ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ

ယူအေးဖာ ဥရောပဖလား ဘောလုံးပြိုင်ပွဲ (အင်္ဂလိပ်: UEFA European Championship (or) UEFA European Football Championship) သည် သမားရိုးကျအားဖြင့် ယူရို ခေါ်ဝေါ်သုံးစွဲကြပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ၏ အဖွဲ့ဝင်နိုင်ငံများက ပြိုင်ဆိုင်ကြသော ဘောလုံးပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ၁၉၆၀ မှစတင်၍ လေးနှစ်တစ်ကြိမ် ကျင်းပလာ၍ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပသောနှစ်များကြားရှိ စုံကိန်းရှိသော နှစ်များတွင် ကျင်းပသည်။ မူလက ဥရောပ နိုင်ငံများဖလား (European Nations' Cup) ဟုခေါ်တွင်ခဲ့ပြီး ၁၉၆၈တွင် လက်ရှိအမည်ကို ပြောင်းလဲခဲ့သည်။ ၁၉၉၆ ယူရိုမှအစပြုလျှက် သီးသန့်ပြိုင်ပွဲများကို UEFA Euro အမည်ပုံစံဖြင့် များသောအားဖြင့် ရည်ညွှန်းကြပြီး ဤပုံစံသည် ရှေးယခင်ပြိုင်ပွဲများကိုပါ အကျိုးသက်ရောက်မှုရှိစေသည်။

ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ
တည်ထောင်၁၉၅၈; ၆၆ နှစ် အကြာက (၁၉၅၈)
ဒေသဥရောပ
အသင်းအရေအတွက်၂၄ (အုပ်စု ဗိုလ်လုပွဲများ)
၅၅ (ခြေစစ်ပွဲဝင်ရန် အရည်အချင်းမီ)
လက်ရှိ ချန်ပီယံယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ အီတလီ (ဒုတိယမြောက်)
အအောင်မြင်ဆုံးအသင်းယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ ဂျာမနီ
ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ စပိန်
(၃ ဆုစီ)
ဝဘ်ဆိုဒ်Official website
ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ ယူရို ၂၀၂၄ နှင့် ခြေစစ်ပွဲများ

အလိုအလျှောက် ခြေစစ်ပွဲအောင်သော အိမ်ရှင်နိုင်ငံမှလွဲ၍ ပြိုင်ပွဲဝင်မည့် အသင်းများသည် ခြေစစ်ပွဲကစားရသည်။ ၂၀၁၆ မတိုင်မချင်း ချန်ပီယံဖြစ်သော အသင်းများသည် Fifa Confederations Cup ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ သို့သော် မဖြစ်မနေ ပါဝင်ကစားရန်တော့ မလိုအပ်ပေ။

ဥရောပ ချန်ပီယံဖလားပြိုင်ပွဲ (၁၅) ခုကို နိုင်ငံအသင်း (၁၀) သင်းမှ အနိုင်ရရှိထားပြီး ထိုအနိုင်ရ အသင်းများမှာ ဂျာမနီ အမျိုးသား ဘောလုံးအသင်းစပိန် အမျိုးသား ဘောလုံးအသင်း တို့က သုံးကြိမ်စီ၊ ပြင်သစ် အမျိုးသား ဘောလုံးအသင်းနှင့် အီတလီ အမျိုးသား ဘောလုံးအသင်းတို့က နှစ်ကြိမ်၊ ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း]၊ နယ်သာလန် အမျိုးသား ဘောလုံးအသင်းချက်ကိုစလိုဗက်ကီးယား အမျိုးသား ဘောလုံးအသင်းဒိန်းမတ် အမျိုးသား ဘောလုံးအသင်းဂရိ အမျိုးသား ဘောလုံးအသင်းနှင့် ပေါ်တူဂီ အမျိုးသား ဘောလုံးအသင်း တို့က တစ်ကြိမ်စီ ရရှိထားသည်။ လက်ရှိအချိန်ထိ စပိန်အသင်းသည် သမိုင်းတွင် နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့သော အသင်းဖြစ်ကာ ၂၀၀၈နှင့် ၂၀၁၂ တို့တွင် ဖြစ်သည်။ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလျှင် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးဖြစ်၍ ၂၀၁၂ ယူရို ဗိုလ်လုပွဲကို ကမ္ဘာအနှံ့ပရိသတ် သန်း(၃၀၀) က ကြည့်ရှုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ပြင်သစ်က အိမ်ရှင်အဖြစ်ကျင်းပ၍ ပေါ်တူဂီအသင်းက ပြင်သစ်ကို အချိန်ပိုကစားချိန်တွင် ၁-၀ ဖြင့် ပါရီမြို့ ဆာန်ဒါနီ အရပ်ရှိ 'စတဲ ဒါ ဖရော့န်စ်' ကစားကွင်းတွင် အနိုင်ရရှိခဲ့သည်။ ထိုပွဲကို လူပေါင်း (၂၄၈) သန်းက ကြည့်ရှုခဲ့ကြရာ ဥရောဖလားသမိုင်းတွင် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲဖြစ်ခဲ့သည်။

မှတ်စု

ကိုးကား

Tags:

ဖီဖာ ကမ္ဘာ့ဖလားအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကူးစက်တတ်သည့် ရောဂါများသမန်းကျားပရိက္ခရာ ၈-ပါးကွန်မြူနစ်ဝါဒလီယွန်နယ် မက်ဆီဖေ့စ်ဘွတ်ခ်မိန်းမ မျိုးပွားအင်္ဂါကီလိုမီတာအလောင်းစည်သူသန်လျင်မြို့သက်ရှိဆေးခြောက်ကိုရီးယားနိုင်ငံမြင့်မြတ်သော ရောမအင်ပါယာမင်းကွန်းတိပိဋကဆရာတော်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကြို့ထိုးခြင်းမြန်မာ သက္ကရာဇ်ဗိသုကာပညာကျေးရွာအုပ်စုမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းပလောင်လူမျိုးသရဲကိုယ်ဝန်ဖျက်ချခြင်းဦးကျားကြီးဝင်း မီးလောင်မှုပြည်ထဲရေး ဝန်ကြီးဌာနကြူကြူလှပြည်သူ့ခုခံတော်လှန်စစ်ငါးမျိုးစိတ်များ စာရင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်လက်ပံတောင်းတောင်အစီရင်ခံစာအမျိုးသားရေးဝါဒဝီကီမီဒီယာ ဖောင်ဒေးရှင်းကံ့ကော်ပင်အော်ကာမွန်ဂိုကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်မေတ္တသုတ်ဗလာဒီမီယာ ပူတင်ဘုရားအရင်းရှင်ဝါဒမဟော်သဓာဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဂျီမေးလ်အငဲမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မြန်မာကျပ်ငွေသမ္မာကျမ်းစာတင်မိုးရခိုင်လူမျိုးအောက်ဆီဂျင်ကောသလမင်း အိပ်မက် (၁၆)ချက်ဘာဂျာမှုတ်ခြင်းချိုခါးဆိမ့်သက် အချစ်တစ်ခွက်တွံတေးသိန်းတန်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းလက်ဖက်သုပ်ခင်ပွန်းကြီးဆယ်ပါးမဇ္ဈိမ သတင်းဌာနတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မြန်မာတိုင်းရင်းသားမျိုးနွယ်များလား (တိရစ္ဆာန်)ရှင်ပြုခြင်းပုပ္ပားမယ်တော်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြန်မာ့အလင်း သတင်းစာစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တောင်တရုတ်ပင်လယ်ကားလူမှုအရင်းအနှီးလူသားဒိုင်အာခီ🡆 More