးခါရွက်ပေါင်း ဖြစ်၏ ။ အပွင့်: သေးငယ်၍ အဖြူရောင်ရှိပြီး ထီးကဲ့သို့ ပွင့်၏ ။ အသီး : အလွန်သေးငယ်၍ ဘဲဥပုံရှိသည်။ အမြှောင်းပါသည်။ အစေ့ အလွန်သေးငယ်သည်။

Trachyspermum ammi
Flowers of Trachyspermum ammi
Flowers of Trachyspermum ammi
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Apiaceae
မျိုးစု: Trachyspermum
မျိုးစိတ်:
T. ammi
ဒွိနာမ
Trachyspermum ammi
(L.) Sprague ex Turrill
Synonyms
  • Ammi copticum L.
  • Carum copticum (L.) Link
  • Trachyspermum copticum Link
  • Sison ammi L.

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ : စိုက်ပင်ဖြစ်သည်။ စိုက်စနစ် ၊ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်းဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်းတို့မှာ စမုန်စပါးအတိုင်း ဖြစ်၏ ။

အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စမုန်ဖြူသည် ခါး ၊ စပ်သော အရသာ ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ၊ ထက်မြက်၍ ကြေလွယ်၏ ၊ ဝမ်းမီးကိုတောက်စေ၏ ၊ သည်းခြေကို ပွားစေ၏ ၊ လေ၊ သလိပ် ၊ ဒေါသ ကို နိုင်၏ ။

အသုံးပြုပုံ- အစေ့

  1. စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
  2. စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
  3. စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
  4. စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဗမာလူမျိုးဝင်းဦးဂျူး (စာရေးဆရာမ)ရှမ်းလူမျိုးသွေးအုပ်စုတဖုဿနှင့် ဘလ္လိကသစ်သီးဝလံလယ်တီဆရာတော်မဟာဗန္ဓုလပညာမြန်မာ့အလင်း သတင်းစာအီတလီနိုင်ငံလယ်တွင်းသား စောချစ်နမ့်စန်မြို့အမျိုးသားစာပေဆုရစာအုပ်စာရင်းရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးကုန်းဘောင်ခေတ်နတ်သင်္ဃန်းကျွန်းမြို့နယ်မှန်နန်း ရာဇဝင်ပထဝီဝင်မွန်ဘာသာစကားမုန့်လုံးရေပေါ်ချဉ်ပေါင်ဗီယက်နမ်စစ်ပွဲမြန်မာစာစတင်ဖြစ်ပေါ်လာပုံစာရာမေတိတောင်ကင်ပွန်းချဉ်ပင်ဆိုင်းဝိုင်းချစ်ဦးညိုကိုရီးယားစစ်ပွဲကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများမြသလွန်ဘုရားလိင်စိတ်ဆွခြင်းကျောက်ကပ်ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းအစ္စလာမ် သမိုင်းအခွန်အတုတ်ဘူရိဒတ်ဇာတ်တော်မြန်မာကိန်းဂဏန်းများသရဏဂုံစိုင်းထီးဆိုင်ဘိန်းတပ်မတော် (လေ)တရုတ် - မြန်မာ စစ်ပွဲများပြည်မြို့မြန်မာနိုင်ငံဆန်စက်တင်ဘာ ၁၈၈၃အင်းဝခေတ်ဒန့်သလွန်စာပေအသည်းရောင် အသားဝါ ရောဂါ စီပိုးဘရူနိုင်းနိုင်ငံမြစ်ကြီးနားမြို့ကချင်လွတ်မြောက်ရေးတပ်မတော်ရခိုင်ပြည်နယ်ဝီကီပီးဒီးယားမိန်းမ မျိုးပွားအင်္ဂါထေရဝါဒနတ်သျှင်နောင်တောင်ငူခေတ်တောင်သူလယ်သမားနေ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အိုင်ချင်းအင်္ဂလန်နိုင်ငံကိုရီးယားနိုင်ငံမြန်မာနိုင်ငံ၏ ဘာသာစကားများချင်းလူမျိုးနန်းလုံးကြိုင်လင်ခန်းမယားခန်း ပြတ်စဲခြင်းတောင်ကိုရီးယားနိုင်ငံသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ညောင်ရမ်းမင်းဆက်🡆 More