ပလူတို: နေအဖွဲ့အစည်းရှိ ဂြိုဟ်ပု

ပလူတို (အင်္ဂလိပ်: Pluto; သင်္ကေတ: ၎င်း ) သည် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်ပြီး ကျောက်သား နှင့် ရေခဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ပလူတိုဂြိုဟ်ပေါ်တွင် အလွန်အေးပြီး အပူချိန် အနှုတ် ၂၁၈ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၃၆၀ ဒီဂရီ ဖာရင်ဟိုက်) မှ အနှုတ် ၂၄၀ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိရှိသည်။

ပလူတို ⯓
ပလူတို: နေအဖွဲ့အစည်းရှိ ဂြိုဟ်ပု
New Horizons အာကာသယဉ်မှ ရိုက်ကူးထားသော ပလူတိုဂြိုဟ်
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူClyde Tombaugh
ရှာဖွေတွေ့ရှိသည့် ရက်စွဲFebruary 18, 1930
ဂြိုဟ်သိမ်ဂုဏ်အင်134340 Pluto
အသံထွက်/ˈplt/ (ပလူတို: နေအဖွဲ့အစည်းရှိ ဂြိုဟ်ပု )
အစွဲပြု၍ မှည့်ခေါ်
ပလူတို
ဂြိုဟ်သိမ်စာရင်း
ပါဝင်အရာဝတ္ထုများPlutonian
ပတ်လမ်း ဂုဏ်အင်များ
Epoch J2000
အဝေးဆုံးပတ်လမ်း
  • 49.319 AU
  • (7,378.07 Gm)
  • February, 2114
အနီးဆုံးပတ်လမ်း
  • 29.656 AU
  • (4,436.4 Gm)
  • (September 5, 1989)
ဆီမီး မေဂျာ ဝင်ရိုး
  • 39.54 AU
  • (5,915 Gm)
ပတ်လမ်း ဗဟိုကျမှု0.24905
ပတ်လမ်း ကာလ
  • 248.00 years
  • 90,581 d
  • 14,164.4 Plutonian solar days
ပတ်လမ်း ကာလ
366.73 days
ပျမ်းမျှ ပတ်နှုန်း
4.67 km/s
ပျမ်းမျှ မူမမှန်မှု
14.53 deg
ပတ်လမ်း တိမ်းစောင်းမှု
  • 17.1405°
  • (11.88° နေ၏ အီကွေတာဆီသို့)
Longitude of ascending node
110.299°
Argument of perihelion
113.834°
သိရသည့် ဂြိုဟ်ရံလများ စင်း
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
ပြားချပ်မှု<1%
မျက်နှာပြင် ဧရိယာ
  • 1.77×107 km2
  • 0.035 ကမ္ဘာ
ထုထည်
  • (7.006±0.071)×109 km3
  • 0.00647 Earths
ဒြပ်ထု
ပျမ်းမျှ သိပ်သည်းဆ
1.860±0.013 g/cm3
မျက်နှာပြင် ဒြပ်ဆွဲအား
  • 0.620 m/s2
  • 0.063 g
လွတ်မြောက်အလျင်
1.212 km/s
ဘေးဘက် လှည့်ပတ်ကာလ
  • 6.387230 d
  • 6 d, 9 h, 17 m, 36 s
အီကွေတာ လည်ပတ်မှု အလျင်
47.18 km/h
ဝင်ရိုးတိမ်းစောင်းမှု
119.591°±0.014° (to orbit)
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
132.993°
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
−6.163°
Albedo0.49 to 0.66 (geometric, varies by 35%)
မျက်နှာပြင် အပူချိန် အနည်းဆုံး ပျမ်းမျှ အများဆုံး
Kelvin 33 K 44 K (−229 °C) 55 K
မြင်သာသော ပမာဏ
13.65 to 16.3
(mean is 15.1)
ပကတိ ပမာဏ (H)
−0.7
ထောင့်ဖြတ်အချင်း
0.06″ to 0.11″
လေထု
မျက်နှာပြင် လေထုဖိအား
1.0 Pa (2015)
လေထု၌ ဓာတုပါဝင်နှုန်းနိုက်ထရိုဂျင်မီသိန်းကာဗွန်မိုနောက်ဆိုဒ်

ပလူတိုသည် ၂၃၉၀ ကီလိုမီတာအချင်းရှိပြီး လကမ္ဘာ ၏ သုံးပုံ နှစ်ပုံမျှရှိကာ ကမ္ဘာ၏ ၅ ပုံ ၁ ပုံမျှရှိသည်။ ပလူတိုဂြိုဟ်၏ အလေးချိန်မှာ တန်ချိန် ၁၃ သန်းမျှရှိသည်။ ကမ္ဘာသည် ပလူတိုဂြိုဟ်၏ အဆ ၄၆၀ မျှလေးပြီး ကမ္ဘာရံလသည် ပလူတိုဂြိုဟ်ထက် ၅ ဆခွဲမျှလေးသည်။

အရီဇိုးနား ပြည်နယ် Flagstaff ရှိ Lowell observatory မှ နက္ခတ္တဗေဒပညာရှင် ကလိုက်တွမ်ဘော့ (Clyde Tombaugh) မှ ပလူတိုဂြိုဟ်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရောမငရဲနှင့်ဆိုင်သော နတ်ဘုရား ပလူတို၏ အမည်ကို ပေးခဲ့သည်။ ထိုအမည်ကို အကြံပြုခဲ့သူမှာ အင်္ဂလန်မှ ဗဲနက်တီယာ ဘာနေး (Venetia Burney) ဖြစ်ပြီး သူမသည် ထိုအချိန်က ၁၁ နှစ် သမီးမျှသာရှိသေးသည်။

ပလူတိုတွင် ချာရွန် (Charon)၊ စတိုက် (Styrx)၊ ကီးဘရော့စ် (Kerberos)၊ နစ်စ် (Nix) နှင့် ဟိုက်ဒရာ (Hydra) ဟူသော ဂြိုဟ်ရံလ ၅ ခု ရှိသည်။ ချာရွန်မှာ ၁၁၉၀ ကီလိုမီတာ အချင်းရှိပြီး ပလူတိုဂြိုဟ်၏ အချင်း၏ တစ်ဝက်မျှရှိသည်။ ပလူတိုနှင့် ချာရွန်တို့သည် တစ်ခုကို တစ်ခု အပြန်အလှန်လှည့်ပတ်နေကြပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ ခုပမာရှိသည်။ နစ်စ်နှင့် ဟိုက်ဒရာတို့မှာ ပိုမိုသေးငယ်ပြီး ၄၅ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ အတွင်းသာ ကျယ်ဝန်းသော အချင်းရှိပြီး ပလူတိုဂြိုဟ်မှ ၄၄၀၀၀ ကီလိုမီတာမျှ ကွာဝေးသည်။ ချာရွန်ကို ၁၉၇၈ ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နစ်စ်နှင့် ဟိုက်ဒရာကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နေအဖွဲ့အစည်း အတွင်းတွင် ဂြိုဟ် ၈ ခု ရှိသည်။ ပလူတိုသည် ထိုဂြိုဟ် ၈ ခုနှင့် လွန်စွာမှပင် ကွဲပြားခြားနား နေသည်။ ၎င်းသည် အခြားဂြိုဟ်များထက် သေးငယ်နေပြီး နေ၏ ပတ်လည်တွင် ပုံစံကွဲပြားသော လမ်းကြောင်းဖြင့် သွားလာနေသည်။ ပလူတိုသည် ၎င်း သွားလာသော လမ်းကြောင်းကြောင့် တစ်ခါတစ်ရံတွင် နက်ပကျွန်းဂြိုဟ်ထက် ပို၍ နေနှင့် နီးကပ်နေလေ့ ရှိသည်။

ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။  မာကျူရီဂြိုဟ်သည် ပလူတိုဂြိုဟ်ထက် ၂ ဆမျှ ပို၍ ကျယ်ဝန်းပြီး ဒြပ်ထု ပမာဏမှာ ပလူတိုထက် ၂၅ဆမျှ ပိုသည်။ 

ပလူတိုဂြိုဟ်အား ၉ ခုမြောက် ဂြိုဟ်အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ကျူးပါး ခါးပတ်မှ ပလူတိုထက် ပိုကြီးသောဂြိုဟ်များအား ထပ်မံတွေရှိခဲ့သောကြောင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာ အာကာသ အဖွဲ့အစည်းမှ ပလူတိုကို ဂြိုဟ်ဟု မသတ်မှတ်သင့်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပလူတိုအား ဂြိုဟ်သိမ်ဂြိုဟ်မွှား အဖြစ်သာ သတ်မှတ်ခေါ်ဝေါ်သင့်သည်ဟု သဘောတူညီခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ တွင် New Horizons အာကာသယာဉ်သည် ပလူတိုအနီးဖြတ်၍ပျံသန်းသည့် ပထမဆုံးယာဉ် ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ပျံသန်းစဉ် ပလူတိုအား အသေးစိတ် လေ့လာတိုင်းတာခဲ့သည်။

မှတ်စုများ

ကိုးကား


Tags:

ဂြိုဟ်သိမ်ဂြိုဟ်မွှားများနေအဖွဲ့အစည်းအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)စိုင်းထီးဆိုင်ပြည်မြို့နယ်ဘရူနိုင်းနိုင်ငံအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ကာလာမသုတ်သူနာပြုအတတ်ဗုဒ္ဓအမျိုးသမီးများ၏ အခွင့်အရေးပခုက္ကူမြို့မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းနေအဖွဲ့အစည်းအာဆင်နယ်မလေးရှားနိုင်ငံသက္ကရာဇ်အချစ်ယူကျူ့ဘ်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းအရင်းရှင်ဝါဒနေ့နံကယန်းလူမျိုးအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အာခါလူမျိုးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မမြန်မာ ငွေစက္ကူ သမိုင်းသဘာဝဓာတ်ငွေ့လေဖြတ်ခြင်းကင်ဆာရောဂါငွေ (သတ္တု)မြန်မာတိုင်းရင်းသားမျိုးနွယ်များဒဿနိကဗေဒနယ်စပ်ရေးရာ ဝန်ကြီးဌာနခန္ဓာငါးပါးအောင်လံမြို့နယ်ခြားစောင့်တပ်ဖွဲ့အစ္စလာမ်ဘာသာတရုတ်စံကားနှစ်ကျိပ်ရှစ်ဆူသာရိပုတ္တရာထေရ်ဟစ်တလာပဋိစ္စသမုပ္ပါဒ်သနပ်ခါးဘင်္ဂလားဒေ့ရှ်နိုင်ငံအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကံနည်းပညာသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ငှက်သိုက်ရှစ်ပါးသီလမြိတ်မြို့ဗီယက်နမ်နိုင်ငံငါးရာငါးဆယ်ဇာတ်တော်များစာရင်းခရေပင်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းပုဗ္ဗဏှသုတ်တြိဂံရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးအေဘရာဟမ် လင်ကွန်းနန္ဒမာလာဘိဝံသနှလုံးသွေးကြောကျဉ်းရောဂါတနင်္သာရီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမင်းသုဝဏ်ဂုဏ်ဆယ်ပါးသီရိလင်္ကာနိုင်ငံဖော်ကာရှမ်းလူမျိုးမဟာဂီရိနတ်မြန်မာနိုင်ငံရှိ ပွဲတော်များမကွေးတိုင်းဒေသကြီးဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဒုတိယ ကမ္ဘာစစ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ🡆 More