အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်

ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု မူရင်း နယ် ၁၃ နယ်တွင် အပါအဝင် ဖြစ်လေသည်။ အင်္ဂလန်နိုင်ငံ ဒုတိယဂျော့ဘုရင်ကို အစွဲပြု၍ ဂျော်ဂျီးယားဟု တွင်သည်။ ခရစ် ၁၇၃၃ ခုနှစ်တွင် တည်ထောင်သည်။ အမေရိကန် ပြည် ထောင်စု၏ အတ္တလန္တိတ်ကမ်းရိုးတန်း တောင်ပိုင်းတွင် တည်ရှိ လေသည်။ ထိုနယ်၏အနောက်ဘက်၌ အယ်လဗားမားပြည်နယ်၊ အရှေ့ဘက်၌ တောင်ကယ်ရိုလီးနားပြည်နယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ဘက်၌ တင်နက်ဆီပြည်နယ်နှင့် မြောက် ကယ်ရိုလိုင်းနားပြည်နယ်၊ တောင်ဘက်၌ ဖလော်ရီဒါပြည်တို့ ရှိသည်။

ဂျော်ဂျီယာပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဂျော်ဂျီယာ အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဂျော်ဂျီယာ အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodProvince of Georgia
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
January 2, 1788 (4th)
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများAtlanta metro area
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးNathan Deal (R)
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Casey Cagle (R)
လူဦးရေ
 • စုစုပေါင်း၉,၈၁၅,၂၁၀ (၂၀၁၁ est)
 • သိပ်သည်းမှု၁၆၅/sq mi (၆၅.၄/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၅၀,၈၆၁
 • ဝင်ငွေအဆင့်၂၃rd
ဘာသာစကား
 • ရုံးသုံးဘာသာစကားEnglish
လတ္တီကျူ30.356 – 34.985° N
လောင်ဂျီကျူ80.840 – 85.605° W

ထိုပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၈၈၇၆ ရှိ၍ လူဦးရေမှာ ၁၉၅၀ ပြည့်နှစ် သန်းခေါင်စာရင်း အရ ၃၄၄၄၅၇၈ ဖြစ်လေသည်။ ယင်းအနက် ကပ္ပလီလူမျိုး တို့၏ လူဦးရေမှာ ၁၀၀၀၀၀၀ ကျော်လေသည်။

ဂျော်ဂျီးယားနယ်ကို ၁၅၄၀ ပြည့်နှစ်တွင် ဒီဆိုးတိုးအမည်ရှိ ဥရောပတိုက်သားတစ်ဦးက ပထမဦးစွာ ရှာဖွေတွေ့ရှိခဲ့သော် လည်း ထိုနောက် နှစ်ပေါင်း ၂၀၀ ခန့်ကြာသောအခါမှသာ ထိုနယ်တွင် ဥရောပတိုက်သားများ အခြေတကျ နေထိုင်စပြုကြ လေသည်။

ဂျော်ဂျီးယားပြည်နယ်၏ ရာသီဥတုမှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ ဂျောဂျီးယားတောင်ပိုင်း၏ ရာသီဥတုသည် ဖလော်ရီဒါမြောက်ပိုင်း၏ ရာသီဥတုနှင့် တူ၏။ သို့ရာတွင် ပူလွန်း၊ အေးလွန်းသော ရာသီဥတုမျိုးကား မည်သည့်အပိုင်း တွင်မျှ မရှိသဖြင့် ယေဘုယျအားဖြင့် ဂျော်ဂျီးယားပြည်နယ် သည် သမမျှတသော ရာသီဥတုရှိသည်ဟု ဆိုနိုင်ပေသည်။ မြောက်ပိုင်းတွင် မိုးအများဆုံးရွာသွန်း၍ အရှေ့ပိုင်းတွင် မိုး အနည်းဆုံး ဖြစ်လေသည်။ ပျမ်းမျှ မိုးရေချိန်မှာ လက်မ ၅၀ ခန့် ဖြစ်လေသည်။

ဂျော်ဂျီးယားနယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြ၍ ဝါဂွမ်းကို အများဆုံး စိုက်ပျိုးကြ၏။ အခြား စိုက်ပျိုးသော အသီးအနှံတို့မှာ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ ဆေးပင် စသည်တို့ ဖြစ်လေသည်။ သစ်တောများမှာလည်း စတုရန်းမိုင်ပေါင်း ၄၀၀၀၀ ခန့်ရှိလေသည်။ စက်မှုလက်မှု လုပ်ငန်းများလည်းရှိရာ ယခုအခါ ရေအားသုံး လျှပ်စစ်အား ကြောင့် တစ်နေ့တခြား ကြီးပွားတိုးတက်လျက်ရှိပေသည်။ ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုထဲတွင် မြေစေးဖြူ အများဆုံးထွက်သော ဓာတ်သတ္တုများမှာ နှမ်းဖတ် ကျောက်၊ စကျင်ကျောက်၊ မန်ဂနီ၊ ကန့်ကူ၊ ရွှေ၊ ငွေနှင့် လချေးတို့ ဖြစ်သည်။

ဂျော်ဂျီးယားပြည်နယ်၏ မြို့တော်မှာ အတ္တလန္တာမြို့ဖြစ်၍ လူဦးရေ ၃၃၁၃၁၄ ရှိလေသည်။ ဗရန်ဇွစ်နှင့် ဆာဗန္နာမြို့များ မှာ အရှေ့ဘက်ကမ်းခြေတွင်ရှိ၍ သင်္ဘောဆိပ်မြို့များ ဖြစ်လေ သည်။

ကိုးကား


Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အော်ကာနာဂစ်မုန်တိုင်းအင်္ဂလိပ်-မြန်မာ စစ်ပွဲများဝီကီပီးဒီးယားဖွေးဖွေးကျုံပျော်မြို့ပြင်သစ်နိုင်ငံခြင်းလုံးဦးကျားကြီးဝင်း မီးလောင်မှုဘရာဇီးနိုင်ငံဂျီမေးလ်ကရင်လူမျိုးဂျပ်စတင် ဘီဘာရာသီအလိုက်ပွင့်သောပန်းများမောင်မောင်အေးဖူးပွင့်ခိုင်နန္ဒဘုရင်ခွေးရူးပြန်ရောဂါလေးဖြူမယ်နုအုတ်ကျောင်းဦးသန့်လေဖြတ်ခြင်းရူပဗေဒအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဗြဟ္မာဘုံခင်ညွန့် (ဗိုလ်ချုပ်ကြီး)အောင်သင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်တိရစ္ဆာန်အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)ဖေ့စ်ဘွတ်ခ်ကယားလူမျိုးရှမ်းပြည်နယ်အီစတာပွဲတော်နေ့မျောက်ကျောက်ကပ်ပထမ အင်္ဂလိပ် - မြန်မာစစ်လက်တင်ဘာသာစကားဂျပန်သမိုင်းချေ၊ (ဂျီ)ကမ္ဘာဂြိုဟ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆွစ်ဇာလန်နိုင်ငံသွေးလွန်တုပ်ကွေးငါး (တိရစ္ဆာန်)ဧရိယာငလျင်လှုပ်ခြင်းချိုခါးဆိမ့်သက် အချစ်တစ်ခွက်မင်းယုဝေမြန်မာဘာသာစကားမင်းအောင်အာဋာနာဋိယသုတ်သန်လျင်မြို့ရှစ်ပါးသီလနေကြတ်ခြင်း နှင့် လကြတ်ခြင်းချောင်းသာကမ်းခြေကွန်ဒုံးမင်းတုန်းမင်းသိဒ္ဓတ္ထမင်းသားညောင်ရမ်းခေတ်သက္ကရာဇ်သမန်းကျားမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များလေဒီဂါဂါကြွက်တက်ခြင်းခန္ဓသုတ်သတိပဋ္ဌာန်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များစိုးလွင်လွင်တို့ဗမာအစည်းအရုံးမြန်မာ့သမိုင်းပေပင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်🡆 More