ထက်ထက်ထွန်း

ထက်ထက်ထွန်း (၁၉၉၂ ခု၊ ဇွန်လ ၂၀ ရက်မွေး) သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်၊ တီဗွီအစီအစဉ် တင်ဆက်သူ၊ မော်ဒယ်လ် နှင့် အလှမယ် တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာ့ မယ်စကြဝဠာအဖြစ် ရွေးချယ်ခံခဲ့ရကာ မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို၂၀၁၆ ခုနှစ် မယ်စကြာပြိုင်ပွဲ၌ အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ဒီဇိုင်းနာ လဇိန်ဂမ်ထွဲ၏ မြန်မာ့ရုပ်သေးအနုပညာလက်ရာမြောက်ဝတ်စုံဖြင့် မြန်မာ့ ကိုယ်စားပြု ထက်ထက်ထွန်းမှ မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူနိုင်ခဲ့‌ပေသည်။

ထက်ထက်ထွန်း
မွေးဖွား (1992-06-20) ၂၀ ဇွန်၊ ၁၉၉၂ (အသက် ၃၁)
ရန်ကုန်မြန်မာနိုင်ငံ
အလုပ်အကိုင်အလှမယ်
အရပ်၅ ft ၇ in (၁၇၀ cm)
မိဘ(များ)ဒေါက်တာ တင်ထွန်း
ရရှိသည့်ဆုများ
  • မြန်မာ့ မယ်ကမ္ဘာ ၂၀၁၄ (နှစ်သိမ့်ဆု ဒုတိယ)
  • မြန်မာ့ မယ်စကြဝဠာ ၂၀၁၆

ဘဝအကြောင်း

၁၉၉၂ ခု၊ ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ မွေးသည်။ ဖခင် ဒေါက်တာတင်ထွန်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင် ဒုဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုက လုပ်ဖူးသည်။

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဖြင့် အတတ်ပညာရှင်ဘွဲ့ ရခဲ့သည်။

အနုပညာ လှုပ်ရှားမှု

အလှမယ်

၂၀၁၄ ခုတွင် မြန်မာနိုင်ငံ၏ မယ်ကမ္ဘာ ပြိုင်ပွဲကို ယှဉ်ရာ နှစ်သိမ့်ဆု (ဒုတိယ) ရသည်။ ၂၀၁၅ ခု၊ အောက်တိုဘာလ ၃ ရက်တွင် မြန်မာနိုင်ငံအတွက် ၂၀၁၅-၁၆ မယ်စကြဝဠာပြိုင်ပွဲ၌ ယှဉ်ပြိုင်သည်။ ပြည်တွင်း၌ သရဖူဆောင်းကာ ၂၀၁၅ တွင် ဆုရသော မေဘရဏီသော်နှင့်အတူ ဖိလစ်ပိုင်သို့ သွားရသည်။ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ပြိုင်ရာ အမျိုးသားဝတ်စုံဆု ရခဲ့သည်။

သရုပ်ဆောင်

၂၀၁၆ ခု နှောင်းပိုင်းတွင် သရုပ်ဆောင်ဘဝကို စတင်သည်။

ပါဝင်ခဲ့သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
ဘောစိ ၂
ညစ်တွန်း လူမင်း
ဂွင်ကြီးဂွင်ကျယ် လူမင်း
ပင်လယ်ရယ်သံ ကိုဇော် (အရုဏ်ဦး)
ဇာတ်လမ်းတွဲများ ပြသနှစ် ဒါရိုက်တာ
သမီးဆိုး ၂၀၂၂ မယ်မင်းဘုံ
အိမ်ထောင် ၂၀၂၃ မယ်မင်းဘုံ
လောင် ၂၀၂၃ မယ်မင်းဘုံ

စီးပွားရေး လှုပ်ရှားမှု

မယ်စကြဝဠာ ပြိုင်ပွဲပြီးနောက် မြန်မာ့မော်ဒယ်ပြတိုက် (Model Museum Myanmar) အမည်ရှိ ကိုယ်ပိုင်မော်ဒယ်အေဂျင်စီ ထောင်သည်။ ကိုး (Nine) အမည်ရှိ ပွဲစီစဉ်လုပ်ငန်းကိုလည်း ဦးစီးသည်။

နိုင်ငံရေး လှုပ်ရှားမှု

ဖခင်၏ တိုက်တွန်းစကားကြောင့် ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် လသာမြို့နယ် ကိုယ်စားပြု ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စာရင်းသွင်းခဲ့သည်။ ဖေဖော်ဝါရီလ ၃၀ ရက်အထိ မဲဆွယ်စည်းရုံးမှုများ လုပ်မည်ဖြစ်သည်။

ပြင်ပလင့်များ

ကိုးကား

Tags:

ထက်ထက်ထွန်း ဘဝအကြောင်းထက်ထက်ထွန်း အနုပညာ လှုပ်ရှားမှုထက်ထက်ထွန်း စီးပွားရေး လှုပ်ရှားမှုထက်ထက်ထွန်း နိုင်ငံရေး လှုပ်ရှားမှုထက်ထက်ထွန်း ပြင်ပလင့်များထက်ထက်ထွန်း ကိုးကားထက်ထက်ထွန်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂုဏ်ဆယ်ပါးရခိုင်ရိုးရာ ကျင်ကိုင်ပွဲမေတ္တသုတ်သည်အမျိုးသမီး (ရုပ်ရှင်)ကိုယ်ဝန်ဆောင်ခြင်းဘရာဇီးနိုင်ငံပျူလူမျိုးခြင်းလုံးစာပေဝ လူမျိုးကိုးပါးသီလအသည်းပြည်မြို့မနုဿဗေဒမြမြန်မာဝီကီပီးဒီးယားသမုဒ္ဒရာကြာနီကန်ဆရာတော်လေးချိုးရှစ်လေးလုံးအရေးအခင်းကြာသပတေးဂြိုဟ်ဘုရားဂုဏ်တော်ဖြူးမြို့ပုဂံမြို့ဟောင်းဘိသိက်မင်္ဂလာမြန်မာသင်ပုန်းကြီးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမြဝတီမြို့မြန်မာ့စွယ်စုံကျမ်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မင်းလူတစ်ကိုယ်ရည်အာသာဖြေခြင်းသီတင်းကျွတ်လပြည့်နေ့ရေမွန်ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရောဘတ် ကွက်ဆောက်လုပ်ရေး ဝန်ကြီးဌာနအင်္ဂါဂြိုဟ်ခွေးရူးပြန်ရောဂါမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းမြင့်မြတ် (ရုပ်ရှင်သရုပ်ဆောင်)သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ကြွက်နို့ဒြပ်စင်ကျောက်ခေတ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြောင်းမြမြို့အရှေ့တောင်တိုင်းစစ်ဌာနချုပ်လ (ကမ္ဘာရံဂြိုဟ်)လူ၏ အရိုးဖွဲ့စည်းပုံသံလွင်မြစ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမြသလွန်ဘုရားနိဗ္ဗာန်တောင်ငူမြို့ရခိုင်လူမျိုးဗောဇ္ဈင်္ဂသုတ်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမော်လမြိုင်ရဟန်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းကျားယောက်ျား အင်္ဂါတံဝက်ဝံတပင်ရွှေထီးအဲလ်ဘတ် အိုင်းစတိုင်းအဖြူဆင်းခြင်းတောင်ကြီးမြို့ဘင်္ဂလားဒေ့ရှ်နိုင်ငံပျူမြို့ပြနိုင်ငံများခွေးခွေးတောက်ပင်တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)တရားဂုဏ်တော်လှိုင်ထိပ်ခေါင်တင်ချောင်းသာကမ်းခြေသိကြားမင်းကော့ကရိတ်မြို့🡆 More