သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်း

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်း(bacterial vaginosis, BV) ဆိုသည်မှာ သားအိမ်လမ်းကြောင်းအတွင်းတွင် ဘက်တီးရီးယားပိုးများ အများအပြားပေါက်ဖွားရာမှ ဖြစ်လာသော ရောဂါတစ်ခုဖြစ်သည်။ ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာမှာ မိန်းမကိုယ်မှ ငါးညှီနံ့ကဲ့သို့အနံ့ရှိသော အရည်အချွဲများဆင်းခြင်းဖြစ်သည်။ အရည်အချွဲများမှာ အဖြူရောင် သို့မဟုတ် မီးခိုးရောင်ရှိသည်။ ဆီးသွားသည့်အခါ ပူလောင်ခြင်းကို ခံစားရတတ်သည်။ သို့သော် ယားယံခြင်းဖြစ်လေ့မရှိပါ။ တခါတရံတွင်လည်း ရောဂါလက္ခဏာပြလေ့မရှိပါ။ ဤရောဂါဖြစ်ပွားလျှင် အိတ်ချ်အိုင်ဗွီပိုးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကဲ့သို့သော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဖြစ်နိုင်ခြေ နှစ်ဆခန့်ပိုများလာသည်။ ကိုယ်ဝန်ဆောင်များတွင် ဤရောဂါဖြစ်ပွားလျှင် ရက်မစေ့ခင် မီးဖွားနိုင်သည်။

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းသည် သားအိမ်လမ်းကြောင်းအတွင်းရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသော ဘက်တီးရီးယားပိုးများထဲမှ အရေအတွက်အများဆုံး ဘက်တီးရီးယားပိုးတစ်မျိုးမှာ အဆပေါင်း ရာခန့်၊ ထောင်ခန့်ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ အဖြစ်အများဆုံးရောဂါပိုးမှာ လက်တိုဘက်စလိုင် (Lactobacilli) ဟုခေါ်သောပိုးဖြစ်သည်။ သားအိမ်လမ်းကြောင်းဆေးခြင်း ၊ လိင်ဆက်ဆံဖော် အသစ် သို့မဟုတ် အများအပြားရှိခြင်း၊ ပဋိဇီဝဆေးနှင့် သားအိမ်အတွင်းတွင် ပစ္စည်းထည့်၍ ကိုယ်ဝန်တားခြင်း (intrauterine device IUD) တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း ဤရောဂါမှာ လိင်မှတဆင့် ကူးစက်တတ်သောရောဂါမဟုတ်ပါ။ မိန်းမကိုယ်မှထွက်သော အရည်အချွဲများကို စမ်းသပ်စစ်ဆေးရာတွင် ပီအိတ်ချ်(pH)မြင့်မားနေပြီး ဘက်တီးရီးယားပိုးများ အများအပြားတွေ့ရှိပါက ဤရောဂါဖြစ်ကြောင်း သတ်မှတ်နိုင်သည်။ သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကို တစေးပိုး(yeast)နှင့် ထရိုင်ခိုမိုနပ်စ်ပိုး(Trichomonas)တို့ ကူးစက်ခံရခြင်းနှင့် မှားနိုင်သည်။

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းကို ပုံမှန်အားဖြင့် ကလင်ဒါမိုင်စင်(clindamycin) သို့မဟုတ် မက်ထရိုနိုင်ဒဇော(metronidazole)စသော ပဋိဇီဝဆေးတို့ဖြင့် ကုသနိုင်သည်။ ဤဆေးများကို ကိုယ်ဝန်သည်များတွင်လည်း ကိုယ်ဝန်လေးလမှစတင်၍ အသုံးပြုနိုင်သည်။ တချို့လူများတွင် ဆေးကုသမှုခံယူပြီးသော်လည်း ပြန်လည်ဖြစ်ပွားတတ်သည်။ အကျိုးပြုအဏုဇီဝပိုးပါသောဆေး(Probiotics) ကို သောက်ခြင်းဖြင့် ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။ အကျိုးပြုအဏုဇီဝပိုးပါသောဆေးနှင့် ပဋိဇီဝဆေးတို့သောက်သုံးခြင်းကြောင့် မီးဖွားပြီးနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပွားမှုရှိ၊မရှိကို သေချာစွာမသိသေးပါ။

သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းသည် ကိုယ်ဝန်ဆောင်နိုင်သောအရွယ်ရှိ အမျိုးသမီးများအားလုံးတွင် အဖြစ်အများဆုံး သားအိမ်လမ်းကြောင်းအတွင်း ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ အမျိုးသမီးပေါင်း (၅)မှ(၇၀)ရာခိုင်နှုန်းခန့် ရောဂါကူးစက်ခံခဲ့ရသည်။ ဤရောဂါသည် အာဖရိကတိုက်တွင် အဖြစ်များပြီး အာရှနှင့် ဥရောပနိုင်ငံများတွင် ဖြစ်ပွားလေ့မရှိပါ။ အမေရိကန်နိုင်ငံတွင် အသက်(၁၄)နှစ်မှ (၄၉)နှစ်အရွယ်ရှိ အမျိုးသမီးပေါင်း (၃၀)ရာခိုင်နှုန်းခန့် ရောဂါကူးစက်ခံခဲ့ရသည်။ ရောဂါကူးစက်ခံရသည့်နှုန်းမှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးစုများပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ပထမဆုံး သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကို (၁၈၉၄)ခုနှစ်တွင် စတင်မှတ်တမ်းတင်ခဲ့သည်။

ကိုးကား

Tags:

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဘက်တီးရီးယားလိင်မှတဆင့် ကူးစက်တတ်သော ရောဂါအိတ်ချ်အိုင်ဗွီပိုး

🔥 Trending searches on Wiki မြန်မာဘာသာ:

ဥသျှစ်ပင်ကျွန်းနက်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဟိန္ဒူဘာသာအိန္ဒိယနိုင်ငံစအိုဖြင့် လိင်ဆက်ဆံခြင်းကျုံးအက်တမ်ကမ္ဘာဂြိုဟ်ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်သိဒ္ဓတ္ထမင်းသားဝီကီပီးဒီးယားမိုးဟေကိုငါးပိကလေးမြို့ဗုဒ္ဓဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်သဘာဝပတ်ဝန်းကျင်စောမွန်လှကချင်လွတ်မြောက်ရေးတပ်မတော်လိမ်လည်မှုစကားထာပဲခူးတိုင်းဒေသကြီးပဲခူးမြို့ကျိုက်ထီးရိုးဘုရားဝဋ္ဋသုတ်ပဋိစ္စသမုပ္ပါဒ်၃၈ ဖြာ မင်္ဂလာဟင်္သာတပ်မဟာ၉၉၉မြန်မာဝီကီပီးဒီးယားကျောက်မီးသွေးအဘိဓမ္မာပိဋကတ်အသည်းရောင် အသားဝါ ရောဂါ စီပိုးဆင်ဖြူရှင်မင်းကမ္ဘာ့အလုပ်သမားနေ့မြောက်ဥက္ကလာပမြို့နယ်ဂဠုန်မဟာဂီရိနတ်စောလူးမင်းသုဂတော သုဂတဓာနံဗျိုင်းအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမဟာဗောဓိတထောင်ရွှေစာရံ စေတီတော် (မန္တလေး)မြသလွန်ဘုရားထားဝယ်မြို့နယ်အင်းတော်ကြီးကန်ဓာရဏပရိတ်ဝပြည်နယ်သိပ္ပံမောင်ဝတတိယ အင်္ဂလိပ် - မြန်မာစစ်ကလောမြို့မုံရွာမြို့ကိန်းအာရုံခြောက်ပါးကမ္ဘောဒီးယားနိုင်ငံအိမ်စောင့်အစိုးရ (၂၀၂၁)မြန်မာနိုင်ငံ၏ လူဦးရေဆလုံလူမျိုးမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများကရင်အမျိုးသားအလံတော်မိုင်းခရပ်ဖ်အနိစ္စအီရန်နိုင်ငံစွမ်းအင် ဝန်ကြီးဌာနမြန်မာ့တပ်မတော် သမိုင်းကြောင်းဝန်ဆောင်မှုရှမ်းပြည်နယ်စိုးထွဋ်ရှမ်းလူမျိုးသွားပိုးစားရောဂါကျေးဇူးတရားစေတသိက်ရာသီအလိုက်ပွင့်သောပန်းများဂဠုန်ဦးစော🡆 More