ကွန်နက်တီကတ်ပြည်နယ်

ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ မူလပြည်နယ်ကြီး ၁၃ ခုတွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ်ကမ်းခြေဘက်တွင် တည်ရှိသည်။ ထိုပြည်နယ်၏ မြောက်ဘက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်ကျွန်း၊ တောင်ဘက်တွင် နယူးယောက်ပြည်နယ်တို့က နယ်နိမိတ် သတ်မှတ် ထားလေသည်။ ကွန်နက်တီကတ်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝ⁠ဝ၉ သာရှိ၍ ၁၉၅ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂ဝ⁠ဝ၇၂၈ဝ ယောက်ဖြစ်ရာ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ ထူထပ်လေသည်။ ထိုနယ်တွင် မြို့ပေါင်းများစွာရှိ၍ မြို့တော်မှာ ကွန်နက်တီကတ်မြစ်ပေါ်တွင် တည်ရှိသော ဟာ့တ်ဖို့မြို့ ဖြစ်၏။ ၁၉၅ဝခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇⁠၇၃၉၇ ယောက် ရှိ သည်။ အခြားမြို့များမှာ ၁၉၅ဝ ခု လူဦးရေ ၁၆၄⁠၄၄၃ ယောက်ရှိသော နယူးဟေးဗင်းမြို့နှင့် ၁၉၅ဝ ခု လူဦးရေ ၁၅၈၇ဝ၉ ယောက် ရှိသည့် ဗရစ်ဂျပို့မြို့တို့ ဖြစ်လေသည်။ ကမ္ဘာ၌ ထင်ရှားကျော်ကြားလှသော ယေးလ်တက္ကသိုလ်မှာ နယူးဟေးဗင်း မြို့တွင် ရှိလေသည်။ ကွန်နက်တီကတ်ပြည်နယ်သည် မြေဩဇာ ထက်သန်ကောင်းမွန်ခြင်း မရှိသဖြင့် လယ်ယာစိုက်ပျိုးရေး ကောင်းစွာမဖြစ်ထွန်းချေ။ သို့ရာတွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သစ်သီးခြံများမှာ နယ်၏စီးပွားရေးကို များစွာ အထောက်အပံ့ပေးလေသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည့်ပြည်နယ်ဖြစ်သည့် အားလျော်စွာ ထွက်ကုန်များမှာ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုပြည်နယ်၏ အများဆုံး ထွက်ကုန်များမှာ ခဲယမ်းမီးကျောက်များ၊ လေယာဉ်ပျံ စသည့် စစ်သုံးပစ္စည်းများ၊ နာရီများနှင့် ဆေးလိပ် ဆေးတံ စသောကုန်စည်များ ဖြစ်ကြလေသည်။

ကွန်နက်တီကတ်ပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကွန်နက်တီကတ် အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကွန်နက်တီကတ် အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကွန်နက်တီကတ်ကိုလိုနီ
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
January 9, 1788 (5th)
အကြီးဆုံးမြို့ဘရစ်ချ်ပို့တ်
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများဂရိတ်တား ဟတ်ဒ်ဖို့ဒ်
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးဒန်မာလွိုင်း
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
နန်စီဝိုင်းမင်းန်
လူဦးရေ
 • စုစုပေါင်း၃,၅၁၈,၂၈၈ (၂၀၀၉ est.)
၃,၄၀၅,၅၆၅ (၂၀၀၀)
 • သိပ်သည်းမှု၇၀၂.၉/sq mi (၂၇၁.၄၀/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၆၈,၅၉၅
 • ဝင်ငွေအဆင့်တတိယ
ဘာသာစကား
 • ရုံးသုံးဘာသာစကားNone
လတ္တီကျူ40°58′ N to 42°03′ N
လောင်ဂျီကျူ71°47′ W to 73°44′ W

ကိုးကား



Tags:

နယူးယောက်ပြည်နယ်မက်ဆာချူးဆက်ပြည်နယ်ယေးလ်တက္ကသိုလ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုရီးယားနိုင်ငံမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များမြန်မာနိုင်ငံ၏ လူဦးရေပြေတီဦးမြန်မာပိတောက်မြန်မာဘာသာစကားထက်ထက်မိုးဦးတို့ဗမာအစည်းအရုံးမြစ်ကြီးနားမြို့စစ်တက္ကသိုလ် (ပြင်ဦးလွင်)မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများမြန်မာအက္ခရာကျောက်ပန်းတောင်းမြို့ဂျပန်ယန်းငွေကြမ်းပိုးလောကဓံကော့သောင်းမြို့အသူရကာယ်ဆီးချိုရောဂါလက္ခဏာများဘုရားပင့်တောင်သူလယ်သမားနေ့တောင်ကြီးမြို့စစ်တွေမြို့ဝဲမြန်မာနိုင်ငံ၏ သမ္မတနရသူ (ပုဂံ)သန်လျင် မင်းကျောင်းဆရာတော်အမေရိကန်ပြည်ထောင်စုရဲယိုပင်Minecraftဥပဂုတ္တထေရ်အလင်္ကာကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဓမ္မစကြာသုတ္တန်သစ်တောဘရာဇီးနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တောင်ငူမြို့သထုံမြို့ဖိလစ်ပိုင်နိုင်ငံရေးမြို့နယ်မြန်မာ သက္ကရာဇ်မြန်မာ့ မီးရထားလိင်စိတ်ဆွခြင်းမြန်မာနိုင်ငံ၏ ပညာရေးရေးမြို့ဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရငပလီကမ်းခြေဘာဂျာမှုတ်ခြင်းနာဂစ်မုန်တိုင်းတောက်တဲ့ကမ္ဘာဂြိုဟ်ပေါက်ပန်းဖြူကမ္ဘာမြေနေ့အရှေ့တောင်တိုင်းစစ်ဌာနချုပ်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မနည်းပညာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဆင်ဖြူရှင်မင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဘုရား (ဗုဒ္ဓဘာသာ)ပညာရေးမြန်မာ-အင်္ဂလိပ် အဘိဓာန်မိုင်းခရပ်ဖ်ကွီလူမျိုးမြန်မာနိုင်ငံ သစ်တောများထိုင်းနိုင်ငံလင်ခန်းမယားခန်း ပြတ်စဲခြင်းသမုဒ္ဒရာတပ်မတော် (ကြည်း)၃၁-ဘုံမလေးရှားနိုင်ငံတာချီလိတ်မြို့အချစ်ရှမ်းပြည်နယ်🡆 More