ဗို့

ဗို့(Volt)သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် စနစ်(သင်္ကတ:V)ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။ အီတလီ ရူပဗေဒပညာရှင် အလက်ဇန်ဒရိုဗိုလတာ (1745–1827) ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ (လျှပ်စစ်ဓာတ် တွန်းဖိသောအား) ==လျှပ်စစ်သင်္ကေတ=အားြဖင့် ဗို့ကို Electromotive Force=E ( သို့မဟုတ် ) Volt=V ဟု သတ်မှတ်သည်။

အဓိပ္ပာယ် ဖွင့်ဆိုမှု

ဆင်ဂဲလ်ဗို့ ကိုသတ်မှတ်သည်မှာ လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက် ကိုဆင်ဂဲလ်ဗို့ဟု သတ်မှတ်သည်။ အခြားနည်းတစ်ခုဖြင့် တစ်မီတာအကွာအဝေးတွင်အပြိုင်လိုက်ရှိနေသော မျက်နှာပြင်နှစ်ခုမှ ဖြစ်ပေါ်စေသော သံလိုက်စက်ကွင်းသည် တစ်ကူးလောင့်တွင် တစ်နယူတန် ရှိခဲ့လျှင် ဟုလည်းသတ်မှတ်သည်။ ထို့အပြင် အမှတ်နှစ်ခုကြားရှိ တွန်းအားခြားနားချက် သည် ၎င်းအမှတ်နှစ်ခုကြား ဖြတ်စီးသောလျှပ်စစ် တစ်ကူးလောင့်ဘ်တွင် စွမ်းအင်ပမာဏ တစ် ဂျိုးကို ပေးနိုင်လျှင် ဟုလည်းသတ်မှတ်သည်။SI ယူနစ်သတ်မှတ်ချက်ဖြင့် -

    ဗို့ .

ထို့ပြင် ၎င်းကို လျှပ်စီးနှင့်အုမ်း၊အမ်ပီယာနှင့်ဝပ်၊ကူးလောင့်ဘ်နှင့်ဂျိုး တို့ကိုလိုက်၍ တွက်ချက်နိုင်သေးသည်။

    ဗို့ .

ဗို့အားနှင့် လျှပ်စီးများကို ထင်သာစေရန် ရေပိုက်အတွင်း ရေစီးသည့်ဥပမာဖြင့်လည်းတင်စား ပြောဆိုကြသည်။ ပိုက်အတွင်း ရေစီးဆင်းရန် တွန်းသည့်ဖိအားသည် ဗို့ နှင့်တူပြီး စီးဆင်းသွားသည့် ရေသည် လျှပ်စီးနှင့်တူသည်။ ရေဖိအားများလေ ရေအဝေးသို့ပိုရောက်လေဖြစ်သည်။

သမိုင်းကြောင်း

၁၈၈၀ တွင် ဓာတုနည်းဖြင့် လျှပ်စစ်ထုတ်ယူမှုကို Luigi Galvani ၏ လျှောက်လဲတင်သွင်းမှုအပေါ် သဘောထားကွဲလွဲကြပြီးနောက် အလက်ဇန်ဒရိုဗိုလတာ သည် ဘက္ထရီတို့၏ ရှေ့ပြေးပုံစံဖြစ်လာမည့် တည်ငြိမ်လျှပ်စစ်ကိုထုတ်ပေးနိုင်သော Voltaic pile ကို တီထွင်ခဲ့သည်။ လျှပ်စစ်ထုတ်ယူရန် ဇင့် နှင့် ငွေ အတွဲတို့သည် အကျိုးရှိသည်ကိုလည်း အလက်ဇန်ဒရိုဗိုလတာ တွေ့ရှိခဲ့သည်။၁၈၈၀ နှစ်များအတွင်း အပြည်ပြည်ဆိုင်ရာလျှပ်စစ်ကွန်ဂရက် (ယခု IEC-International Electrotechnical Commission)မှ လျှပ်စစ်ရွေ့လျားစွမ်းအားကို ဗို့ ဟုသတ်မှတ်ခဲ့သည်။ ထိုအချိန်က ဗို့ကို လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက်(ယခု ဗို့) ဟုသတ်မှတ်ခေါ်ဆိုခဲ့ကြသည်။

စံ အသုံးပြု သတ်မှတ်ချက်

စံသတ်မှတ်ထားသော ဗို့များ-

  • ဆဲလ်တစ်ခုပါ အားပြန်သွင်းနိုင်သော ဓာတ်ခဲ(သို့)ဘက်ထရီ (NiMH or NiCd) =၁.၂ ဗို့
  • ဆဲလ်တစ်ခုပါ အားပြန်မသွင်းနိုင်သော ဓာတ်ခဲ(သို့)ဘက်ထရီ= (e.g., AAA, AA, C and D cells): alkaline battery: 1.5 V; zinc-carbon battery: 1.56 V if fresh and unused
  • အားပြန်သွင်းနိုင်သော ဓာတ်ခဲ(သို့)ဘက်ထရီ LiFePO4 =၃.၃ ဗို့
  • အားပြန်သွင်းနိုင်သော ဓာတ်ခဲ(သို့)ဘက်ထရီ Lithium polymer= ၃.၇၅ ဗို့ (see Rechargeable battery#Table of rechargeable battery technologies)
  • Transistor-transistor logic/CMOS (TTL) ပါဝါဆပ်ပလိုင်း= ၅ ဗို့
  • USB: ၅ ဗို့ ဒီစီ
  • PP3 ဘက်ထရီ: ၉ ဗို့
  • ကား ယာဉ်ငယ်များတွင် အသုံးပြု လျှပ်စစ်စနစ်= ပုံမှန် ၁၂ ဗို့၊ အားသုံးနေချိန် ၁၁.၈ ဗို့ အထက်၊ အားသွင်းပြီးချိန် ၁၂.၈ ဗို့၊အားသွင်းနေချိန် ၁၃.၈-၁၄.၄ဗို့ (ယာဉ်မောင်းနေစဉ်)
  • ကား ယာဉ်ကြီး များတွင် ၂၄ ဗို့ (ဥရောပ)၊၁၂ ဗို့ (မြောက်အမေရိက)
  • အိမ်သုံး အေစီ လျှပ်စစ်တွင် =
    • ဂျပန်တွင် ၁၀၀ ဗို့
    • မြောက်အမေရိကတွင် ၁၂၀ ဗို့
    • ဥရောပ၊အာရှနှင့် အာဖရိက တွင် ၂၃၀ ဗို့
  • အမြန်ရထားများ=၆၀၀-၇၀၀ ဗို့
  • အထက်အမြင့်မှ ပါဝါပေး အမြန်ရထားများ= ဖရီကွင်စီ ၅၀ တွင် ၅၀ ကီလိုဗို့ နှင့် ဖရီကွင်စီ ၆၀ တွင် ၂၅ ကီလိုဗို့
  • ဗို့အားမြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင်=၁၁၀ ကီလိုဗို့ နှင့်အထက်
  • မိုးကြိုးများတွင်=သာမန်အများအားဖြင့် ၁၀၀ မက်ဂါဗို့ (ပြောင်းလဲမှုရှိ)

Tags:

အလက်ဇန်ဒရိုဗိုလတာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆီးချိုရောဂါလက္ခဏာများငလျင်လှုပ်ခြင်းဂေါ်ရင်ဂျီကျွန်းစကားထာကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံစိန်ဆင်ဖြူရှင်မင်းကြာနီကန်ဆရာတော်ဧဝရတ်တောင်ဧရာဝတီတံတား (ပခုက္ကူ)မိုင်းခရပ်ဖ်ထန်းရည်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စံကားဝါသီတင်းကျွတ်လပြည့်နေ့အမျိုးသားစာပေဆုရစာအုပ်စာရင်းဘရူနိုင်းနိုင်ငံကျန်းမာရေးနေဝင်း (ဗိုလ်ချုပ်ကြီး)၂၄ ပစ္စည်းကျောက်ကပ်ရောင်ရောဂါပထမ ကမ္ဘာစစ်သက်ရှိငပလီကမ်းခြေသွေးတိုးရောဂါဟော်မုန်းဖေ့စ်ဘွတ်ခ်ရက္ခိုင့်တပ်တော်အပြင် ၃၇ မင်းရန်ကုန်တိုင်းဒေသကြီးပွေး(ရောဂါ)မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဗဟိုစာမျက်နှာအောင်ချိမ့်ခွန်ဆာ၃၈ ဖြာ မင်္ဂလာတပ်မတော်ဒုံးတပ်ဖွဲ့မြန်မာအမျိုးသား လေကြောင်းလိုင်းမြန်မာနိုင်ငံရှိ မြို့များကျောက်စိမ်းအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရသကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများမဟာသမယသုတ်ယာဘကိုယ်ဝန်ဖျက်ချခြင်းလိင်ဖြင့်မျိုးပွားခြင်းအာရက္ခတပ်တော်ခုနစ်နေ့ဘုရားရှိခိုးရာပြည့်ဩကာသ ဘုရားရှိခိုးခေါင်းပေါင်းပင်လယ်သေမွန်ပြည်နယ်သရပါတံခါးရွှေစည်းခုံ စေတီတော် (ပုဂံ)ပန်ထွာဘုရင်မကျော်ဟိန်းနာဂစ်မုန်တိုင်းစိတ်ပညာငါး (တိရစ္ဆာန်)ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သက္ကရာဇ်တောက်တဲ့ဆေးခြောက်ပင်မင်္ဂလာပါနာဇီဂျာမနီသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊နေမြန်မာ့သမိုင်းဘားအံမြို့တရုတ်စံကားcxaieမော်စကိုမြို့လူ၏ အရိုးဖွဲ့စည်းပုံ🡆 More