ကိုယ်ကျင့်သီလကောင်းခြင်း

ကိုယ်ကျင့်သီလကောင်းခြင်း (Morality) သည် လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ် ဖြစ်သည်။ ကိုယ်ကျင့်သီလကောင်းခြင်းသည် အကောင်းဆုံးဝါဒဖြစ်သည် ရိုးသားဖြောင့်မတ်စွာကျင့်ကြံရာ၏။ လူသားတိုင်း ရိုးသားဖြောင့်မတ်ရန် ကိုယ်ကျင့်သီလကောင်းရန် အရေးကြီး၏။ ကိုယ်ကျင့်သီလကောင်းခြင်း SILA သည် ဗုဒ္ဓဘာသာ တွင် လွန်စွာအရေးကြီးသော အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။ သီလ ဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကိုယ်ကျင့်သီလ ကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါး တွင်လည်း သီလပါရမီ သည် တစ်ခုအပါအဝင်ဖြစ်သည်။

ကိုယ်ကျင့်တရားကောင်းမွန်သည့်မိတ်ဆွေကောင်းတို့ကိုပေါင်းသင်းနေထိုင်ခြင်းဖြင့်လည်း မိမိ သန္တာန်၌ မိတ်ဆွေကောင်းတို့ထံမှ အကျင့်ကောင်းများ ရှိလာ၏။ မွန်မြတ်သော နေထိုင်နည်းဖြင့် ကျင့်ကြံတတ်လာ၏။ သီလရှိခြင်းဖြင့် အပြစ်ကင်းသောချမ်းသာကို ခံစားရ၏ ဆိုသည့်အတိုင်း အပြစ်တွေကင်းအောင် နေထိုင်တတ်လာသောအခါ နေ့စဉ် ကိုယ်နှင့်စိတ်တို့ ငြိမ်းချမ်းလာ၏။

နူးညံ့သိမ်မွေ့သောလူတစ်ယောက်ဖြစ်လာ၏။ ကောင်းသောအသက်မွေးခြင်း ဖြင့်လည်း နေထိုင်တတ်လာ၏။ ထိုသို့ ကိုယ်ကျင့်သီလကောင်းများရှိလာသည့်အတွက်လည်း မိမိ၏ကိုယ်ကျင့်သီလကောင်းများကို ယုံကြည်လေးစားတန်ဖိုးထားကာ မိမိ၏ ပတ်ဝန်းကျင်ရှိ သူတို့ကလည်း အတုလိုက်နေထိုင်လာကြလျှင် မိမိကြောင့် ပတ်ဝန်းကျင်ရှိ သူတကာတို့ အကျင့်ကောင်းများ အတုလိုက်၍ ကျင့်ကြံနိုင်လာကြပေမည်။ ကိုယ်ကျင့်သီလ ကောင်းသူတို့ အချင်းချင်း ပေါင်းဖော်လုပ်ကိုင်ဆောင်ရွက်ကြရသော မည်သည့်လုပ်ငန်းဖြစ်စေ အောင်မြင် ကြီးပွား အကျိုးများသည်သာဖြစ်ချေသည်။ ဒါန သီလ ဘာဝနာ သုံးပါးတို့တွင် သီလသည် ကုသိုလ်တရားအားလုံးတို့၏ အစဖြစ်၍ သီလကို ရှေးဦးစွာ လုံခြုံစေပြီးမှသာ ကျန်ကုသိုလ်များကို ပြုရသည့်အတွက် ကုသိုလ်အားလုံးတွင် “ကိုယ်ကျင့်သီလသည်သာ ပဓာန” ဖြစ်သည်။

ကိုးကား

Tags:

ဗုဒ္ဓဘာသာ

🔥 Trending searches on Wiki မြန်မာဘာသာ:

သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ကင်းခြေများမြန်မာပြဇာတ်အောင်ချိမ့်ဥရောပ သမဂ္ဂတပ်မတော် (ကြည်း)ဓဇဂ္ဂသုတ်အဆိပ်ပင်များရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးကေ (အက္ခရာ)တို့ဗမာအစည်းအရုံးအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မြန်မာ့သမိုင်းနဝရတ် ကိုးပါး၃၂ ကောဋ္ဌာသဂျပန်နိုင်ငံနိကာယ် ငါးရပ်ခရမ်းလွန်ရောင်ခြည်ယောလူမျိုး.mmကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဦးသန့်အနေကဇာတင်ခြင်းထမနဲပွဲချင်းတွင်းမြစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တပ်မတော် (ရေ)ကမ္ဘောဒီးယားနိုင်ငံရန်ကုန်တိုင်းစစ်ဌာနချုပ်စကားကြီး ဆယ်မျိုးနွားမြထွန်းဦးမြန်မာတိုင်းရင်းသားမျိုးနွယ်များမဏိစန္ဒာသန်လျင်မြို့ထိုင်းနိုင်ငံဗောဇ္ဈင်ခုနစ်ပါးမန္တလေး နန်းတော်သနပ်ခါးခင်ညွန့် (ဗိုလ်ချုပ်ကြီး)အင်းအဘိညာဉ်စေတသိက်မြစေတီကျောက်စာအောင်ခြင်း ၈ ပါးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ပွေး(ရောဂါ)မိုးဟေကိုလိင်မှတဆင့် ကူးစက်တတ်သော ရောဂါကယားပြည်နယ်အင်းဝမင်းဆက်ငါးရာ့ငါးဆယ် နိပါတ်တော်အင်္ဂါဂြိုဟ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှန်နန်း ရာဇဝင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများစကြဝဠာလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအင်္ဂလိပ်-မြန်မာ စစ်ပွဲများမဟာဓမ္မရာဇာဓိပတိအာရက္ခတပ်တော်ဘာဂျာမှုတ်ခြင်းပအိုဝ်းလူမျိုးကရမက်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ရခိုင်ပြည်နယ်ပဲခူးမြို့ချဉ်ပေါင်ယာဘကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးရခိုင်ဘာသာစကားဗဟိုစာမျက်နှာကလေးမြို့🡆 More