အန်တွန် ချက်ကော့ဗ်

ရုရှားလူမျိုးဝတ္ထုနှင့် ပြဇာတ်ရေးဆရာဖြစ်သော အန်တွန် ချက်ကော့ဗ် (အင်္ဂလိပ်: Anton Pavlovich Chekhov) သည် ခရစ် ၁၈၆ဝ ပြည့်နှစ် ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံတောင်ပိုင်း တဂန်ရောမြို့၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ ကုန်သည်တစ်ဦးဖြစ်၏။ ချက်ကော့ဗ်သည် ငယ်စဉ်ကပင်လျှင် မိမိမွေးဖွားရာအရပ်ရှိ စာသင်ကျောင်းမှ ပညာများဆည်းပူးခဲ့ရသည်။ ၁၈၇၉ ခုနှစ်တွင် မော်စကို တက္ကသိုလ်၌ ဆေးပညာကို ဆက်လက် ဆည်းပူး၍ ၁၈၈၄ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရသည်။ ချက်ကော့ဗ်သည် ကျောင်းသားအရွယ်ကပင်လျှင်စာပေအရေးအသား၌ ဝါသနာထုံ၍ ဝတ္ထုတိုများ၊ တစ်ခန်းရပ်ပြဇာတ်များကို ရေးသားခဲ့လေသည်။ ထိုဝတ္ထုတိုများ ပြဇာတ်များတွင် ဟာသအကွက်ကလေးများ ပါဝင်၍ ထိုအခါကပင်လျှင် သူ၏လက်ရာကို လူကြိုက်များခဲ့သည်။

အန်တွန် ချက်ကော့ဗ်
ရုရှားစာရေးဆရာ အန်တွန်ချက်ကော့ဗ်

၁၈၈၆ ခုနှစ်တွင် သူ၏ ရှေးဦးရေးဝတ္ထုတိုများ စာအုပ်အဖြစ်ထွက်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် 'အဆောင်အမှတ် ၆'ကို လည်းကောင်း၊ ၁၈၉၄ ခုနှစ်တွင် 'စာပေဆရာ'ကိုလည်းကောင်း၊ ၁၈၉၈ ခုနှစ်တွင် 'ခွေးပိုင်ရှင်အမျိုးသမီး'ကိုလည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် 'အိမ်သစ်ယာသစ်'ကိုလည်းကောင်း ထုတ်ဝေခဲ့လေသည်။

ထိုစာအုပ်များတွင် လေးနက်သောအတွေးအခေါ်များ ပါဝင်၍ အရေးအသားဘက်တွင်လည်း ဖွဲ့နွဲ့တန်ဆာဆင်မှုများမှာ ကောင်းမွန်လှသည်။ သူ၏အကောင်းဆုံးဝတ္ထုများမှာ ၁၈၉၅ ခုနှစ်တွင်ထုတ်သော 'ကျွန်ုပ်ဘဝ'နှင့် ၁၉ဝဝ ပြည့်နှစ်တွင် ထုတ်သည့် 'လျှိုမြောင်ကြားဝယ်'တို့ ဖြစ်သည်။

ချက်ကော့ဗ်၏ ပြဇာတ်များသည် သူ၏ဝတ္ထုများကဲ့သို့ပင် ဇာတ်ကွက်ပေါ်လွင်သည်။ ဇာတ်ဆောင်တို့၏ အမူအရာများထက် ထိုအမူအရာကို မှီ၍ ပြောင်းလဲဖြစ်ပေါ်လာရသော အခြေ အနေတို့ကိုသာ ချက်ကော့ဗ်သည် အဓိကထား၍ ရေးသားခဲ့ပေသည်။ ၁၈၈၇ ခုနှစ်တွင် 'အိုက်ဗန်နပ်'ကိုလည်းကောင်း၊ ၁၈၉၆ ခုနှစ်တွင် 'ငှက် ဇင်ယော်'ကိုလည်းကောင်း ရေးသား ကပြခဲ့သည်။ ငှက်ဇင်ယော်ပြဇာတ်သည် ရုံတင်စ၌ လူကြိုက်နည်းလှသော်လည်း နောင်နှစ်အကြာတွင် ထပ်မံပြသသောအခါ လူကြိုက်များလာပြီးလျှင် ရုရှတစ်နိုင်ငံလုံး ချက်ကော့ဗ်၏ အမည်ထင်ရှားလာလေသည်။

အင်္ဂလန်ပြည်နှင့်အမေရိကန်ပြည်ထောင်စုတို့တွင် ချက်ကော့ဗ်၏ 'ဦးလေးဗန်ယာ၊' 'ညီအစ်မသုံးဖော်'နှင့် 'ချယ်ရီသစ်သီးခြံ'ပြဇာတ်တို့မှာ လူကြိုက်များလှသည်။ ချက်ကော့ဗ်သည် ပြဇာတ်များအပြင် စုစုပေါင်း ၃ဝဝ ကျော်မျှသော ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး စသည်တို့ကို ရေးခဲ့သည်။ ချက်ကော့ဗ်အား ပီတာဗတ်မြို့ရှိ ရုရှနိုင်ငံတော် သိပ္ပံပညာတံခွန်အသင်းကြီးက ၁၈၈၉ ခုနှစ်တွင် ပွတ်ရှကင်ဆုကို အပ်နှင်းခဲ့လေသည်။ အာရှတိုက်ဒေသအချို့နှင့် ဥရောပတိုက်အနောက်ပိုင်းဒေသများသို့၁၈၉ဝ ပြည့်နှစ်နှင့် ၁၈၉၁ ခုနှစ်များတွင် လှည့်လည်ခရီးသွားခဲ့သည်။

၁၈၉၁ ခုနှစ်မှ ၉၇ ခုနှစ်အထိ အမိအဖများနှင့်အတူ မော်စကိုမြို့၌ နေထိုင်ခဲ့၏။ ထို့နောက်တွင် ကျန်းမာရေး ချို့တဲ့မှုကြောင့် ကရိုင်းမီးယားနယ်သို့ သွားရောက်နေထိုင်လေ သည်။ ၁၉ဝ၁ ခုနှစ်တွင် ကခြေသည် အော်လဂါးနှစ်ပါးနှင့် ထိမ်းမြားခဲ့သည်။ ၁၉ဝ၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဂျာမနီနိုင်ငံရှိ ဗေးဒင်ဝိုင်လာအရပ်၌ ချက်ကော့ဗ်သည် ဘဝတစ်ပါး ပြောင်းသွားလေသည်။

ကိုးကား

Tags:

မော်စကို တက္ကသိုလ်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကရင်လူမျိုးအပင်လောကဗုဒ္ဓဟူးဂြိုဟ်မြဝတီမြို့လ (ကမ္ဘာရံဂြိုဟ်)မြန်မာကျပ်ငွေရဲရင့်အောင်ကော့သောင်းမြို့မင်္ဂလသုတ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ဘားအံမြို့ဘီလူးအရှေ့တောင်အာရှနိုင်ငံများအသင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မြန်မာလများမြန်မာဘာသာစကားအပြင် ၃၇ မင်းဂျပန်သမိုင်းပြင်ဦးလွင်မြို့အင်္ဂလန်နိုင်ငံနွားနောက်မြန်မာ့ ပထမဆုံးများပုသိမ်မြို့လီတာဒူးရင်းသီးကွန်မြူနစ်ဝါဒညစ်ညမ်းခြင်းများမန္တလေးတိုင်းဒေသကြီးစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ပါရမီမေဗေဒင်သဘာဝပတ်ဝန်းကျင်ဓဇဂ္ဂသုတ်၃၂ ကောဋ္ဌာသသီပေါမင်းမြန်မာပန်းချီမိမိကိုယ်ကို သတ်သေခြင်းဆီးချိုရောဂါလူသားစကြဝဠာမဟာဗန္ဓုလ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကြောင် (တိရစ္ဆာန်)ဦးသန့်အပူချိန်ခင်ဝင့်ဝါဆွစ်ဇာလန်နိုင်ငံတီဘီရောဂါခင်ကြည်လက်ဖက်သုပ်တိုင်းစစ်ဌာနချုပ်ပါဠိတနင်္သာရီတိုင်းဒေသကြီးယောက်ျား အင်္ဂါတံဦးပိန်တံတားလေးဖြူဆေးခြောက်သဇင်ပန်းအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ဂျူး (စာရေးဆရာမ)ကိုကိုဦး (ဗိုလ်ချုပ်)ကာကွယ်ရေးဦးစီးချုပ်(ရေ)ကမ္ဘောဇသာဒီရွှေနန်းတော်ငှက်ပျောဓမ္မရံကြီးဘုရားကာလာမသုတ်အာဆင်နယ်ပလေးတိုးလိင်စိတ်ဆွခြင်းပေကျင်းမြို့အယုဒ္ဓယဇော်ဂျီ (စာရေးဆရာ)🡆 More