ကမ္ဘာ့လူဦးရေ

ကမ္ဘာ့လူဦးရေ ဆိုသည်မှာ လက်ရှိအသက်ရှင်လျက်ရှိသော လူသား စုစုပေါင်းဦးရေဖြစ်သည်။ ၂၀၁၇ ဧပြီလ ၂၄ တွင် ကမ္ဘာ့လူဦးရေသည် ခန့်မှန်းခြေ ၇,၅၀၀,၀၀၀,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂမှ ကြိုတင်ခန့်မှန်းထားသည်မှာ ကမ္ဘာ့လူဦးရေသည် ၂၁၀၀ ခုနှစ်တွင် ၁၁.၂ ဘီလီယံ တိုးပွားလာမည်ဟုဆိုသည်။

ကမ္ဘာ့လူဦးရေ
World population estimates from 1800 to 2100, based on "high", "medium" and "low" United Nations projections in 2015 and UN historical estimates for pre-1950 data
ကမ္ဘာ့လူဦးရေ
Population growth graph generated with data supplied by World Bank, via Google
World population percentage by country
World population percentage by country

ကမ္ဘာ့လူဦးရေသည် ၁၃၁၅-၁၇ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ၁၃၅၀ သေမင်းတမန်ကပ်ဆိုး ပြီးကတည်းက ဆက်တိုက်တိုးပွားလာခဲ့သည်။ ယင်းအချိန်က ၃၇၀ မီလီယံခန့်သာ ရှိခဲ့သည်။ တစ်နှစ်လျင် ၁.၈% အထက်သို့ တိုးပွားလာသော အမြင့်ဆုံး ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၁၉၅၅-၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်း၌ နှစ်စဉ်မွေးဖွားနှုန်းသည် ၁၃၉ မီလီယံခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။ ယခုအခါမူ ၁၃၅ မီလီယံ ပုံသေနှုန်းထားဟု ဆိုသည်။ နှစ်စဉ် သေဆုံးနှုန်းသည် ၅၆ မီလီယံရှိပြီး ၂၀၄၀ ခုနှစ်တွင် ၈၀ မီလီယံနှုန်း ရှိလိမ့်မည်ဟု မျော်လင့်ရသည်။ ကုလသမဂ္ဂ လူဦးရေ ထောက်ပံ့ရေး၏အဆိုအရ ၂၀၁၁ အောက်တိုဘာ ၃၁ တွင် ၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။အမေရိကန် သန်ခေါင်စာရင်းဌာနအရမူ ၂၀၁၂ မတ်လ ၁၂ တွင် ဖြစ်သည်။

၂၀၁၆ ခုနှစ်အရ ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၁ နှစ်ဖြစ်ပြီး အမျိုးသား ၂၉.၄ နှင့် အမျိုးသမီးမှာ ၃၀.၉ နှစ်ဖြစ်သည်။ ၂၀၁၂ ကုလသမဂ္ဂ၏ မျော်မှန်းချက်များအရ ကမ္ဘာ့လူဦးရေသည် ပုံမှန်တိုးတက်ဖွယ်ရှိပြီး ၂၀၅၀ ခုနှစ်တွင် ၈.၃ ဘီလီယံမှ ၁၀.၉ ဘီလီယံကြား ရောက်လိမ့်မည်ဟုဆိုသည်။ ၂၀၀၃ UN Population Division အရမူ ကမ္ဘာ့လူဦးရေသည် ၂၁၅၀ ခုနှစ်တွင် ၂၄ ၈ ဘီလီယံရှိလာမည်ဟုဆိုပြီး ၂၀၁၄ ခန့်မှန်းချက်အရ ၉.၃ နှင့် ၁၂.၆ ဘီလီယံဟု ကြိုတင်ခန့်မှန်းထားသည်။ အချို့သော သုံးသပ်သူများက လူသားများ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု၊ ကမ္ဘာလုံးဆိုင်ရာ အစာပင်ရင်းနှင့် စွမ်းအင်အရင်အမြစ်များအပေါ် လွန်ကဲစွာ သုံးစွဲမှု စသည်တို့ကြောင့် ကမ္ဘာ့လူဦးရေသည် ရေရှည်တွင် ကြာရှည်ခံ/မခံ ဆိုသည်အား မေးခွန်းထုတ်ကြသည်။ ခန့်မှန်းချက်အရ အသက်ရှင်ခဲ့ဖူးသမျှ လူသားဦးရေ စုစုပေါင်းသည် ၁၀၆ မှ ၁၀၈ ဘီလီယံကြား ရှိသည်ဟုဆိုသည်။

World population (millions, UN estimates)
# Top ten most populous countries 2000 2015 2030*
1 တရုတ်ပြည်သူ့သမ္မတနိုင်ငံ China* 1,270 1,376 1,416
2 အိန္ဒိယနိုင်ငံ India 1,053 1,311 1,528
3 အမေရိကန်ပြည်ထောင်စု United States 283 322 356
4 အင်ဒိုနီးရှားနိုင်ငံ Indonesia 212 258 295
5 ဘရာဇီးနိုင်ငံ Brazil 176 208 229
6 ပါကစ္စတန်နိုင်ငံ Pakistan 138 189 245
7 နိုင်ဂျီးရီးယားနိုင်ငံ Nigeria 123 182 263
8 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bangladesh 131 161 186
9 ရုရှားနိုင်ငံ Russia 146 143 139
10 မက္ကဆီကိုနိုင်ငံ Mexico 103 127 148
World total 6,127 7,349 8,501
Notes:
  • China = Mainland China only
  • 2030 = Medium variant


ကိုးကား

Tags:

ကုလသမဂ္ဂ

🔥 Trending searches on Wiki မြန်မာဘာသာ:

လိင်ဆက်ဆံခြင်းမဟာဘုတ်မကွေးတိုင်းဒေသကြီးလများ (အချိန်အတိုင်းအတာ)နတ်ပြည် ၆ ထပ်ပြည်ထောင်စုနေ့ကျားပိန္နဲပင်မြန်မာနိုင်ငံ၏ အမည်များစကောကရင်ဘာသာစကားရွှေငါးအယုဒ္ဓယမွန်ပြည်နယ်ကချင်လူမျိုးဆခွဲကိန်းအလင်္ကာကြယ်ဓမ္မရံကြီးဘုရားလိင်မှတဆင့် ကူးစက်တတ်သော ရောဂါနိကာယ် ငါးရပ်တဏှာဝိနည်းမျက်မှန်ကိုးပါးသီလဝေသာလီပြည်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ရိုဟင်ဂျာကုန်းဘောင်ခေတ်တဏှာကြွက်နို့ရောဂါအာကာသ စူးစမ်းရှာဖွေခြင်းကော့ကရိတ်မြို့မိုးညိုမြို့နယ်နာဇီဂျာမနီမြွေပွေးနေပြည်တော်မြို့ရွှေမော်ဓောဘုရား(ပဲခူး)တိုင်းစစ်ဌာနချုပ်ဟောင်ကောင်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များနွေရာသီကံ့ကော်ပင်အနော်ရထာမွန်လူမျိုးဂျာနယ်ကျော် မမလေးခေါင်းကိုက်ခြင်းနှစ်ကျိပ်ရှစ်ဆူကနေဒါနိုင်ငံပုဂံခေတ်ဗမာလူမျိုးအောင်သူ (ဘောလုံးသမား)မြန်မာနိုင်ငံ၏ သမ္မတမြန်မာ့ပြည်တွင်းပဋိပက္ခများအလင်းစာပေကုလသမဂ္ဂကာကွယ်ရေးဦးစီးချုပ်(လေ)ယောလူမျိုးဟစ်တလာဆန်ဖရန်စစ္စကိုမြို့ခရစ်ယာန်ဘာသာလိပ်ပြာတောင်တွင်းကြီးမြို့နယ်ကျောက်ပန်းတောင်းမြို့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမုတ်သုန်မူးယစ်ဆေးဝါးအမျိုးသားနေ့ထက်ထက်မိုးဦးပထမ ကမ္ဘာစစ်ကမ္ဘာမကျေသောမတ်စ် ဂျက်ဖာဆင်သောမတ် အက်ဒီဆင်မန်ကျည်းမောင်ကြေးမုံ (ဂီတစာဆို)လွှမ်းပိုင်ဆေးတက္ကသိုလ် (၁) ရန်ကုန်ဟန်နီနွေဦး🡆 More