ဝင်းစိန်ရတနာတောင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ (၂၂ ဇန်နဝါရီ ၁၉၂၂ - ၂၆ ဧပြီ ၂၀၁၅) သည် မြန်မာ မွန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။
ဆရာတော်ဘဒ္ဒန္တကေသရ | |
---|---|
ကျာ်ဇၞော်ဘာဝင်စိင် | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ကျော်ကြားမှု | ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ် |
ဓမ္မအမည် | ဘဒ္ဒန္တကေသရ |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | မြန်မာ၊မွန် |
မွေးဖွား | မောင်ပိန် ဇန်နဝါရီ ၂၂၊ ၁၉၂၂ မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ။ |
ကွယ်လွန် | ဧပြီ ၂၆၊ ၂၀၁၅ မြန်မာသက္ကရာဇ် ၁၃၇၇ ကဆုန်လဆန်း ၉ ရက် တနင်္ဂနွေနေ့ ရန်ကုန်၊ အာရှတော်ဝင်ဆေးရုံ။ | (အသက် ၉၃)
သားသမီး | သားသမီး၅ယောက်၊ မြေး၁၀ယောက် |
မိဘ | အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မ |
ရာထူး တာဝန် | |
ဌာန | မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာဝင်းစိန်တောရကျောင်း။ |
ဂုဏ်ဒြပ် | ဆရာတော် |
ဂုဏ်ပြုခံရမှုများ | ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (၂၀၁၄) မြန်မာနိုင်ငံ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက (၂၀၁၄) |
ဆရာတော်လောင်းလျာကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၌ ခမည်းတော် ဦးနိုင်ဖေ၊ မယ်တော် ဒေါ်တရုတ်မတို့မှ ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက် (တနင်္ဂနွေ)၊ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
၁၃၃၃ ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ဇောတိကာရာမကျောင်းတိုက် ခဏ္ဍသိမ်တော်မြတ်၌ ဇောတိကာရာမကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဆရာတော်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတိုးကော့နှပ်ကျောင်းဆရာတော်နှင့် ကျောင်းသစ်ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ တို့ထံတွင် ပိဋကတ်အခြေခံကျမ်းစာများကို သင်ကြားတတ်မြောက်ခဲ့ပြီး ကျမ်းအစောင်စောင်တို့ကို သင်ယူလေ့လာဆည်းပူးခဲ့သည်။
ဆရာတော်သည် သာသနာပြုသက်တမ်း နှစ် ၅ဝ အတွင်း မြန်မာပြည်အရပ်ရပ်ရပ်ရှိ သုဿာန်ပေါင်း ၁၃၃ ခုတွင် ကမ္မဋ္ဌာန်းအားထုတ်ခြင်း နှင့် ဓုတင် ၁၃ ပါးကို ကျင့်ကြံအားထုတ်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်သာသနာပြုစခန်း၊ မုဒုံမြို့နယ် ခပ်ရခပ်ယူ သာသနာပြုစခန်း၊ ကမာချိုင့်သာသနာပြုစခန်း၊ ကမာတာသာသနာပြုစခန်း၊ ကမာခရဲသာသနာပြုစခန်း၊ ကော့ဟဘင်ကွင်းကလေးသာသနာပြု စခန်း၊ ကွေ့ဝမ်းကျေးရွာ သာသနာပြုစခန်း၊ နိုင်းပြိုင်ကျေးရွာသာသနာပြုစခန်း၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာသာသနာပြုစခန်းတို့ကို ထူထောင်၍ ပဋိပတ္တိသာသနာတော်ကို ဆောင်ရွက်ခဲ့သည်။ ဝင်းစိန်တောရသာသနာပြုစခန်း တွင် အတောင် ၄ဝဝ ပြည့် ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီး တည်ထားကိုးကွယ်ခြင်းအပါအဝင် စေတီပုထိုးပေါင်း ၆ဝဝ ကျော်တို့ကို ပြုပြင်မွမ်းမံတည်ထားခြင်း၊ သာသနိကအဆောက်အအုံ ၃ဝ ကျော်တို့ကို ပြုပြင်မွမ်းမံတည်ဆောက်ခြင်းများအပြင် ပြည်ပနိုင်ငံများသို့ကြွရောက်သာသနာပြုခြင်း၊ အခြေခံပညာမူလတန်းကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြားဘာသာဝင်လူမျိုးပေါင်းများစွာကို ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆရာတော်သည် ၂ဝ၀၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းသော အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သည်။
ဆရာတော်ကြီးသည် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၄၄ ဝါအရ ၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် (၂၆-၄-၂ဝ၁၅) တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ အချိန်၊ နှလုံးရောဂါဖြင့် ရန်ကုန် အာရှတော်ဝင်ဆေးရုံတွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ဆက်ကပ်လှူဒါန်းခြင်း မခံယူမီ လပိုင်းအလိုတွင် ပျံလွန်တော်မူခြင်းဖြစ်သည်။ ဆရာတော်ရုပ်ကလာပ်ကို ညနေ ၄နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့သို့ ပြန်လည်ပင့်ဆောင်သွားသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဝင်းစိန်ရတနာတောင်တောရ ဆရာတော်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.