ဝါစဿရဗေဒ

ဝါစဿရဗေဒ (သို့) စကားသံလေ့လာမှုပညာ (အင်္ဂလိပ်: Phonology) သည် ဘာသာဗေဒ၏ ပညာရပ်ခွဲတစ်ခုဖြစ်၍ ဘာသာစကားများ (သို့) ဒေသယိစကားများသည် ၎င်းတို့၏ အသံများကို စနစ်တကျမည်သို့ စီစဉ်ထားသည်ကို လေ့လာခြင်းဖြစ်သည်။ သင်္ကေတအမူအရာပြ ဘာသာစကားများအတွက် သင်္ကေတများကို လေ့လာခြင်းဖြစ်ပေသည်။ ဝါစဿရဗေဒဟူသော ဝေါဟာရသည် ဘာသာစကားတစ်ခုခု၏ အသံစနစ်ကို ရည်ညွှန်းနိုင်သည်။ အတိတ်တစ်ချိန်တွင် ဤပညာရပ်သည် အပြောဘာသာစကားရှိ သံရင်းများ (phoneme) ၏ စနစ်ကို လေ့လာမှုဖြစ်ခဲ့သော်လည်း ယခု၌မူ

    (က) အက္ခရာများပေါင်းစပ်ထားသော စကားလုံးတစ်လုံးထက်နိမ့်သော အနေအထား၌ ဘာသာဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (အသံ (syllable ; ဝဏ္ဏ)၊ အသံအစ (onset)၊ အသံကာရန် (rime)၊ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုမှု၊ ဌာန် ကရိုဏ်းကျသည့် အင်္ဂါရပ်များ၊ အသံရှိန်... စသည်များ ပါဝင်သည်။)
    (ခ) ဘာသာဗေဒဆိုင်ရာ အနက်အဓိပ္ပာယ်ကို ကူးပြောင်းပို့ဆောင်ရန် တည်ဆောက်ထားသော အသံ (သို့) သင်္ကေတအမူအရာတို့ဆိုင်သော ဘာသာစကားဆိုင်ရာ လေ့လာမှုများ

စသည်တို့ဖြစ်သည်။

သင်္ကေတအမူရာပြဘာသာစကားများတွင် အပြောဘာသာစကားများ၌ရှိသော အသံစနစ်နှင့် တူညီသည့် စနစ်များရှိကြသည်။ သင်္ကေတအမူရာပြဘာသာစကားများ၏ အခြေခံတည်ဆောက်ပုံများမှာ ရွေ့ရှား/လှုပ်ရှားမှု၊ နေရာအနေအထား၊ လက်ဟန်/ပုံစံတို့၏ အသေးစိတ်ဖော်ပြမှုများ ဖြစ်ကြသည်။

အသုံးအနှုန်း

စကားသံလေ့လာမှု (ပညာရပ်) (phonology) သည် ဘာသာစကားတစ်ခုခု၏ စကားသံ (အသံ) စနစ်ကို ရည်ညွှန်းနိုင်သည်။ ဝေါဟာရ၊ စကားလုံးဖွဲ့စည်းမှု၊ ဝါကျဖွဲ့စည်းမှု ကဲ့သို့သော ဘာသာစကားတစ်ခု၌ ပါဝင်သင့်သည့် အခြေခံစနစ်များထဲက တစ်ခုလည်းဖြစ်သည်။

စကားသံလေ့လာမှု (ဝါစဿရဗေဒ - phonology) သည် အသံထွက်လေ့လာမှု (သဒ္ဒဗေဒ - phonetics) နှင့် များသောအားဖြင့် ကွဲပြားမှုရှိသည်။ သဒ္ဒဗေဒ ခေါ် အသံထွက်ပညာရပ်သည် ရုပ်ပိုင်းဆိုင်ရာအရ (အသံ/အမူရာ) ထုတ်လုပ်ခြင်း၊ အသံကို ကူးပြောင်းပို့ဆောင်ခြင်း နှင့် စကားသံများကို သိနားလည်ခြင်း စသည်တို့နှင့်သက်ဆိုင်သည်။ စကားသံလေ့လာမှုသည်ကား ဘာသာစကားတစ်ခုအတွင်း (သို့) ဘာသာစကားများအကြား အသံသည် အနက်အဓိပ္ပာယ် ဖြစ်စေရန် (သို့) ပေါက်စေရန် ဆောင်ရွက်ပုံနည်းလမ်းကို ဖော်ပြပေးသည်။ ဘာသာဗေဒပညာရှင်များအတွက် အသံထွက်ပညာသည် "လက်တွေ့သရုပ်ဖော်ဘာသာဗေဒ" ဖြစ်၍ စကားသံလေ့လာမှုသည် "သဘောတရားဘာသာဗေဒ" ဖြစ်ပေသည်။ သို့သော်လည်း ဘာသာစကားတစ်ခု၏ စကားသံလေ့လာမှု (ဝါစဿရဗေဒ) စနစ်ကို ပြုစုရာတွင် သဘောတရားဆိုင်ရာ အခြေခံမူများကို အသံထွက်ပညာ (သဒ္ဒဗေဒ) ဆိုင်ရာ အထောက်အထား/အချက်လက်များ နှင့်ပတ်သက်၍ စနစ်တကျခွဲခြားပြသခြင်း၌ အသုံးချကြရသည်။ ရံခါ၌ ဤပညာရပ်နှစ်ခုကြား သိသာသော ကွဲပြားမှု မရှိချေ။ အထူးသဖြင့် ၂၀ရာစု အလယ်ပိုင်း၌ phoneme (သံရင်း) ဆိုသောစကားလုံး၏ ခေတ်သစ်အယူအဆ မဖြစ်ထွန်းခင်အထိ သိသိသာသာ ကွဲပြားမှုမရှိခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ် စကားသံလေ့လာမှုပညာရပ်၏ အခွဲအချို့တွင် အသံထွက်လေ့လာမှုပညာရပ်နှင့် ကူးလူးဆက်သွယ်မှုများရှိရာ ဥပမာအားဖြင့် စိတ်ပိုင်းဘာသာဗေဒ (psycholinguistics) ၊ စကားသံ သိမြင်နားလည်းခြင်း (speech perception) စသည်များပါဝင်နေ၏။ ထို့ကြောင့်လည်း အကျိုးအားဖြင့် စကားသံထုတ်မှု ဝါစဿရဗေဒ (articulatory phonology) (သို့) ဓာတ်ခွဲခန်း ဝါစဿရဗေဒ (laboratory phonology) များဖြစ်ပေါ်လာခဲ့သည်။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သခင်ကိုယ်တော်မှိုင်းအောင်ဆန်းစုကြည်ကြာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသျှင်မဟာ သီလဝံသပါဠိဖွေးဖွေးယေရှု ခရစ်တော်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခုနစ်နေ့ဘုရားရှိခိုးဗန်းစကားမေတ္တသုတ်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များစိုင်းထီးဆိုင်ဩစတြေးလျနိုင်ငံတိုင်းစစ်ဌာနချုပ်ကိုးပါးသီလသွေးတိုးရောဂါလီတာမြန်မာနိုင်ငံရှိ မြို့နယ်များကမ္ဘောဇသာဒီရွှေနန်းတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့လိင်တူစုံမက်ခြင်းရန်ကုန်မြို့ထေရဝါဒအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးစကားထာမိမိကိုယ်ကို သတ်သေခြင်းအင်းဝမြို့ဘုရင့်နောင်ဧရာဝတီမြစ်မဟာဘုတ်ငါးမျိုးစိတ်များ စာရင်းမစ်(ဂ်)-၂၉မုံရွာမြို့သင်္ကြန်မိုးကုန်းဘောင်ခေတ်ကြွက်နို့မြန်မာ-အင်္ဂလိပ် အဘိဓာန်နေပြည်တော်တိုင်းစစ်ဌာနချုပ်နေဝင်း (ဗိုလ်ချုပ်ကြီး)ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ရှမ်းလူမျိုးဣန္ဒြေလွှမ်းပိုင်ထိုင်းနိုင်ငံဂျပန်သမိုင်းဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တောက်တဲ့မြန်မာနိုင်ငံ၏ အလံတော်အတွင်း ၃၇ မင်းပုပ္ပါးတောင်ကလပ်တစ်ကိုယ်ရည်အာသာဖြေခြင်းမျောက်သုတ္တန်ပိဋကတ်ရိုဟင်ဂျာမြန်မာပြည် စာတိုက် သင်္ကေတများနိုင်ငံတော် သံဃမဟာနာယကအဖွဲ့အသုံးလုံးအပျိုမြှေးဆေးခြောက်နေ့နံအိုမန်နိုင်ငံရှမ်းပြည်နယ်ထန်းလျက်ရဲယိုပင်မင်းအောင်မြအသံတင်အောင်စန်းစိတ်ချရသော လိင်ဆက်ဆံမှုသိပ္ပံပညာမင်းပြားမြို့🡆 More