ဂရင်းလန်ကျွန်း

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်၌ အကြီးဆုံးကျွန်း ဖြစ်၏။ ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်းအတွင်းသို့ တစ်ကျွန်းလုံးလိုလို ကျရောက်နေသည်။ ဒေဗစ်ရေလက်ကြားနှင့် ဗက်ဖင်ပင်လယ်အော်တို့သည် ဂရင်းလန်ကျွန်းအား မြောက် အမေရိကတိုက်နှင့် ပိုင်းခြား၍ထားလေသည်။

ဂရင်းလန်

Kalaallit Nunaat  (ကလာအ်လီဆပ်)
Grønland  (ဒိန်းမတ်)
ဒိန်းမတ်ဘုရင့်နိုင်ငံတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ
Flag of ဂရင်းလန်
Flag
Official seal of ဂရင်းလန်
Coat of arms
Anthem: "Nunarput utoqqarsuanngoravit" (ကလာအ်လီဆပ်)
(အင်္ဂလိပ်: "You Our Ancient Land")
Song: "Nuna asiilasooq" (ကလာအ်လီဆပ်)
(အင်္ဂလိပ်: "The Land of Great Length")
ဂရင်းလန်တည်နေရာ
ဂရင်းလန်တည်နေရာ
 ဂရင်းလန်ကျွန်း၏ တည်နေရာ  (red) the Kingdom of Denmark အတွင်း  (red and beige)
 ဂရင်းလန်ကျွန်း၏ တည်နေရာ  (red)

the Kingdom of Denmark အတွင်း  (red and beige)

အချုပ်အခြာပိုင် နိုင်ငံဒိန်းမတ်ဘုရင့်နိုင်ငံ
နော်ဝေနှင့် ပေါင်းစည်းခြင်း၁၂၆၂
ဒိန်းမတ်-နော်ဝေ ကိုလိုနီပြုခံရခြင်း၁၇၂၁
ဒိန်းမတ်သို့ လွှဲအပ်ခြင်း၁၄ ဇန်နဝါရီ ၁၈၁၄
ကိုယ်ပိုင်ဥပဒေ၁ မေ ၁၉၇၉
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၂၁ ဇွန် ၂၀၀၉
မြို့တော်Nuuk
64°10′N 51°44′W / 64.167°N 51.733°W / 64.167; -51.733
Largest cityမြို့တော်
တရားဝင် ဘာသာစကားများဂရင်းလန်ဘာသာစကား
  • (Kalaallisut
  • Inuktun
  • Tunumiisut)
အသိအမှတ်ပြု ဘာသာစကားများဒိန်းမတ်၊ အင်္ဂလိပ်နှင့် အခြား
လူမျိုးစုများ
(2018[b])
ဒေသခံတိုင်းရင်းသား
  • ဂရင်းလန် ၈၈.၉%

ဒေသခံမဟုတ်သူ

  • ဒိန်းမတ် ၇.၈%
  • နောဒစ် ၁.၁%
  • အခြား ၁.၄%
ကိုးကွယ်သည့်ဘာသာ
ခရစ်ယာန်ဘာသာ
အမည်များ
  • Greenlander
  • Greenlandic
အစိုးရDevolved government within a parliamentary constitutional monarchy
• ဘုရင်
Frederik X
• ကော်မရှင်နာမင်းကြီး
Mikaela Engell
• Premier
Kim Kielsen
• Speaker of the Inatsisartut
Vivian Motzfeldt
ဥပဒေပြုရေးInatsisartut
National representation
• Folketing
အဖွဲ့ဝင် ၂ ဦး
ဧရိယာ
• စုစုပေါင်း
၂,၁၆၆,၀၈၆ km2 (၈၃၆,၃၃၀ sq mi)
• ရေ (%)
83.1
Highest elevation
၃,၇၀၀ မီတာ (၁၂၁၀၀ ပေ)
လူဦးရေ
• ၂၀၂၀ ခန့်မှန်းခြေ
၅၆,၀၈၁ (၂၁၀)
• သိပ်သည်းမှု
၀.၀၂၈/km2 (၀.၁/sq mi)
GDP (PPP)၂၀၁၁ ခန့်မှန်းခြေ
• စုစုပေါင်း
$၁.၈ ဘီလီယံ (not ranked)
• Per capita
$၃၇,၀၀၀ (၄၀)
HDI (၂၀၁၀)Increase 0.786
high · ၆၁
ငွေကြေးDanish krone (DKK)
အချိန်ဇုန်UTC±00:00 to UTC-04:00
ရက်စွဲပုံစံdd-mm-yyyy
ယာဉ်မောင်းစနစ်right
ဖုန်းခေါ်ကုဒ်+299
စာပို့သင်္ကေတ
39xx
ISO 3166 codeGL
အင်တာနက် TLD.gl

ဂရင်းလန်ကျွန်း၏ ဧရိယာမှာ စတုရန်းမိုင် ၈၄ဝဝဝဝ မျှ ဖြစ်သည်။ အလျားမှာ မိုင် ၁၆ဝဝ ခန့်၊ အနံမှာ မိုင် ၇ဝဝ ကျော်ခန့် ဖြစ်သည်။ တစ်ဝက်ကျော်မျှသော မြေမျက်နှာပြင်ကို ထုထယ်ကြီးမားသော ရေခဲပြင်ဖုံးလွှမ်းနေသောကြောင့် တောင် ထိပ်များသာလျှင် ကွက်ကြား၊ ကွက်ကြားအားဖြင့် ရေခဲပြင် ပေါ်မှ ထိုး၍ ထွက်နေသည်။ ထိုရေခဲပြင်သည် နှစ်စဉ်တန်ချိန် ကုဋေ ၁ဝဝ ကျော်မျှလေးသော ရေခဲများကို ပင်လယ်ထဲသို့ ယူဆောင်ခဲ့သဖြင့် ပင်လယ်၌ မျောနေသော ရေခဲတောင်ကြီး များသည် ခရီးသွားသင်္ဘောများကို အန္တရာယ်ပြုနိုင်သည်။


ဂရင်းလန်၏ ကမ်းရိုး တန်းမှာ ကျောက်ထူထပ်၍ ကုန်းမြေတွင်းသို့ ရှည်လျားစွာ ဝင်နေသော ဖီအော့ခေါ် ရေမြောင်းကြီးများဖြင့်ပြည့်နှက်လျက်ရှိ သည်။ ဂရင်းလန်၏အရှေ့ဘက်ကမ်းခြေ၌ ရေအေးစီးကြောင်းတစ်ခု ဖြတ်၍ စီးနေသည်။ ထို့ကြောင့် လူမနေနိုင်လောက်အောင် အအေးလွန်ကဲသည်။ အနောက်ဘက်ကမ်းခြေမှာ အနည်းငယ်နွေး သဖြင့်၊ သစ်ပင်ပန်းမာလ်များ စိုစိုပြည်ပြည်ရှိ၏။ ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ ဂရင်းလန်တွင် လူပေါင်း ၂၂Ý၅၈၁ ခန့် နေထိုင်သည်။ ယခုအခါဂရင်းလန်းကျွန်းတွင်နေထိုင်သူ 60000 ကျော်ခန့်ရှိသည်။ ထိုလူဦးရေထဲတွင် ဂရင်းလန်ကျွန်းသား အမြောက် အမြား ပါဝင်၍ ဒိန်းလူမျိုး အနည်းငယ်သာရှိသည်။ ကျွန်းသား များမှာ အအေးဒဏ်ခံနိုင်သော အက်စကီးမိုးများ ဖြစ်ကြ၍ ကမ်းရိုးတန်းတစ်လျှောက် ဆီးနှင်းထဲတွင် နေထိုင်ကြသည်။


ထိုကျွန်းသားတို့သည် ကူးသန်းသွားလာရေး အတွက် ခွေးဆွဲစွပ်ဖားနှင့် ဖျံရေဖြင့်ချုပ်လုပ်သော ကယက်ခေါ် လောင်းလှေများကို အသုံးပြုကြသည်။ အလုပ်အကိုင်မှာ တံငါ အလုပ်ပင် ဖြစ်၏။ သို့သော် မြေခွေး၊ ဝက်ဝံ အစရှိသော သားကောင်များကို ဖမ်းဆီးခြင်းဖြင့်လည်း အသက်မွေးမြူကြ သည်။

ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံနှင့် ကူးသန်းရောင်းဝယ် သည်။ ကရိုင်အိုလိုက်ခေါ် သတ္တုတစ်မျိုးကို တင်ပို့ရောင်းချ သည်။ ကျောက်မီးသွေး၊ ကြေးဝါ၊ ရွှေနှင့် သံတို့ကို ကျွန်းပေါ် တွင် တွေ့ရှိရသည်ဟု ဆိုသည်။ အခြားထွက်ကုန်တို့မှာ ဝေလငါး အစိုနှင့် အခြောက်ကုန်၊ ငါးကြီးဆီ၊ ငှက်သိုက်၊ သားမွေးနှင့် တိရစ္ဆာန်တို့၏အရေများ ဖြစ်သည်။ ထိုကျွန်းကို ရှေးအခါကပင်လျှင် စကန်ဒီနေဗီးယန်း လူမျိုးတို့က သိရှိခဲ့သည်။ ခရစ် ၁၅၈၅ ခုနှစ်တွင် အင်္ဂလိပ် လူမျိုးတို့က ထပ်မံတွေ့ရှိသည်။

ရှေးအခါက ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံအစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၅ ရက် နေ့တွင် ယင်းကိုလိုနီစနစ်ကို ဖျက်သိမ်း၍ ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံထဲသို့ သွတ်သွင်းခဲ့လေသည်။ ဂရင်းလန်ကျွန်း၌ မဲဆန္ဒနယ် ၂ နယ်ရှိရာ တစ်နယ်မှ ကိုယ်စားလှယ်တစ်ဦးကျကို ဒိန်းမတ်လွှတ်တော်သို့ စေလွှတ်ခွင့်ရှိသည်။

မှတ်စု

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

သံချပ်ကာယန္တရားတပ်ဖွဲ့ပေကျင်းမြို့ကာလာမသုတ်ဗီယက်နမ်နိုင်ငံကမ္ဘာ့အထိမ်းအမှတ်နေ့တိုင်းစစ်ဌာနချုပ်ရှမ်းဘာသာစကားရွှေမော်ဓောဘုရား(ပဲခူး)မြန်မာအက္ခရာကိုလိုနီခေတ်တောင်ကိုရီးယားနိုင်ငံသွေးအုပ်စုမိကျောင်းစကားထာအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မြစ်ကြီးနားမြို့ဆောင်းရာသီနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဘီလူးဖူးခက်အိုဇုန်းလွှာလောက်ကိုင်မြို့ကွမ်းခြံကုန်းမြို့သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ပါရမီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းလ (ကမ္ဘာရံဂြိုဟ်)ရွှေစည်းခုံ စေတီတော် (ပုဂံ)အမျိုးသားစာပေဆုရစာအုပ်စာရင်းမြန်မာ သက္ကရာဇ်ရေဘဝဲဩကာသ ဘုရားရှိခိုးသေနတ်တက္ကသိုလ်ဘုန်းနိုင်ဘုရားသုံးဆူမြို့ကုန်းဘောင်ခေတ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဗလာဒီမီယာ ပူတင်ဆူးပုပ်ကြီးဖျားနာခြင်းဗမာပြည် ကွန်မြူနစ်ပါတီအမြောက်ရွှေဘိုမြို့အညာသိပ္ပံပညာအိန္ဒိယနိုင်ငံဘကြီးတော်(စစ်ကိုင်းမင်း)ပန်းချီထန်းရည်ကိုရီးယားနိုင်ငံမုန့်ဟင်းခါးကမ္ဘာ့လေထုဂျူး (စာရေးဆရာမ)မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြည့်မြင်တိုင်မြို့နယ်ထားဝယ်မြို့သမ္မာကျမ်းစာရန်ကုန်ပြည်သူ့ဆေးရုံကြီးကြောင် (တိရစ္ဆာန်)တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်အာဋာနာဋိယသုတ်ဗျည်းနှင်းဆီမြန်မာနိုင်ငံရှိ ရွာများ စာရင်းကျောက်ကပ်ရောင်ရောဂါအောက်ချင်းငှက်ဒူဘိုင်းမြို့သာယာဝတီမင်းရဲရင့်အောင်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန🡆 More