အပြည်ပြည်ဆိုင်ရာ ယောဂနေ့

ကမ္ဘာပေါ်တွင်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ကို ဇွန်လ (၂၁)ရက်အား သတ်မှတ်ထားလေသည်။ ယောဂသည် ရှေးဟောင်းအိန္ဒိယ ရှေးထုံးစဉ်လာ၏ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်သည်။ ကိုယ်နှင့်စိတ်၊ အတွေးနှင့် အလုပ်၊ ထိန်းချုပ်ခြင်းနှင့် ပြီးပြည့်စုံမှုတို့ကို တပေါင်းတစည်းထဲဖြစ်အောင် ၊ လူသားနှင့် သဘာဝတရား သဟဇာတဖြစ်အောင်၊ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံအောင် ထည့်သွင်းဖော်စပ်ထားသော ကျင့်စဉ်တစ်ရပ်ဖြစ်သည်။ ယောဂသည် သာမန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုမဟုတ်ဘဲ လူ၊ ကမ္ဘာကြီးနှင့် သဘောတရားတို့ကို တသားတည်း ဖြစ်အောင် ခံစားသိရှိမှုကို ဖော်ထုတ်ပေးသည့် နည်းလမ်းကောင်းလည်း ဖြစ်သည်။

ဖြစ်ပေါ်လာပုံ

ယောဂသည် မိမိ၏ ဘဝပုံစံနှင့် အသိ သတိတို့ကို ပြောင်းလဲစေခြင်းက တစ်ဆင့် ရာသီဥတု အပြောင်းအလဲကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အကူအညီလည်း ပေးနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာ ယောဂနေ့တစ်နေ့ ပေါ်ပေါက်လာဖို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှရီနာရန်ဒြာမိုဒီက ၂၀၁၄-ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၌ ကျင်းပသော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တစ်ကမ္ဘာလုံး နိုင်ငံတကာ ယောဂနေ့ ကျင်းပဖို့ တိုက်တွန်း ပြောကြားခဲ့သည်။ ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာ (၁၁)ရက်နေ့တွင် အဖွဲ့ဝင် ၁၉၃- နိုင်ငံအနက် စံချိန်တင်မဲ ၁၇၇-မဲဖြင့် ဇွန်လ (၂၁)ရက်နေ့ကို နိုင်ငံတကာ ယောဂနေ့ သတ်မှတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့သည်။

ရည်ရွယ်ချက်

ယောဂသည် ကိုယ်ရောစိတ်ပါ ကျန်းမာရေးနှင့် သုခအဝဝ ပြည့်စုံမှုကို ပေးအပ်နိုင်သည့်အတွက် ကမ္ဘာ့လူသားများ၏ ကျန်းမာရေးအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရေး သတင်းပေးရန်၊ ယောဂသည် ဆင်းရဲချမ်းသာမရွေး မည်သူမဆို စိတ်နှင့်ကိုယ် သဟဇာတဖြစ်စေနိုင်ပြီး ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အဆင့်မြှင့်တင်ရေး နှင့် ဘဝပုံစံကြောင့် ဖြစ်တဲ့ ရောဂါကုသရေးတို့မှာ အသုံးဝင်သည့်အတွက် ယောဂနှင့် ယောဂကျင့်စဉ်အကြောင်းကို လူတစ်ဦးအတွက်သာ သာမက လူထုအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရရှိရန် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားသည်။

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ လှုပ်ရှားမှု

၂၀၁၅-ခု၊ ဇွန်လ (၂၁)ရက်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ရာဇပတီသ်တွင် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို အောင်မြင်စွာ ဦးဆောင်ကျင်းပခဲ့ရာ ဂင်းနစ်ကမ္ဘာ့စံချိန် နှစ်ခု တင်နိုင်ခဲ့သည်။ ပထမတစ်ခုမှာ လူပေါင်း သုံးသောင်းကျော် ပါဝင်ဆင်နွဲခဲ့သော ယောဂ လေ့ကျင့်ပွဲ စံချိန်ဖြစ်ပြီး ဒုတိယက ယောဂ လေ့ကျင့်ခန်း တစ်ခုတည်းကို လူမျိုးပေါင်း (၈၄)မျိုး ပါဝင်ဆင်နွဲသည့် စံချိန်ဖြစ်သည်။ အလုံးစုံ ကျန်းမာရေးအတွက် ယောဂကို ပြည်သူအများ စိတ်ဝင်စားမှု တိုးတက်စေရန် ရည်ရွယ်ပြီး ယောဂကျင့်စဉ်စာအုပ်နှင့် ဗီဒီယိုခွေများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ၂၀၁၆-ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဖီဂျန်းဘာမန်တွင် ကျင်းပပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂-နိုင်ငံ တွင်လည်း ကျင်းပခဲ့ကြသည်။

ကိုးကား

Tags:

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ဖြစ်ပေါ်လာပုံအပြည်ပြည်ဆိုင်ရာ ယောဂနေ့ ရည်ရွယ်ချက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ လှုပ်ရှားမှုအပြည်ပြည်ဆိုင်ရာ ယောဂနေ့ ကိုးကားအပြည်ပြည်ဆိုင်ရာ ယောဂနေ့

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးပါးသီလခေါင်းကိုက်ခြင်းဘာသာမဲ့ အယူဝါဒမြန်မာနိုင်ငံလား (တိရစ္ဆာန်)၂၄ ပစ္စည်းဝါဆိုလပြည့်နေ့တရုတ် - မြန်မာ စစ်ပွဲများရန်ကုန်တိုင်းဒေသကြီးရသကြို့ပင်ကောက်မြို့နယ်နီပေါနိုင်ငံမြန်မာနိုင်ငံရှိ လေဆိပ်များစာရင်းဘုရင့်နောင်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဟိန္ဒူဘာသာငါးရာ့ငါးဆယ် နိပါတ်တော်မြေဆီလွှာစောလူးမင်းမြန်မာနိုင်ငံရှိ ပွဲတော်များတားရော့ပညာလူသားတစ်ဦး၏လိင်တံအရွယ်အစားမဂ္ဂင် ၈ ပါးအင်းလေးကန်ရှမ်းပြည်နယ်မေတ္တသုတ်မြောက်ဥက္ကလာပမြို့နယ်အာယု (စီးပွားရေးလုပ်ငန်းရှင်)အနော်ရထာတွံတေးသိန်းတန်ကိုရီးယားနိုင်ငံပြစ်မှုဆိုင်ရာဥပဒေနေပြည်တော် ပြည်ထောင်စုနယ်မြေရက္ခိုင့်တပ်တော်ကမ္ဘောဒီးယားနိုင်ငံမြန်မာနိုင်ငံရှိ မြို့များမဟာဘူတကင်ဂိုအွန်မန္တလေးမြို့သဘာဝပတ်ဝန်းကျင်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဘုရားအိတ်ချ်အိုင်ဗွီ ရောဂါပိုးဖက်ဒရယ်ပြည်ထောင်စုစနစ်အရှေ့တောင်အာရှအချိန်၊ မြန်မာ့ရိုးရာဆားကချင်လူမျိုးပုပ္ပါးတောင်ငွေဆောင်ကမ်းခြေနှင်းဆီလိင်ရန်ကုန်တက္ကသိုလ်ငါးမျိုးစိတ်များ စာရင်းစက်မှုတော်လှန်ရေးဝိပဿနာအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဦးနုဂေါတမဗုဒ္ဓအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဗီယက်နမ်စစ်ပွဲရခိုင်ပြည်နယ်သမုဒ္ဒရာပုစွန်​တောင်ခုံး​ကျော်တံတားဘူတန်နိုင်ငံနာဂလူမျိုးထိုင်းနိုင်ငံ၏ ပြည်နယ်များနတ်ပင့်ဂါထာထားဝယ်လူမျိုးသစ်တောao3pqကမ္မဋ္ဌာန်းတောင်ကြီးမြို့🡆 More