အာမေးနီးယန်းလူမျိုး

အာမေးနီးယန်းလူမျိုးနှင့် ပတ်သက်ပြီး မကြာခဏကြားရသည်များ ရှိသော်လည်း ၎င်းတို့၏ အကြောင်းကို သေသေချာချာ မသိကြသူ များပါသည်။ အာမေးနီးယန်းနိုင်ငံသည် တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး တည်နေရာမှာ အာရှနှင့် ဥရောပတိုက်ကြားတွင် ပါဝင်သည်။ မြောက်ဘက်ပိုင်းတွင် ဂျော်ဂျီယာ၊ အနောက်ဘက်တွင် တူရကီ၊ အရှေ့ဘက်တွင် အဇာဘိုင်ဂျန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်တည်ရှိသည်။ ခရစ်ယာန်ဘာသာကို အစောဆုံးကိုးကွယ်သော လူမျိုးစုတစ်ခုလဲဖြစ်သည်။

အာမေးနီးယန်းလူမျိုးများသည် AD ၄ရာစုလောက်မှ စတင်ပြီး ရွှေ့ပြောင်းသွားလာ နေထိုင်ခဲ့ကြသည်။ ထိုအချိန်ထဲက ပါးရှားအင်ပါယာနှင့် ဘိုင်ဇန်တိုင်းအင်ပါယာများတွင် အာမေးနီးယန်းလူမျိုးများ စတင်ဝင်ရောက်နေထိုင်ခဲ့ကြသည်။ မှတ်တမ်းတချို့အရ အာမေးနီးယန်းလူမျိုးများသည် ၁၆ရာစုနှောင်းပိုင်းတွင် အာရှဒေသများ (မြန်မာနိုင်ငံအပါအဝင် ) သို့ကုန်သည်များအဖြစ် ဝင်ရောက်အခြေချနေထိုင်လာခဲ့ကြသည်။ ၎င်းတို့က မြန်မာဘုရင်များထံ မင်းမှုထမ်းခဲ့ပြီး အကောက်အခွန်နှင့် သံတမန်ဆက်သွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည် ။ 1871-72 ဗြိတိသျှ - အိန္ဒိယ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အာမေးနီးယန်းဦးရေ ၁၂၅၀ ဦးခန့် ရှိခဲ့သည် ။

1901 ခုနှစ်က ဗြိတိသျှလုပ်ငန်းရှင် ဂျွန်ဒါဝတ် တည်ဆောက်ခဲ့သော စထရင်းဟော်တယ် (ရန်ကုန်) ကို အာမေးနီးယန်းညီနောင် (စာကီးစ်) မှပြန်လည်ဝယ်ယူသွားခဲ့ပြီး ၁၉၂၅ ခုနှစ်အထိကိုယ်တိုင်ဦးစီးခဲ့ကြသည်။ ၎င်းညီနောင်၂ဦးသည် စင်္ကာပူရှိ ရပ်ဖယ်ဟိုတယ်နှင့် မလေးရှားရှိ Eastern & Oriental များကိုလည်း ပိုင်ဆိုင်ခဲ့ကြသေးသည်။

အာမေးနီးယန်းလူမျိုးများနှင့် ပတ်သက်ပြီး နောက်ထပ်အထင်ကရရှိသော အဆောက်အဦမှာ ရန်ကုန်မြို့တွင်း ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းဒေါင့်မှ စိန့်ဂျွန်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ခန့်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အာမေးနီးယန်း လူမျိုးနွယ်များဆိုင်ရာ တစ်ခုတည်းသောအဆောက်အဦးအဖြစ် တည်ရှိနေပါသည်။

လက်ရှိ မှတ်တမ်းများအရ ရန်ကုန်မြို့တွင် အာမေးနီးယန်း ကုန်သည်မျိုးရိုးများမှ ဆင်းသက်လာသူ မိသားစု ၂၀ ဝန်းကျင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားသည် ။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာအက္ခရာခွေးတောက်ပင်ပုလွေမှုတ်ခြင်းမြန်မာသရုပ်ဆောင်များစာရင်းမောရသုတ်ကျိုင်းတုံမြို့ချောင်းဆိုးခြင်း၂၀ ရာစုနှစ်မုန့်လုံးရေပေါ်လောက်ကိုင်မြို့အောက်ဆီဂျင်မုံရွာမြို့ကြာသပတေးဂြိုဟ်အမျိုးသားနေ့နေဝင်း (ဗိုလ်ချုပ်ကြီး)ဧရာဝတီမြစ်ထိုင်းနိုင်ငံကယားလူမျိုးလူ့အခွင့်အရေးဘာသာစကားအင်းဝမြို့တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)နယူတန်သခင်ကိုယ်တော်မှိုင်းပုညခင်ကမ္ဘာ့လေထုပူတာအိုမြို့ကင်းခြေများမြထွန်းဦးပလူတိုဝေလငါးစုန်းကဝေအတတ်သဗ္ဗညုဘုရား(ပုဂံ)အိချောပိုကံတိမ်အိုမန်နိုင်ငံတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများခေါင်းဆောင်မှုငါးမျိုးစိတ်များ စာရင်းဉာဏ်စဉ်တောက်တဲ့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမြန်မာ့တော်လှန်ရေးလင်ခန်းမယားခန်း ပြတ်စဲခြင်းလေးချိုးစက်တင်ဘာ ၁၈၈၃ခင်ခင်ထူးသက္ကရာဇ်ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂မြို့မငြိမ်းကြယ်တံခွန်သင်္ဘောနေပြည်တော် ပြည်ထောင်စုနယ်မြေရဲယိုပင်ရခိုင်ပြည်နယ်အင်းဝမင်းဆက်မင်းတုန်းမင်းရဟန်းမိုးဟေကိုတရုတ်သမိုင်းမန်ကျည်းအင်တာနက်ဥပဂုတ္တထေရ်သုက်ပန်းခြင်းနာဇီဂျာမနီလွတ်လပ်ရေးကြေညာစာတမ်းမြန်မာဝီကီပီးဒီးယားခင်မောင်တိုးချောင်းသာကမ်းခြေသမ္ဗုဒ္ဓေနိဗ္ဗာန်ဘီလူးအာဖရိကမျိုးကြီးမြဝတီမြို့ကိန်း🡆 More