မဟာမြိုင်တောရ ဆရာတော် ဇောတိက

ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ ဆရာတော် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော Snow in the Summerစာအုပ်မှာ ဘာသာစကားဆယ်မျိုးသို့ ပြန်ဆိုခဲ့ပြီး အုပ်ရေတစ်သန်းထက်မနည်း ပုံနှိပ်ခဲ့ရသည်ဟု အင်တာနက်အာခိုက်ဖ်၏ စာကြည့်တိုက်(Internet Archive's Open Library)ကက်တလောက်တွင် ဆိုထားသည်။

ဆရာတော် ဦးဇောတိက
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပညာရေးလျှပ်စစ်အင်ဂျင်နီယာဘွဲ့ (ရန်ကုန် စက်မှုတက္ကသိုလ်)
ဓမ္မအမည်ဇောတိက
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1947-08-05)၅ ဩဂုတ်၊ ၁၉၄၇
မော်လမြိုင်
ဘာသာရေးရာ
ဆရာ(များ)တောင်ပုလုဆရာတော်၊ ထန်းတပင်တောရ ဆရာတော်

လူဝတ်ကြောင်ဘဝ

ဆရာတော်ဦးဇောတိကကို ၁၉၄၇-ခုနှစ် ဩဂုတ်လ ၅-ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူသည် အခြေခံပညာရေးကို ရိုမန်ကက်သလစ် သာသနာပြုကျောင်းတွင် သင်ကြားခဲ့သည်။ သူငယ်ရွယ်စဉ်ကာလတွင် မည်သည့်ဘာသာရေးကိုမှ ဘာသာဝင်အဖြစ် ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော်လည်း ဘာသာတရားပေါင်းစုံတို့၏ သဘောတရားတို့ကို လေ့လာပြီး နားလည်အောင်ကြိုးစားခဲ့သည်။ အနောက်တိုင်း ဒဿနိကဗေဒနှင့် စိတ်ပညာဘာသာရပ်များကို လေ့လာလိုက်စားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

ရဟန်းဖြစ်လာခြင်း

လူအများစုသည် သူတို့ဘဝ၏ တန်ဖိုးရှိသောအချိန်များကို ချမ်းသာကြွယ်ဝအောင်ပြုလုပ်ခြင်း၊ လောကီစည်းစိမ်များကို ခံစားခြင်း၊ ကျော်ကြားမှု၊ ဩဇာအာဏာနှင့် ရာထူးနေရာကောင်း ရရှိရေးအတွက် အသုံးချရင်း ကုန်ဆုံးနေကြသော်လည်း ဘဝ၏ ရလဒ်များအပေါ် ကျေနပ်နှစ်သက်မှုမရှိကြသည်ကို သူကတွေ့ခဲ့ရသည်။ ဗုဒ္ဓနည်းကျ တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရသဖြင့် တရားထိုင်မှုအပေါ် သူအလွန်စိတ်ဝင်စားလာခဲ့သည်။ ထိုကြောင့် အသက် ၂၆-နှစ်အရွယ်တွင် မိသားစုကို စွန့်ခွာခဲ့ပြီး ရှင်သာမဏေ အဖြစ်ကို ခံယူခဲ့သည်။ ၁၉၇၄-ခုနှစ်တွင် မိတ္ထိလာမြို့ တောင်ပုလုတောရ၌ တောင်ပုလုဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။

ပဋိပတ်လုပ်ငန်း

သူသည် အခြေခံပညာရေး (၈)တန်းကာလမှစ၍ ဝိပဿနာစာအုပ်များကို ဖတ်ရှုဖြစ်ကာ တစ်နေ့ဆယ်မိနစ်ဖြစ်စေ၊ တစ်ဆယ့်ငါးမိနစ်ခန့်ဖြစ်စေ တရားထိုင်သည့် အလေ့အကျင့်ရှိခဲ့သည်။ သူသည် တောင်ပုလုဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ဝိပဿနာတရားကို ၃-နှစ်တာ အားထုတ်ခဲ့သည်။ ထိုနောက် ထန်းတပင် တောရဆရာတော်ထံတွင် ၁၅-နှစ်ကြာ ဝိပဿနာတရားကို ဆက်လက်အားထုတ်ခဲ့သည်။

နိုင်ငံခြား သာသနာပြုခရီး

ဆရာတော်သည် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ၁၉၇၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်တစ်ကြိမ် ကြွရောက်သာသနာပြုခဲ့သည်။

သူသည် အမေရိကန်ပြည်ထောင်စုသို့ ၁၉၈၃-၈၄တွင် ကြွရောက်ခဲ့ပြီး ၁၆-လကြာခန့် သီတင်းသုံးကာ ဆန်တာခယု(ဇ်)၊ နယူးယောက်၊ ဘော့စတွန်နှင့် ဝါရှင်တန်တို့တွင် တရားပွဲများ ကျင်းပခဲ့သည်။

သူသည် စင်္ကာပူနိုင်ငံသို့လည်း ဓမ္မဒူတခရီး အကြိမ်ကြိမ် ကြွချီခဲ့သည်။

ရေးသားပြုစုခဲ့သည့် စာအုပ်များ

စာအုပ်အမည် ထုတ်ဝေချိန် ရေးသားသည့်ဘာသာ

ဘဝကိုစိတ်ကဦးဆောင်သည် ၂၀၂၃-ခု၊ ဒီဇင်ဘာလ မြန်မာ

မြင့်မြတ်မှုပျောက်ဆုံးနေခြင်း၊ မေတ္တသုတ်တရားတော် ၂၀၁၂-ခု၊ စက်တင်ဘာလ မြန်မာ
တွေးမိတိုင်းပျော်တယ် ၂၀၀၇-ခု၊ အောက်တိုဘာလ မြန်မာ
A Map of the Journey ၂၀၀၆-ခု၊ ဇွန်လ အင်္ဂလိပ်
လွတ်လပ်သောစိတ် ၂၀၀၆-ခု၊ မေလ မြန်မာ
အသက်ရှင်နေလျက် ဘဝသေနေသူ ၂၀၀၃-ခု၊ အောက်တိုဘာလ မြန်မာ
အခွင့်အရေးနှင့်တာဝန် ၂၀၀၂-ခု၊ ဇွန်လ မြန်မာ
ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ

သူ့ကိုပြင်ချင်ရင်ကိုယ့်ကိုကိုယ်အရင်ပြင်

၂၀၀၂-ခု၊ ဇန်နဝါရီလ မြန်မာ
မေတ္တာတရား၊ လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ ၂၀၀၁-ခု၊ မေလ မြန်မာ
သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း ၂၀၀၀-ခု၊ ဇွန်လ မြန်မာ
အရှုပ်ထဲမှာ ရှင်းအောင်နေ ၂၀၀၀-ခု၊ မတ်လ မြန်မာ
တစိမ့်စိမ့်တွေးမယ် ၁၉၉၉-ခု၊ ဒီဇင်ဘာလ မြန်မာ
Snow in the Summer ၁၉၉၉-ခု၊ စက်တင်ဘာလ အင်္ဂလိပ်
စိတ်နှလုံး ရွှင်လန်းစေဖို့ ၁၉၉၉-ခု၊ ဧပြီလ မြန်မာ
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်း ၁၉၉၈-ခု၊ ဒီဇင်ဘာလ မြန်မာ
သတိဆိုတဲ့နေအိမ်၊ အပျော်ဆုံးလူ၊ ဗုဒ္ဓရင်ခွင်မှာ ၁၉၉၈-ခု၊ ဇွန်လ မြန်မာ
ဘဝဆိုတဲ့ကျောင်း ၁၉၉၈-ခု၊ မတ်လ မြန်မာ

ကိုးကား

Tags:

မဟာမြိုင်တောရ ဆရာတော် ဇောတိက လူဝတ်ကြောင်ဘဝမဟာမြိုင်တောရ ဆရာတော် ဇောတိက ရဟန်းဖြစ်လာခြင်းမဟာမြိုင်တောရ ဆရာတော် ဇောတိက ပဋိပတ်လုပ်ငန်းမဟာမြိုင်တောရ ဆရာတော် ဇောတိက နိုင်ငံခြား သာသနာပြုခရီးမဟာမြိုင်တောရ ဆရာတော် ဇောတိက ရေးသားပြုစုခဲ့သည့် စာအုပ်များမဟာမြိုင်တောရ ဆရာတော် ဇောတိက ကိုးကားမဟာမြိုင်တောရ ဆရာတော် ဇောတိကSnow in the Summer

🔥 Trending searches on Wiki မြန်မာဘာသာ:

ပုဗ္ဗဏှသုတ်မြန်မာ့ အစားအစာမြန်မာ သက္ကရာဇ်လက်ဖက်သုပ်ဗညားဒလ (ဝန်ကြီး)အမျိုးသားစာပေဆုရစာအုပ်စာရင်းဂျိုးလေးရွာ၊ ဝေါမြို့နယ်တောင်ကြီးမြို့နယ်ဘရူနိုင်းနိုင်ငံကွမ်းရွက်ပင်အင်းဆက်ကျောရိုးမဲ့သတ္တဝါအသူရကာယ်ဒွေးပိဋကတ် သုံးပုံထားစာပေအလောင်းမင်းတရားကြီးအရေးတော်ပုံသာသနာတော်မဟာဘုတ်တရားစကားပုံနီပေါနိုင်ငံမြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မမြဝတီရုပ်မြင်သံကြားဆင်ဖြူရှင်မင်းအလီ၊ မိုဟာမက်နတ်ပင့်ဂါထာကျားရဲယိုပင်လိင်ဆက်ဆံခြင်းမြန်မာတို့၏ကျင့်ဝတ်များအဘိဓမ္မာပိဋကတ်ဖျားနာခြင်းဟန်လင်းမြို့ဟောင်းချင်းလူမျိုးပျူကံနိုင်ငံတကာ စာတတ်မြောက်ရေးနေ့နန်းလုံးကြိုင်ပူတာအိုမြို့အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှန်နန်း ရာဇဝင်ဂြိုဟ်ရန်ကုန်တိုင်းဒေသကြီးရွှေဥဒေါင်းတရုတ်စံကားဒဿနိကဗေဒလင်ခန်းမယားခန်း ပြတ်စဲခြင်းအသောကမင်းသံသရာဘီယာမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အယုဒ္ဓယဟင်္သာမဂ္ဂင် ၈ ပါးကျော်ဟိန်းနယ်ခြားစောင့်တပ်ဖွဲ့အာကာသလူသားနတ်ပြည် ၆ ထပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြန်ကြားရေးဝန်ကြီးဌာနဆီးချိုရောဂါကျောက်ပန်းတောင်းမြို့နယ်တပ်မတော် (ကြည်း)ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများတိန့်လိကျွင်းကာကွယ်ရေးဝန်ကြီးဌာနကျိုင်းတုံခရိုင်သင်္ခါရမြစ်ကြီးနားမြို့ဂျန် အောမြသန်းတင့်အစ္စလာမ်ဘာသာဂဠုန်🡆 More