ဟိတ်မြို့တော်

ဟိတ်မြို့သည် နယ်သာလန်နိုင်ငံ အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ မြို့တော်သည် ကား အမ္မစတာဒမ်မြို့ ဖြစ်သည်။


ဟိတ်မြို့သည် မြောက်ပင်လယ် ကမ်းခြေမှ နှစ်မိုင် အကွာတွင် တည်ရှိသည်။ မြို့တွင်း၌ လမ်းမကျယ်များတလျှောက် တစ်ဘက်တစ်ချက်တွင် သစ်ပင်များ ခြံရံလျက်ရှိသည့်အပြင် ထိုလမ်းမတို့ကို တူးမြောင်းများက ဖြတ်သန်းလျက် ရှိသဖြင့် သာယာသော မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။ ဒပ်ချဗိသုကာနှင့် ပြင်သစ်ဗိသုကာတို့၏ လက်ရာဖြစ်သော ရှေးဟောင်း အဆောက်အအုံများ၊ ပါလီမန် လွှတ်တော်၊ အစိုးရရုံးများ၊ တရားရုံးချုပ်၊ နန်းတော်၊ အနုပညာပြခန်း စသည်တို့နှင့်တကွ ပန်းဥယျာဉ်တို့ဖြင့် စည်ကားတင့်တယ်သော မြို့ကြီးလည်း ဖြစ် ပေသည်။ ထို့ပြင် ဟိတ်မြို့သည် အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပရာဌာနဖြစ်၍လည်းကောင်း၊ ဥရောပနိုင်ငံများနှင့်ဆိုင်သည့် အရေးကြီးသော စာချုပ်များ ချုပ်ဆိုသောဌာနဖြစ်၍ လည်းကောင်း ဥရောပတိုက်၏ နိုင်ငံရေးရာ မြို့တော်ကြီးအဖြစ် ထင်ရှားခဲ့ပေသည်။


၁၈၉၉ ခုနှစ်ကတည်းက ဟိတ်မြို့တွင် အနုညာတစီရင်ရေး တရားခုံရုံးကို တည်ထောင်ဖွင့်လှစ်ထားခဲ့ကြသည်။ ကမ္ဘာပေါ်တွင် စစ်ကို တားဆီး၍ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်ထောင်အချင်းချင်း အငြင်းပွားမှုများကို ထိုရုံးတော်သို့ တင်ပြ၍ ဆုံးဖြတ်စေခဲ့ကြသည်။ ထိုတရာရုံး ရုံးတည်ရှိရာ အဆောက်အအုံကို သူဌေးကြီး အင်ဒရူး ကာနက်ဂီ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့ပြီးလျှင် ငြိမ်းချမ်းရေးနန်းတော်ဟု အမည်ခေါ်တွင်စေခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အမြဲတမ်း တရားရုံးတော်ကိုလည်း ၁၉၂ဝ ပြည့်နှစ်မှစ၍ ဟိတ်မြို့တွင် တည်ထားခဲ့လေသည်။ တစ်ဖန် ၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂတရားရုံးကို ထိုမြို့တော်၌ ဖွင့်လှစ်ခဲ့ကြသည်။

ဟိတ်မြို့တွင် ထိုကဲ့သို့ အပြည်ပြည်ရေးရာဆိုင်ရာ ရုံးအဆောက်အအုံများအပြင် ရမ်းဗရန့်၊ ရူးဗင်၊ ဗန် ဒိုက်၊ ဗားမီးယား အစရှိသော နာမည်ကျော် ဒပ်ချ အမျိုးသား ပန်းချီဆရာတို့၏ လက်ရာများနှင့် ခေတ် ပန်းချီများကို ပြသထားသော ပန်းချီပြခန်းသည် အထူးထင်ရှားပေသည်။

ဟိတ်မြို့သည် ရှေးဦးအစတွင် နယ်သာလန်နိုင်ငံမှ ကောင့်ဘွဲ့ခံ မင်းညီမင်းသားတို့၏ တောကစားရာ စခန်းဖြစ်၏။ ထိုအခါက မြို့သည် တောတွင်း၌ တည်ရှိသည်။ ၁၂၅ဝ ပြည့် နှစ်တွင် ဘုရင်တို့ စံမြန်းရာဌာန ဖြစ်လာသည်။ ထိုနောက် ဟိတ်မြို့သည် နိုင်ငံအချင်းချင်း မဟာမိတ်စာချုပ်များ ချုပ်ဆိုရာဌာနအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပရာဌာနအဖြစ်လည်းကောင်း ထင်ရှားလာလေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်တို့သည် ထိုမြို့ကို ၁၉၄ဝ ပြည့်နှစ် မေလ ၁၅ ရက်နေ့မှ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့အထိ သိမ်းပိုက်ခဲ့ကြသည်။ ဟိတ်မြို့ရှိ လူဦးရေမှာ ၇၁၉၄၂၆ ယောက် (၁၉၇ဝ) ဖြစ်လေသည်။

ကိုးကား

Tags:

နယ်သာလန်နိုင်ငံအမ္မစတာဒမ်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာဘာသာစကားအင်္ဂုလိမာလသုတ်ရတနသုတ်ကျောက်တော်ကြီးဘုရား(ရန်ကုန်)လုပ်ဝိုင်ရွာ၊ လားရှိုးမြို့နယ်အဋ္ဌာရသ ၁၈ ရပ်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)အမွေစိုးလွင်လွင်ငရဲ (၃၁-ဘုံ)ပိဋကတ် သုံးပုံလောကနီတိအင်္ဂလိပ်ဘာသာစကားကျေးရွာအုပ်စုသခင်မြပုသိမ်မြို့ပထမ ကမ္ဘာစစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံလိင်တူစုံမက်ခြင်းဘာဂျာမှုတ်ခြင်းဂုဏ်ဆယ်ပါးတူးတူးထားဝယ်မြို့ရေသည်ပြဇာတ်ဂျပန်နိုင်ငံစုန်းကဝေအတတ်နေပြည်တော်မြို့မဂဒူး မင်းဆက်မိုးဗြဲလောက်ကိုင်မြို့ကြာသပတေးဂြိုဟ်ရာသီဥတုဗိဿနိုးမြို့ဟောင်းရေးမြို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြူဆင်းခြင်းကဆုန်လပြည့် ဗုဒ္ဓနေ့ဂျင်းနက်ဂမုန်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကောသလမင်း အိပ်မက် (၁၆)ချက်ငွေတာရီမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကြော့၊ ဦးခင်ဝင့်ဝါဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်မြန်မာ သက္ကရာဇ်အနုပညာမေတ္တသုတ်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကျိုင်းတုံမြို့မန္တလေးမြို့တရားရှုမှတ်ခြင်းရှားစောင်းလက်ပတ်ပင်လူ့အခွင့်အရေးမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းနတ်ကံ့ကော်ပင်သူစိမ်းအိမ်ဂျူးဘာသာသုံးခွမြို့မြန်မာတိုင်းရင်းသားမျိုးနွယ်များနတ်သျှင်နောင်ဟိုက်ပါရေတံခွန်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်အယ်လ်နီညိုစေတီပုထိုးများတိုက်အီရန်နိုင်ငံရဲဘော်သုံးကျိပ်မုန့်ဟင်းခါးဂျပန်ဘာသာစကားကျော်ဟိန်းသင်္ဂါယနာဈာန်ယောက်ျား၊ မိန်းမ တန်းတူညီမျှမှုမိုးကုတ်မြို့🡆 More