ဂြိုဟ်သိမ်ဂြိုဟ်မွှား

ဂြိုဟ်သိမ်ဂြိုဟ်မွှား (အင်္ဂလိပ်: Dwarf planet) များဆိုရာ၌ နေစကြဝဠာတွင် ဂျူပီတာဂြိုဟ်နှင့် မားဂြိုဟ်တို့ သွားရာလမ်းကြောင်း နှစ်ခုစပ်ကြား မိုင် ၃ဝဝဝဝဝဝဝဝ ကျယ်ပြောသော လဟာပြင်ကြီးရှိ ဂြိုဟ်ကလေး ပေါင်းများစွာကို ဆိုသည်။ ယနေ့အထိ ဂြိုဟ်ကလေးပေါင်း ၁၅ဝဝ ကျော်မျှကို နက္ခတ္တဗေဒပညာရှင်တို့ တွေ့ရှိခဲ့ပြီးဖြစ်၍ နောက်ထပ်လည် အခြားဂြိုဟ်ကလေးများကို ထပ်မံတွေ့ရှိ နေရဆဲ ဖြစ်သည်။ ဂြိုဟ်ကလေးတို့သည် မည်မျှသေးငယ်ကြ သနည်းဟူမူ အကြီးဆုံးကိုပင် သာမန်မျက်စိဖြင့်ကြည့်၍ မမြင်နိုင်ချေ။ အဝေးကြည့်မှန်ပြောင်းနှင့် ကြည့်မှသာလျှင် မြင်နိုင်သည်။ အကြီးဆုံးသော ဂြိုဟ်ကလေးမှာ ဆီးရီးဖြစ်၍ အချင်း ၄၈၅ မိုင် ရှိ၏။ ဂြိုဟ်ကလေးအချို့၏ အချင်းမှာ ၁ဝ မိုင်အောက်ပင် ငယ်ကြသေးသည်။


အဆိုပါဂြိုဟ်ကလေးတို့သည် ဂြိုဟ်ကြီးတစ်လုံး ကြေမွသွား ရာမှ ဖြစ်ပေါ်လာဟန်တူသည်ဟု ရှေးက ယူဆခဲ့ကြသည်။ သို့ရာတွင် ယခုခေတ် နက္ခတ္တဗေဒပညာရှင်တို့က အောက်ပါ အတိုင်း ယူဆကြ၏။ ဂြိုဟ်ကလေးတို့သည် ယင်းတို့ တည်ရှိ ရာ နယ်အတွင်း၌ ဆွဲအားကောင်းသော မဏ္ဍိုင်တစ်ခုသာ အကယ်၍ရှိပါက ထိုကဏ္ဍိုင်၌စုပေါင်း၍ ဂြိုဟ်ကြီးတစ်လုံး ဖြစ်လာ နိုင်ဖွယ်ရှိသည်။ မည်သို့ဆိုစေကာမူ ထိုဂြိုဟ်ကလေး များ ဖြစ်ပေါ်တည်ရှိနေပုံ၏ ဇာစ်မြစ်ကိုကား မည်သူမျှ အတိ အကျ အပြည့်အစုံ မသိရသေးချေ။


ဂြိုဟ်ကလေးတို့သည် ဂြိုဟ်ကြီးများနည်းတူပင် နေကို လှည့်ပတ်၍နေကြသည်။ နေကို လှည့်ပတ်ရာ၌ ၃ နှစ်မှ ၁ဝ နှစ်အထိ အချိန်ကြာ၏။ ဂြိုဟ်ကလေးတို့သွားရာလမ်းကြောင်း များသည် ဘဲဥပုံသဏ္ဌာန်များ ဖြစ်ကြသည်။ လမ်းကြောင်း၏ အစွန်းတစ်ဖက်သည် အခြားအစွန်းထက် နေနှင့် များစွာ ပိုမိုနီးကပ်လျက် ရှိသည်။ အီးရော့ခေါ် ဂြိုဟ်ကလေးသည် ၂၇ နှစ်တွင် တစ်ကြိမ်ကျ ကမ္ဘာနှင့် မိုင် ၁၃၈ဝဝဝဝဝ ကွာဝေးသောနေရာသို့ ရောက် လာတတ်သည်။ ထိုဂြိုဟ်ကလေး ရွေ့ရှားနေပုံကိုကြည့်၍ နက္ခတ္တဗေဒပညာရှင်တို့သည် ကမ္ဘာမှ နေ၏အကွာအဝေးကို အကောင်းဆုံးနည်းဖြင့် တွက်ချက်ယူနိုင်ကြသည်။ ထိုဂြိုဟ် ကလေးကို ၁၈၉၈ ခုနှစ်တွင် ဘာလင်မြို့မှ ဗစ်ဆိုသူ နက္ခတ္တ ဗေဒပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့သည်။ အီးရော့သည် ကျွနုပ်တို့ ကမ္ဘာဂြိုဟ်ကဲ့သို့ အလုံးပုံမဟုတ်ဘဲ ကျောက်တုံး ကျောက်ခဲကြီးကဲ့သို့ ပုံပန်းမပြေပြစ်သည့် အစိုင်အခဲကြီးဖြစ် ကြောင်းကို ထူးဆန်းစွာ တွေ့ရလေသည်။ ဤအချက်ကို ထောက်သဖြင့် အခြားဂြိုဟ်ကလေးများလည်း ဤအတိုင်း ဖြစ်နိုင်စရာရှိသည်ဟု အချို့က ယုံကြည်ယူဆကြသည်။

ကိုးကား

Tags:

ဂျူပီတာဂြိုဟ်ဂြိုဟ်ငယ်စီးရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)နေအဖွဲ့အစည်းအင်္ဂလိပ်ဘာသာစကားအင်္ဂါဂြိုဟ်

🔥 Trending searches on Wiki မြန်မာဘာသာ:

တောက်တဲ့ဗောဇ္ဈင်္ဂသုတ်ဘိန်းပထမ ကမ္ဘာစစ်မြန်မာနိုင်ငံ၏ ပညာရေးဝ လူမျိုးအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သရဲကလေးမြို့ဆေးဝါးအမျိုးသားနေ့ပအိုဝ်းလူမျိုးစကားထာပဋိစ္စသမုပ္ပါဒ်ထိုင်းနိုင်ငံအာဠာဝကဘီလူးဆင်ဖြူရှင်မင်းပုလွေမှုတ်ခြင်းရာသီခွင်ဒေဝဒတ်အီဂျစ်နိုင်ငံဖူးခက်အင်္ဂါဂြိုဟ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းပေါက်မြို့အမျိုးသမီးစကားပုံဆေးဝါးဗေဒတရားကိုယ်ဝန်ဖျက်ချခြင်းစိုးဝင်း၊ ဗိုလ်ချုပ်ကြီးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)မျိုးကြီးကျောက်ကပ်ရောင်ရောဂါအဖြူဆင်းခြင်းမြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းကာလသားရောဂါတောင်ကုတ်မြို့ရာပြည့်မြန်မာနိုင်ငံရှိ ပွဲတော်များနီနီခင်ဇော်သရက်သီးအပျိုမြှေးတရုတ်ပြည်သူ့သမ္မတနိုင်ငံတပင်ရွှေထီးမြန်မာနိုင်ငံရေးသမိုင်းအိမ်စောင့်အစိုးရ (၁၉၅၈)လာအိုဘုရင့်နိုင်ငံစိတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကွန်မြူနစ်ဝါဒဆိုရိုးစကားကြေးမုံ သတင်းစာမြန်မာပိတောက်ဂီတာသန်လျင် မင်းကျောင်းဆရာတော်အဘိဓမ္မာပိဋကတ်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်အိတ်ချ်အိုင်ဗွီ ရောဂါပိုးသင်းခွေချပ်လိင်စိတ်ဆွခြင်းကျင်ဒွေးမြို့ထားပဋ္ဌာန်းနိဗ္ဗာန်ပန်းမော်လမြိုင်မြို့ဇာတ်ကြီးဆယ်ဘွဲ့ဆေးခြောက်ပင်မြင့်မြတ်ပညာရေးဝန်ကြီးဌာနယေရှု ခရစ်တော်စမ်းချောင်းမြို့နယ်ကျေးရွာအုပ်စုသိပ္ပံမောင်ဝပေါက်မြို့နယ်ပြစ်မှုဆိုင်ရာဥပဒေ🡆 More