အက်ဒမ် စမစ်

အက်ဒမ်စမစ်သည် စကော့လူမျိုး ဘောဂဗေဒ ပညာရှိ ကြီး တစ်ဦး ဖြစ်၏။ အကောက်တော်ဌာန၊ စာရင်းစစ်မင်းကြီး အက်ဒမ်စမတ်၏ သားဖြစ်၍ စကော့တလန်ပြည် ကပ်ကောဒီမြို့ တွင် ၁၇၂၃ ခုနှစ် ဇွန် ၅ ရက်နေ့၌ ဖွားမြင်သည်။ မိခင်ကြီး၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာရသူဖြစ်သည်။

အက်ဒမ် စမစ်
အဒမ်စမစ်

ပညာရေး

ငယ်စဉ်က မွေးရာ ဇာတိမြို့ရှိ ကျောင်း၌ ပညာသင်ကြားခဲ့ပြီးနောက် အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် ဂလပ်စကိုတက္ကသိုလ်၌ ဖရန်စစ် ဟတ်ချင်စန်လက်အောက်တွင် ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ်တက်ရောက်ရန် ပညာသင်ဆုရရှိခဲ့ကာ ၁၇၆၄ ခုနှစ် အထိ ခြောက်နှစ်တိုင် ပညာသင်ခဲ့သည်။ ယထာဘူတပညာနှင့် နိုင်ငံရေးပညာများကို စိတ်ပါ ဝင်စားစွာ ဆည်းပူးခဲ့လေသည်။

ကျောင်းဆရာဘဝ

အီဒင်ဘာရာတက္ကသိုလ်၌ ၁၇၅၁ ခုနှစ်အထိ ကထိကအဖြစ်၎င်း ၁၇၅၁ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဂလပ်စကိုတက္ကသိုလ်တွင် လုပ်ကိုင်ခဲ့ရာ ပထမလော့ဂျစ်ဘာသာဌာနမှူး၊ နောက်တစ်နှစ်အကြောတွင် သူ့ဆရာ ဟတ်ချင်စန်နေရာတွင် ကိုယ်ကျင့်တရားဒဿန (တက္ကဗေဒ ) ဌာနမှူးအဖြစ်၎င်း လုပ်ကိုင်ခဲ့သည်။ ၁၇၅၉ ခုနှစ် တွင် စိတ်ဓာတ်နှင့်ဆိုင်ရာ စာအုပ်ကြီးတစ်အုပ်ကို ရေးသည်။ ၁၇၆၃ ခုနှစ်တွင် ပါမောက္ခအလုပ်မှ ထွက်ခဲ့သည်။

၁၇၆၄ ခုနှစ်မှ ၁၇၆၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံတွင် ခရီးလှည့်လည်ရင်းမြို့စား ဘတ်ကလူ့ချ် (Duke Berccleuch)၏ စာပြကျူတာဖြစ်ခဲ့သည်။ ၁၇၆၆ ခုနှစ် အောက်တိုဘာလတွင် နေရင်း ဇာတိမြို့သို့ ပြန်လည်ရောက်ရှိ၏။

စာရေးသားမှု

အက်ဒမ် စမစ် 
Inquiry into the nature and causes of the wealth of nations, 1922

သူ၏အဓိက ဘောဂဗေဒဟာအုပ်ဖြစ်သော နိုင်ငံများ၏ ဥစ္စာဓနသဘာဝနှင့် အကြောင်းရင်းများ လေ့လာခြင်း (An Inquiry into the Nature and Causes of the Wealth of Nations) ကို ၁၇၇၆ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ထိုကျမ်းကို နိုင်ငံများ၏ဓန (Wealth of Nations) ဟု အတိုကောက်သိကြသည်။ ထိုစာအုပ်ကြီး မှာ ဘောဂဗေဒဆိုင်ရာ စာအုပ်များထဲတွင် အကောင်းဆုံးသော စာအုပ်ဖြစ်သည်ဟု တန်ဖိုးဖြတ်ကြသည်။ ထိုစာအုပ်တွင် လွတ် လပ်စွာ ကုန်သွယ်မှုကို ထောက်ခံရေးသားထားလေသည်။ ထို့ပြင် ထိုစာအုပ်သည် ဘောဂဗေဒပညာရပ်အတွက် အလွန်ပင် အရေးပါ အရာရောက်လှ၏။ ဘောဂဗေဒကို သီးခြား သိပ္ပံ ပညာရပ် အနေဖြင့် ထားထိုက်ကြောင်းကိုလည်း အကြောင်း ပြထားလေ၏။

ကွယ်လွန်ခြင်း

ထိုပညာရှိကြီးသည် ၁၇၉ဝ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက် နေ့တွင် ကွယ်လွန်သည်။

ကိုးကား

Tags:

အက်ဒမ် စမစ် ပညာရေးအက်ဒမ် စမစ် ကျောင်းဆရာဘဝအက်ဒမ် စမစ် စာရေးသားမှုအက်ဒမ် စမစ် ကွယ်လွန်ခြင်းအက်ဒမ် စမစ် ကိုးကားအက်ဒမ် စမစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

နဝရတ် ကိုးပါးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကင်းခြေများအင်းဝခေတ်ဂေါတမဗုဒ္ဓရွှေဘိုမြို့မြန်မာကျပ်ငွေရေကြွက်နို့ကွန်မြူနစ်ဝါဒဖူးခက်ဥဩလယ်တွင်းသား စောချစ်ဦးပုညကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဇာတာဇီးကွက်မြန်မာ့သမိုင်းမုန့်ဟင်းခါးကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)သွေးနာဂလူမျိုးကပ်ဥရောပဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံအကြည်တော်ဣန္ဒြေဗဒလင်းဂူကြို့ထိုးခြင်းသင်္ဂါယနာပရိမိတ္တဇာလသုတ်နွေရာသီကိုကိုဦး (ဗိုလ်ချုပ်)ဘာသာစကားတျာချင်း၃၁-ဘုံအီမီ ဖူကာဒါလေးဖြူအိချောပိုမြန်မာစာရေးဆရာများ စာရင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)မြင့်မြတ်ကိုးကန့်လူမျိုးတာချီလိတ်မြို့သွေးတိုးရောဂါယူကျူ့ဘ်စွယ်စုံကျမ်းဘုရားသုံးဆူမြို့ကိုကိုအောင်လံမြို့မေတ္တေယျဘုရားမေတ္တာအိုဇုန်းလွှာမိန်းမ မျိုးပွားအင်္ဂါအရက်ငါး (တိရစ္ဆာန်)သယ်ယူပို့ဆောင်ရေးပါရမီဝါကျအေ (အက္ခရာ)စကားထာရန်ကုန်မြို့တွံတေးမြို့နဂါးဝိနည်းကိုယ်ဝန်ဆောင်ခြင်းသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြန်မာနိုင်ငံ၏ ရပ်ကွက်များအပြင် ၃၇ မင်းလူသားကာလာမသုတ်ထန်းပင်မြစ်ကြီးနားမြို့နယ်မြန်မာ့ပြည်တွင်းပဋိပက္ခများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တောက်တဲ့ရှားစောင်းလက်ပတ်ပင်🡆 More