လူမှုဝန်ထမ်းဦးစီးဌာန(အင်္ဂလိပ်: Department of Social Welfare)သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၇၂ (လူမှုဝန်ထမ်း ဦးစီးဌာန) |
ယခင်အဖွဲ့အစည်း |
|
ဝန်ကြီးများ | ဒေါက်တာသက်သက်ခိုင် |
ဌာနအကြီးအမှူးများ | ဒေါက်တာစန်းစန်းအေး၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | dsw.gov.mm/mm |
၁၉၄၇ ခုနှစ် လွတ်လပ်ရေး မရမီကာလတွင် အမျိုးသားယာယီအစိုးရက အမျိုးသမီးများနှင့် ကလေးများ တိုးတက်ရေးအဖွဲ့ ကို ဖွဲ့စည်းတည်ထောင်သည်။ ၁၉၄၉ ခုနှစ်တွင် ထိုအဖွဲ့ကို အမျိုးသမီးများနှင့် ကလေးများစောင့်ရှောက်ရေးဌာနဟူ၍ အစိုးရက တိုက်ရိုက်အုပ်ချုပ်သော ဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် လူမှုရေးရာကြီးပွားရေးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့မှစ၍ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနအောက်သို့ ရောက်ရှိသည်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လူမှုရေးရာကြီးပွားရေးဌာနအမည်မှ လူမှုဝန်ထမ်းဌာနဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံအစိုးရ လက်ထက်တွင် လူမှုဝန်ထမ်းဌာနကို လူမှုဝန်ထမ်းဦးစီးဌာနဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။
အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့် ကြုံတွေ့နေရသူများအား ကူညီစောင့်ရှောက်သည့်လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်သည့်ဌာနတစ်ခုဖြစ်သည်။ လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေး အတွက် ကြိုတင်ကာကွယ်ခြင်း၊ လူမှုရေးတာဝန်များကို ဝေမျှထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များအား လူထုအတွင်းမှ မွေးထုတ်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် လူမှုဝန်ထမ်း နည်းလမ်းများအရ ကူညီပေးခြင်းစသော လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်နှင့် မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လူမှုရေးပြဿနာရှင် လူတန်းစား အသီးသီးတို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြည်သူလူထုအတွင်းမှ စေတနာရှင် အဖွဲ့အစည်းများက လူမှုရေးကိစ္စများကို ပါဝင်ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့် ခိုင်မာစွာ ပါဝင်ရေးအတွက် စည်းရုံးခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းကို အဓိကထား၍ ဆောင်ရွက်နေသည်။
လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိဌာနခွဲများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဗဟိုချက်အဖြစ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ
စဉ် | အမည် | စတင်ရက် | ကုန်ဆုံးရက် |
၁ | ဝဏ္ဏကျော်ထင်ဦးအောင်မင်း | ၁-၈-၁၉၅၃ | ၁၃-၁၁-၁၉၅၉ |
၂ | ဝဏ္ဏကျော်ထင်ဦးသောင်း | ၁-၁၂-၁၉၅၉ | ၂၀.၃.၁၉၆၂ |
၃ | ဝဏ္ဏကျော်ထင်ဦးလှဖေ | ၆.၁၁.၁၉၆၂ | ၅.၁၀.၁၉၆၃ |
၄ | ဦးဘခိုင် | ၅.၁၀.၁၉၆၃ | ၁၀.၆.၁၉၆၄ |
၅ | ဝဏ္ဏကျော်ထင်ဦးကျော်စိုး | ၁၀.၆.၁၉၆၄ | ၃.၁၀.၁၉၆၄ |
၆ | ဗိုလ်မှူးထွန်းမြိုင် | ၃.၁၀.၁၉၆၄ | ၈.၅.၁၉၆၇ |
၇ | ဝဏ္ဏကျော်ထင်ဦးထွေး | ၁.၁.၁၉၆၉ | ၃.၃.၁၉၇၅ |
စဉ် | အမည် | စတင်ရက် | ကုန်ဆုံးရက် |
၁ | သီရိပျံချီဦးကြည် | ၅.၅.၁၉၇၅ | ၁၄.၈.၁၉၈၀ |
၂ | သံအမတ်ကြီးဦးသောင်းလွင် | ၁၅.၈.၁၉၈၀ | ၁၃.၁၂.၁၉၈၇ |
၃ | ဗိုလ်မှူးကြီးထွန်းဦး | ၁၄.၁၂.၁၉၈၇ | ၂၅.၅.၁၉၉၂ |
၄ | ဗိုလ်မှူးကြီးသန်းပို | ၁.၈.၁၉၉၂ | ၁၂.၁.၁၉၉၈ |
၅ | ဗိုလ်မှူးကြီးစစ်မြိုင် | ၁၀.၄.၁၉၉၈ | ၁၇.၇.၂၀ဝ၈ |
၆ | ဗိုလ်မှူးကြီးစိုးကြည် | ၁၈.၇.၂၀ဝ၈ | ၂၈.၂.၂၀၁၇ |
၇ | ဒေါက်တာစန်းစန်းအေး | ၂၂.၈.၂၀၁၇ | ယနေ့အထိ |
This article uses material from the Wikipedia မြန်မာဘာသာ article လူမှုဝန်ထမ်းဦးစီးဌာန, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.