ဝင်ရိုးစွန်းဝက်ဝံ

†Ursus maritimus tyrannus(?)

ဝင်ရိုးစွန်းဝက်ဝံ (သို့) ပိုလာဝက်ဝံ
(en: Polar Bear)
Temporal range: Pleistocene-recent
ဝင်ရိုးစွန်းဝက်ဝံ
Sow near Kaktovik, Barter Island, Alaska, United States
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
မျိုးရင်း: Ursidae
မျိုးဇာတ်: Ursini
မျိုးစု: Ursus
မျိုးစိတ်:
U. maritimus
ဒွိနာမ
Ursus maritimus
Phipps, 1774
မျိုးစိတ်ခွဲများ

ဝင်ရိုးစွန်းဝက်ဝံ
Polar bear range
Synonyms

Ursus eogroenlandicus
Ursus groenlandicus
Ursus jenaensis
Ursus labradorensis
Ursus marinus
Ursus polaris
Ursus spitzbergensis
Ursus ungavensis
Thalarctos maritimus

ဝင်ရိုးစွန်းဝက်ဝံ (သို့) ပိုလာဝက်ဝံ (Ursus maritimus) သည် အာတိတ်သမုဒ္ဒရာ၊ ပတ်ဝန်းကျင် ပင်လယ်များနှင့် ပတ်ဝန်းကျင် ကုန်းမြေများ ပါဝင်သော အာတိတ်စက်ဝိုင်းတွင် နေထိုင် ကျက်စားလေ့ရှိသော ဝက်ဝံမျိုးဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကုန်းနေ အသားစား သတ္တဝါများတွင် အကြီးဆုံးဖြစ်ပြီး ဝက်ဝံများထဲတွင်လည်း အကြီးဆုံး ဝက်ဝံမျိုး ဖြစ်သည်။ အခြားအစုံစား သတ္တဝါဖြစ်သည် ကိုဒီယပ်ဝက်ဝံမျိုးမှာလည်း ဝင်ရိုးစွန်းဝက်ဝံများနှင့် အရွယ်အစား အတူတူ ခန့်မျှ ရှိသည်။ အရွယ်ရောက်ပြီးသော ဝင်ရိုးစွန်းဝက်ဝံထီး တစ်ကောင်သည် ၃၅၀ မှ ၆၈၀ ကီလိုဂရမ် (၇⁠၇၀ မှ ၁၅၀၀ ပေါင်) အထိ ရှိတတ်ပြီး အရွယ်ရောက်ပြီးသော ဝင်ရိုးစွန်း ဝက်ဝံအမ မှ အရွယ်အစား တဝက်ခန့်မျှ ရှိတတ်သည်။ ဝက်ဝံညိုများနှင့် အမျိုး အလွန်နီးစပ်သော်လည်း ၎င်းတို့နှင့် ပတ်သက် ယှက်နွယ်နေသော ဂေဟစနစ်နှင့် ကိုက်ညီအောင် ဆင့်ကဲ ပြောင်းလဲ ဖြစ်ပေါပြီး ဖြစ်သည်။ ဝင်ရိုးစွန်း ဝက်ဝံများ၏ ခန္ဓာကိုယ် သွင်ပြင်မှာ အလွန်အေးသော အပူချိန်ကို ခံနိုင်ရန်၊ နှင်း၊ ရေခဲနှင့် ရေပြင်ပေါ်တွင် လှုပ်ရှားသွားလာနိုင်ရန်၊ သူတို့၏ အစားအစာဖြစ်သော ဖျံတို့ကို ဖမ်းဆီးနိုင်ရန် စသည်တို့နှင့် ကိုက်ညီအောင် ပြောင်းလဲဖြစ်ပေါပြီး ဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံ အများစုမှာ ကုန်းပေါ်တွင် မွေးဖွားသော်လည်း ၎င်းတို့၏ အချိန်များစွာကို ရေထဲတွင် ကုန်ဆုံးလေ့ရှိကြသည်။ သိပ္ပံအမည်မှာ ပင်လယ်ဝက်ဝံဟု အမည်ရပြီး ဤအချက်ပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။. ဝင်ရိုးစွန်း ဝက်ဝံများသည် ဖျံများကို ပင်လယ်အတွင်းရှိ ရေခဲတုံးပေါ်မှ ဖမ်းဆီးလေ့ရှိသည်။ မကြာခဏ ဆိုသလိုပင် ရေခဲများ မရှိသော အခါ၌ သိုမှီးထားသော အဆီပြင်များပေါ်တွင် မှီ၍ အသက်ရှင် နေထိုင်လေ့ ရှိကြသည်။

မိတ်လိုက်ခြင်း

ပိုလာဝက်ဝံများသည် ဧပြီလ သို့မဟုတ် မေလအတွင်းတွင် မိတ်ဖက်မျိုးပွားခြင်းကို လုပ်ဆောင်ကြသည်။ ထို့နောက် ဒီဇင်ဘာလတွင် ဝက်ဝံမများ ဆောင်းခိုချိန်၌ သားဖွားကြသည်။ သားပေါက်ကလေးများသည်၎င်းမိခင်နှင့်အတူ မတ်လတိုင်သည်အထိ နေထိုင်ပြီးနောက် အပြင်သို့ ထွက်ကြသည်။ ၎င်းသားပေါက်ကလေးများသည် ဆောင်းခိုပြီးနောက် အစားအစာများကို ချက်ခြင်းစားသောက်ရန်လိုအပ်သည်။ သို့သော် ကမ္ဘာ့ကြီးပူနွေးလာမှုသည် ယင်းသားပေါက်လေးများအား စားသောက်ခွင့်မရအောင် ပြုလုပ်နေပြီး အသက်ရှင်ရန်အခွင့်အရေးမတိုင်မီကပင် သေဆုံးနေကြရသည်။ သားပေါက်ကလေးများသည် မိခင်နှင့်အတူ ၂ နှစ်သားမှ ၃ နှစ်သားအထိ အတူနေထိုင်ကြပြီးနောက် ခွဲခွာသွားတတ်ကြသည်။

အသည်း

ပိုလာဝက်ဝံ၏ အသည်းတွင် ဗီတာမင် အေ ဓာတ် မြောက်မြားစွာပါဝင်သဖြင့် ယင်းအသည်းကို အလွန့်အကျွံစားသုံးမိသူသည် ကိုယ်ခန္ဓာကထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် သေရလေသည်။ ၎င်းအသည်းသည် အဆိပ်နှင့်တူလေသည်။

ဓာတ်ပုံများ

ကိုးကား

Tags:

ဝင်ရိုးစွန်းဝက်ဝံ မိတ်လိုက်ခြင်းဝင်ရိုးစွန်းဝက်ဝံ အသည်းဝင်ရိုးစွန်းဝက်ဝံ ဓာတ်ပုံများဝင်ရိုးစွန်းဝက်ဝံ ကိုးကားဝင်ရိုးစွန်းဝက်ဝံ

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်းလေးကန်ခွန်ဆာကိန်းနှစ်ကျိပ်ရှစ်ဆူအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်စစ်တက္ကသိုလ် (ပြင်ဦးလွင်)စကြဝဠာလွှမ်းမိုးရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ကုလသမဂ္ဂသန်လျင်မြို့စက္ကူပန်းအပူချိန်မက္ခရာမင်းသားကြီးတိုင်းစစ်ဌာနချုပ်ဖေ့စ်ဘွတ်ခ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အယုဒ္ဓယအရက်ကွန်မြူနစ်ဝါဒခုနစ်နေ့ဘုရားရှိခိုးတစ်ကိုယ်ရည်အာသာဖြေခြင်းညှင်းရန်ကုန်တိုင်းစစ်ဌာနချုပ်အပူကမ္ဘာမြေနေ့ခရမ်းလွန်ရောင်ခြည်ကန်တော်ကြီး(ရန်ကုန်)မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မဂ္ဂင် ၈ ပါးဝက်ခြံပထမ ကမ္ဘာစစ်မအင်္ဂါ အစေ့ဣန္ဒြေတနင်္သာရီမြို့ထိုင်းဘာသာစကားကဗျာလင်္ကာဟော်မုန်းမင်္ဂလာတောင်ညွန့်မြို့နယ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံရှင်သီဝလိဂါထာအမျိုးသမီးဖျားနာခြင်းကရမက်ဖွေးဖွေးမြန်မာ့ လက်ဝှေ့ဘုရားသုံးဆူမြို့မဟာဓမ္မရာဇာဓိပတိရက္ခိုင့်တပ်တော်ဝါကျမြန်မာနိုင်ငံ၏ သမ္မတသေနတ်ရှမ်းပြည်နယ်ကိုရီးယားနိုင်ငံမြန်မာသဒ္ဒါဗြိတိသျှအင်ပါယာMinecraftအသည်းရောင် အသားဝါ ရောဂါ စီပိုးအင်းဆက်မြင်းခွာပင်မန္တလေးတိုင်းဒေသကြီးဖွတ်တရားဂုဏ်တော်နိကာယ် ငါးရပ်နပိုလီယန်အမေရိကန်ပြည်ထောင်စုထားဝယ်လူမျိုးမဟတ္တမ ဂန္ဒီခင်မောင်တိုးယေရှု ခရစ်တော်မွန်ပြည်နယ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမွန်လူမျိုးကီလိုမီတာ🡆 More