အရှေ့အဖွင့်အပြန့်သရ

အရှေ့အဖွင့်အပြန့်သရ (အင်္ဂလိပ်: open front unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨a⟩ (အာ-သရ) ဖြင့်ပြဆိုသည်။ အခြေခံသရရှစ်ခုထဲက တစ်ခုဖြစ်၍ အခြေခံသရဆိုသည်မှာ သဒ္ဒဗေဒအရ တိုင်းတာ(သတ်မှတ်)ခြင်းစနစ်တွင် အခြေခံကျသော ရည်ညွှန်းကိုးကား အသံ ကိုသာ ပြဆိုရန်ဖြစ်ပြီး မည်သည့်ဘာသာစကားတစ်ခု၏ သရသံကိုမျှ တိုက်ရိုက်ကိုယ်စားပြုပေးသည်မဟုတ်ပေ။

open front unrounded vowel
a
IPA Number304
Encoding
Entity (decimal)a
Unicode (hex)U+0061
X-SAMPAa
Braille⠁ (braille pattern dots-1)

သရဇယား၏ လက်ဝဲဘက်အောက်ခြေ၌တည်ရှိသည်။ သို့သော် ဖော်ပြထားသော စတုဂံပုံ သရဇယား၏ တိကျမှုကို အငြင်းပွားကြပြီး ဤအသံသည် အသံပိုင်းဆိုင်ရာအရ အလွန် ပွင့်(ဖွင့်)သည့်အနေအထားဖြစ်ကာ လျှာ၏ တည်နေရာ ရှေ့နောက်သဘောသည် ထင်ထင်ရှားရှားမရှိတော့ပေ။ ဤသရ၏ တိကျသော အရည်အသွေးနှင့်ပတ်သက်၍ မတူညီကြသော အနက်ဖွင့်ဆိုမှုများလည်းရှိရာ ဒန်းညာ ဂျုံးဇ်၏ ရှေးက အသံသွင်းထားမှု(အသံ) သည် ဂျွန် ဝဲလ်ဇ်၏ အသံသွင်းထားမှု(အသံ) ထက်ပို၍ (လျှာ)ရှေ့သို့အနည်းငယ်ရောက်ရှိကာ အဖွင့်အနေအထားမှာ ဂျွန် ဝဲလ်ဇ်ကဲ့သို့ လုံးဝမပွင့်ပေ။

လက်တွေ့အားဖြင့် သဒ္ဒဗေဒပညာရှင်များ[ဘယ်သူကလဲ?]က ဤသရကို အလယ်အဖွင့်အပြန့်သရအတွက်သုံးနိုင်သည်၊ အရှေ့အဖွင့်နီးပါးအပြန့်သရæ⟩ နှင့် ပို၍နီးစပ်သည်ဟု ယူဆသတ်မှတ်ကြသည်။ နမူနာအားဖြင့် အင်္ဂလိပ်ဘာသာစကား၏ သမိုင်းကြောင်းအရ ဤသည်မှာပုံမှန်သဘောတရားဖြစ်၏ ။ ထိုသို့ အရှေ့ နှင့် အရှေ့နီးပါးကိုပြဆိုသော သင်္ကေတများ ပျောက်သွားခြင်းသည် အများအားဖြင့် ပြဿနာမရှိဟု ယူဆကြသည်။ အကြောင်းမှာ လူ့၏အာရုံခံနိုင်မှုအရ ထိုနှစ်ခုကြားကွဲပြားမှုသည် အလွန်သေးကွေးလှပြီး ထိုနှစ်ခုကို ခွဲခြားကွဲပြားစေသည့် ဘာသာစကားဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ သရ၏ (လျှာ)အနောက်ရောက်ရှိမှုကို သတ်မှတ်လိုပါက အရှေ့အဖွင့်နီးပါးအပြန့်သရကို နှိမ့်ထားသော ⟨æ̞⟩ ကို အသုံးပြုနိုင်သည်။

မြန်မာဘာသာစကားတွင် ⟨a⟩ (အာ-သရ) ၏အနေအထားသည် အခြေခံသရ ⟨a⟩ ထက် လျှာသည် အနည်းငယ် အပေါ်သို့ရောက်၍ အနောက်သို့လည်း အနည်းငယ် ရောက်ရှိသည်။

လင်ဘားဂစ်ရှ် (Limburgish) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယါ၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။

Features

  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။ ဤသရသည် အလယ်အဖွင့်သရများထဲ၌ပါဝင်သည်။ အကြောင်းမှာ တစ်ဝက်နှင့် အပိတ်သရများတွင် လျှာ၏ လှုပ်ရှားမှုသည် သက်တောင့်သက်တာရှိသော်လည်း ဤ၌ သက်သက်သာသာ မရှိပေ။(ပါးစပ်လည်းဖွင့်ရမည်။ လျှာကိုလည်း အရှေ့သို့ ပို့ရမည်။) အရှေ့အဖွင့်သရနှင့် အနောက်အဖွင့်သရတို့ကြား ခြားနားမှုသည် အရှေ့အပိတ်သရနှင့် အလယ်အပိတ်သရ (သို့) အလယ်အကိတ်သရနှင့် အနောက်အပိတ်သရတို့ကြား ခြားနားမှုသည့် ဆင်တူပေသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကမ္ဘာမကျေသံဃာဂုဏ်တော်မြန်မာကိန်းဂဏန်းများတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကင်ဆာရောဂါဗျသနတရားငါးပါးသမိန်ဗရမ်းကျောက်တန်းရေလယ်ဘုရားခင်ဝင့်ဝါရှမ်းလူမျိုးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေဒါနိုင်ငံစကားပုံဝ လူမျိုးမြန်မာ သက္ကရာဇ်ဂုဏ်ဆယ်ပါးစီးပွားရေးခွေးအောင်ဆန်းသီလအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မင်္ဂလာပါကယားပြည်နယ်အောင်ရဲလင်းထိုင်းဘာသာစကားထေရဝါဒစုန်းကဝေအတတ်ဂေါတမဗုဒ္ဓရာသီအလိုက်ပွင့်သောပန်းများပခုက္ကူမြို့သာသနာတော်အမျိုးသားနေ့ရာဟုလာရုရှားနိုင်ငံမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒန့်သလွန်ရွှေအိမ်သည်ကျုံးမြန်မာ့ မီးရထားနေတိုးမော်လမြိုင်မြန်မာ့ထီးမွန်လူမျိုးတောင်ငူမြို့ခန္ဓသုတ်တိုင်းစစ်ဌာနချုပ်ကုန်းဘောင်ခေတ် နာမည်တွက်နည်းအီတလီနိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစတုမဟာရာဇ်နတ်မင်းကြီးလေးပါးပုဂံမြို့ဟောင်းသစ်တောငါးမျိုးစိတ်များ စာရင်းကျိုက်ထီးရိုးဘုရားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပညာတောင်ငူမင်းဆက်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများမန္တလေး နန်းတော်ပိုင်ဖြိုးသုပိတောက်ပန်း (ကဗျာ)မင်းသုဝဏ်ရွှေဘိုမြို့လား (တိရစ္ဆာန်)တရုတ်ဘာသာစကားစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)အေကေ-၄၇ရွှေဝါရောင် တော်လှန်ရေးအဲလ်ဘတ် အိုင်းစတိုင်းလူ့အခွင့်အရေးကားလိုး ကော်လိုဒီမြဝတီရုပ်မြင်သံကြား🡆 More