ကျောက်တော်ကြီးဘုရားရန်ကုန်

ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်စံပါယ်ရာ ဂန္ဓာကုဋီတိုက်တော်သည် ၂၅ ပေ (၇.၆ မီတာ) မြင့်ပြီး ဘွဲ့တော်အပြည်အစုံမှာ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးဟူ၍ဖြစ်သည်။ ရုပ်ပွာတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံး တစ်တုံးမှ ထုလုပ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီး၏ အလေးချိန်သည် ၅၆၀ တန်နီးပါးရှိပြီး ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသောဟန်ဖြစ်သော အဘယမုဒြာသဏ္ဌာန် ထုလုပ်ထားသည်။

လောကချမ်းသာ မုနိရုပ်ပွားတော်မြတ်ကြီး
ကျောက်တော်ကြီးဘုရားရန်ကုန်
ကျောက်တော်ကြီးဘုရား(ရန်ကုန်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်တော်ကြီးဘုရား(ရန်ကုန်)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာမင်္ဂလာဒုံမြို့နယ်ရန်ကုန်မြို့
ကိုဩဒိနိတ်16°53′04″N 96°07′24″E / 16.884581°N 96.123207°E / 16.884581; 96.123207 96°07′24″E / 16.884581°N 96.123207°E / 16.884581; 96.123207
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဦးသန်းရွှေ
ပြီးစီးဖေဖော်ဝါရီ ၂၀၀၂; ၂၂ နှစ် အကြာက (၂၀၀၂-၀၂)


စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်မြတ်ကို အထူးပြုလုပ်ထားသော ရထားလမ်းများတည်ဆောက်ပြီး အေးရှားဝေါလ်ကုမ္ပဏီမှ လှူဒါန်းသော ၂၀၀ ပေ (၆၁ မီတာ) ရှည်သည့် သမ္ဗန်တော်ဖြင့် သယ်ဆောင်ခဲ့သည်။ ထိုသမ္ဗန်တော်အား ဧရာဝတီမြစ်အတွင်းသို့ချပြီး မြစ်ကမ်းတစ်လျှောက် မြို့ကြီးများသို့ ဝင်ရောက်အဖူးမြော်ခံပြီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လေသည်။ သမ္ဗန်တော်ကြွချီရာ မြစ်ကြောင်းတစ်လျှောက်တွင် လှေခင်းများ ခင်းလျက် တင့်တယ်စွာ သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။


စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်တွင် ၅ ဩဂုတ် ၂၀၀၀ ခုနှစ် ကုန်းပေါ်သို့သယ်ဆောင်တော်မူခဲ့သည်။ ထိုသို့ဆောင်ယူရာ၌ လူပေါင်း ၅၀၀,၀၀၀ ကျော် လာရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများဖြစ်ကြသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး) |သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)၊ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါဝင်ခဲ့သည်။ ရုပ်ပွားတော်ကို မင်းဓမ္မကုန်းတော်ပေါ်သို့ အထူးပြုလုပ်ထားသော ရထားတွဲများဖြင့် ၁၀ ဩဂုတ်လတွင် သယ်ယူခဲ့သည်။ ပြီးစီးအောင် ထုလုပ်ထားခြင်းမရှိသော ရုပ်ပွားတော်ကို ပြီးစီးအောင်ထုလုပ်၍ အခါတော်ပေးများအလိုအရ ထူးမြတ်သော အောင်မြေနေရာတွင် ရုပ်ပွားတော်၏ စံကျောင်းတော် ဆောက်လုပ်ခဲ့သည်။ ကျောက်တော်ကြီးဘုရားရုပ်ပွားတော်မြတ်ကို ၂၀၀၂ နှစ် ဖေဖော်ဝါရီလတွင် ထုလုပ်ပြီးစီးလှူဒါန်းမှုပြုလုပ်ခဲ့သည်။ အများအပြောအရ ဗုဒ္ဓဆင်းတုတော် ထုလုပ်လှူဒါန်းခြင်းသည် မကောင်းသော ကံကြမ္မာကို ရှောင်လွဲရန် ယတြာဟုလည်း ဆိုကြသည်။ ကျောက်တော်ကြီးဘုရားတည်ရှိရာနေရာသည် ယခင် ကိုးမိုင်သင်္ချိုင်းနေရာဖြစ်သည်။

ရုပ်ပုံများ

ကိုးကား

Tags:

မင်္ဂလာဒုံမြို့နယ်မတ္တရာမြို့နယ်မန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

အာဆင်နယ်မန်းတောင်ရိပ်နမ်းခြင်းပထမ ကမ္ဘာစစ်သောတာပန်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အဘိဓမ္မာလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံသာသနာ့ အလံပုသိမ်မြို့စစ်ကိုင်းတိုင်းဒေသကြီးXXXတဲန်တာရွှန်အင်္ဂုလိမာလသုတ်ဒိဋ္ဌိအောင်ဆန်းစုကြည်စက်ဘီးနတ်ပြည် ၆ ထပ်ဓဇဂ္ဂသုတ်နေဝင်း (ဗိုလ်ချုပ်ကြီး)လောက (ဗုဒ္ဓဘာသာ)မကွေးတိုင်းဒေသကြီးပြေတီဦးမြိတ်မြို့ပြင်သစ်နိုင်ငံရှမ်းပြည်နယ်မေတ္တသုတ်ဆားပုလင်းနှင်းမောင်ငှက်ဖျားရောဂါမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကာကွယ်ရေးဦးစီးချုပ်(ကြည်း)မြန်မာနိုင်ငံရှိ ပွဲတော်များဒါနရွေးပင်သွေးကားလိုး ကော်လိုဒီမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများတနင်္သာရီမြို့ရှစ်ပါးသီလဝဲထိုင်းနိုင်ငံထားဝယ်လူမျိုးရခိုင်လူမျိုးမဟာဘူတဦးနှောက်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ညိုစောနန်းမွေစံမဟော်သဓာဇာတ်တော်ချင်းမိုင်မြို့မွန်ဂိုသင်္ဂါယနာကျိုက်ထီးရိုးဘုရားသွေးလွန်တုပ်ကွေးအင်းလေးကန်မြွေတယ်လီဂရမ် (ဆော့ဖ်ဝဲ)ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဂျိုး ဘိုင်ဒင်ဒေသနာကြားခြင်းလိင်တူစုံမက်ခြင်းရေအကျိုးဆယ်ပါးအာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုစကောကရင်ဘာသာစကားကိုယ်ဝန်ဖျက်ချခြင်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကော့သောင်းမြို့တရားဝင် အရေးအသားစနစ်သင်္ကြန်ထမင်းအသောကမင်းရုရှားနိုင်ငံနတ်ပင့်ဂါထာပါကစ္စတန်နိုင်ငံကာလာမသုတ်ရေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ပါတော်မူခြင်းလူဗာပြတိုက်🡆 More