စတီဖင် ရောဘတ် အာဝင် (အင်္ဂလိပ်: Steve Robert Irwin; ၂၂ ဖေဖော်ဝါရီ - ၄ စက်တင်ဘာ ၂၀၀၆)သည် မိကျောင်းမုဆိုးဟု ကျော်ကြားပြီး၊ ဩစတြေးလျ တိရစ္ဆာန်ဥယျာဉ် စောင့်ရှောက်သူ၊ ရုပ်သံ အစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်သည်။ အာဝင်သည် သူ၏ ဇနီး တယ်ရီနှင့်အတူ ပူးတွဲ တင်ဆက်သော နိုင်ငံတကာသို့ ထုတ်လွှင့်သည့် တောတွင်း တိရစ္ဆာန် ဖြစ်ရပ်မှန် မှတ်တမ်း စီးရီး တခု ဖြစ်သော မိကျောင်းမုဆိုး (၁၉၉၆-၂၀၀၇) အစီအစဉ်မှ စ၍ ကမ္ဘာတဝန်း အောင်မြင်မှု ရရှိခဲ့သည်။ မိကျောင်းဖိုင်များ (၁၉၉၉-၂၀၀၁)၊ မိကျောင်းမုဆိုးမှတ်တမ်းများ (၂၀၀၂-၂၀၀၆)နှင့် မွေးကင်းစတိလေးများ (၂၀၀၅) စီးရီးတို့ကိုလည်း စုံတွဲ တင်ဆက်ခဲ့သည်။ အာဝင်တို့ လင်မယားသည် ကွင်းစလန်ပြည်နယ်၏ မြို့တော် ဖြစ်သော ဘရစ္စဘိန်း၏ မြောက်ဘက် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့် အကွာတွင် ရှိသော ဘီယာဝါမှာ အာဝင်မိဘများ တည်ထောင်ခဲ့သော ဩစတြေးလျတိရစ္ဆာန်ဥယျာဉ်ကိုလည်း ပိုင်ဆိုင်ပြီး အတူတကွ စီမံခန့်ခွဲသည်။
Steve Irwin | |
---|---|
၂၀၀၅ ခုနှစ်တုန်းက ဩစတြေးလျတိရစ္ဆာန်ဥယျာဉ်ရှိ အာဝင် | |
မွေးဖွား | Stephen Robert Irwin ၂၂ ဖေဖော်ဝါရီ၊ ၁၉၆၂ Essendon, Victoria, Australia |
ကွယ်လွန် | ၄ စက်တင်ဘာ၊ ၂၀၀၆ Batt Reef, ကွင်းစလန်ပြည်နယ်၊ ဩစတြေးလျ | (အသက် ၄၄)
သေဆုံးရခြင်း အကြောင်းရင်း | Stingray injury to the heart |
နိုင်ငံလူမျိုး | ဩစတြေးလျနိုင်ငံသား |
အခြား အမည်များ | "The Crocodile Hunter" |
အလုပ်အကိုင် | Naturalist Zoologist Conservationist Television personality Herpetologist |
တက်ကြွလှုပ်ရှားနှစ်များ | 1991–2006 |
ထင်ရှားသည့် လုပ်ဆောင်မှု | The Crocodile Hunter |
သားသမီး | Bindi Sue Irwin (b. 1998) Robert Clarence Irwin (b. 2003) |
မိဘ(များ) | Bob Irwin Lyn Irwin |
ဝက်ဘ်ဆိုဒ် | Australia Zoo |
အာဝင်သည် သမုဒ္ဒရာ၏ အသေစေနိုင်လောက်ဆုံးဟု အမည်ပေးထားသော ရေအောက် မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးနေစဉ် ငါးလိပ်ကျောက် တစ်မျိုးက ဆူးချွန်ဖြင့် ရင်ဘတ်ကို အထိုးခံရပြီးနောက် ၄ စက်တင်ဘာ ၂၀၀၆ ၌ ကွယ်လွန်သည်။
ဗစ်တိုးရီးယား၊ မဲလ်ဘုန်းမြို့ဆင်ခြေဖုံး ဖြစ်သော အက်ဆင်ဒန်၌ ဘော့ အာဝင်နှင့် လင်းတို့က အာဝင်ကို သူ့မိခင် မွေးနေ့မှာပင် မွေးဖွားသည်။ သူသည် အဖေဘက်မှ အိုင်းရစ်သွေး ပါလာသည်။ ၁၉၇၀ တွင် ကွင်းစလန်းသို့ မိဘများနှင့်အတူ ကလေးအရွယ်ဖြင့် ပြောင်းရွှေ့လာပြီး၊ လင်းစဘိုရော့ စတိတ်ကျောင်းနှင့် ကလောင်းဒရာ စတိတ် အထက်တန်းကျောင်းတွင် တက်ရောက်သည်။ အာဝင်က သူ့အဖေကို ကုန်းရေတွားသွားသတ္တဝါဗေဒကို စိတ်ပါဝင်စားသည့် တောရိုင်း တိရစ္ဆာန် ကျွမ်းကျင်သူအဖြစ်၊ သူ့အမေ လင်းကို တောရိုင်းတိရစ္ဆာန် ပြန်လည်ထူထောင်ရေးသမား အဖြစ် ဖော်ပြသည်။ ကွင်းစလန်းသို့ အိမ်ပြောင်းလာပြီးနောက် ဘော့နှင့် လင်း အာဝင်တို့သည် ကွင်းစလန် တွားသွားနှင့် တိရစ္ဆာန် ပန်းခြံအသေးစားကို စတင် ထူထောင်လိုက်ကာ၊ စတိသည် မိကျောင်းများ၊ အခြား တွားသွားကောင်များ ပတ်ချာလည်ဖြင့် ကြီးပြင်းလာသည်။
အာဝင်သည် နေ့စဉ် တိရစ္ဆာန်များကို အစာကျွေးရခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ပေးရခြင်းတို့ဖြင့် ပန်းခြံထဲတွင် တနိုင်တပိုင် လုပ်ကိုင် ကူညီပေးသည်။ ခြောက်နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ်၊ သူသည် ၁၂ ပေ (၄ မီတာ) ရှည်သော စကရပ် ဖိုင်သွန်(စပါးကြီးမြွေ တမျိုး၊ scrub python) ကို လက်ခံ ရရှိသည်။ အစောပိုင်း အသက်အရွယ်တွင် သူ့အဖေက တွားသွား သတ္တဝါများနှင့် ပတ်သတ်သော ဗဟုသုတများကို သူ့အား သင်ပေးပြီးနောက် အသက် ကိုးနှစ် ရောက်သော် မိကျောင်းများကို စတင် ကိုင်တွယ်ခိုင်းသည်။ ထိုအသက်မှာပင် ဖခင်၏ ကြီးကြပ်မှု အောက်၌ ပထဦးစွာ မိကျောင်းနှင့် စတင် နပန်းလုံးရသည်။ ကွင်းစလန်၏ အရှေ့ဘက် ကမ်းရိုးတန်း စီမံရေးအစီအစဉ်တွင် လုပ်အားပေး ပါဝင်ကာ မိကျောင်းပေါင်း အကောင် ၁၀၀ ကျော် ဖမ်းပေးပြီး၊ အချို့ကို တောပြောင်းပေး၍ အချို့ကိုမူ မိသားစုပိုင်သော ပန်းခြံ၌ အိမ်ငယ်ဖြင့် မွေးမြူသည်။ အာဝင်သည် ၁၉၉၁ တွင် ပန်းခြံ အုပ်ချုပ်ရေးကို လွှဲပြောင်းရယူပြီး၊ ၁၉၉၈ တွင် ၎င်းကို ဩစတြေးလျ တိရစ္ဆာန် ဥယျာဉ်ဟု အမည်ပြောင်းလိုက်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article စတိဗ် အာဝင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.