စက်ရုပ်ဆိုသည်မှာ စက်မှု သို့မဟုတ် လူသားတို့ အတုအယောင်ပြုလုပ်ထားခြင်းဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သော အရာဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ စက်ရုပ်သည် အသွင်သဏ္ဌာန် အားဖြင့်သော်လည်းကောင်း၊ လှုပ်ရှားသွားလာပုံအားဖြင့်သော်လည်းကောင်း မိမိဘာသာမိမိ သွားလာလှုပ်ရှား လုပ်ကိုင်နေသည် ဟူသော အထင်အမြင်မျိုးကို ဖြစ်ပေါ်စေသည်။
မည်သို့သော စက်မျိုးကို စက်ရုပ်အဖြစ်သတ်မှတ်နိုင်သည် ဆိုသော အချက်ကို ဆွေးနွေးငြင်းခုံနေဆဲဖြစ်သော်လည်း ပုံမှန်အားဖြင့် စက်ရုပ်သည် အောက်ပါအချက်အလက်များထဲမှ အကုန်လုံးမဟုတ်စေကာမူ အချို့သောအချက်အလက်များဖြင့် ကိုက်ညီသင့်သည်။
စက်ရုပ်နှင့် ပတ်သက်၍ တသမတ်တည်းရှိသော အမြဲတမ်းမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသော်လည်း အောက်ပါအချက်အလက်များထဲမှ အချို့ သို့မဟုတ် အကုန်လုံးသော အချက်အလက်များဖြင့် ကိုက်ညီသင့်သည်။
စက်ရုပ်ဆိုရာတွင် လူ၊ ခွေး စသည့် သက်ရှိတစ်မျိုးမျိုးနှင့် နီးစပ်စွာတူညီနေရမည်ဟု အထင်ရှိတတ်ကြသော်လည်းထိုသို့မဟုတ်ပါ။ စက်မှုလုပ်ငန်းသုံးစက်ရုပ်အများစုမှာ လုပ်ငန်းခွင်များတွင် အဆင်ပြေချောမွေ့စွာ အလိုအလျောက် ထိန်းသိမ်းလုပ်ဆောင်နိုင်ခြင်း စွမ်းရည်ပါရှိသော စက်လက်တုများဖြစ်ပြီး ထုတ်ကုန်ကိုတွင်ကျယ်စွာ ထုတ်ပေးနိုင်ရေးအတွက် အလျဉ်းသင့်သလို တည်ဆောက် ထားကြရသည်။ ထို့အပြင် ရူပဗေဒ၊ ဓာတုဗေဒ စမ်းသပ်မှုများ၊နယူကလိယား ကဲ့သို့သော လူသားတို့အတွက် အန္တရာယ်ရှိစေနိုင်သည့် လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။
လူသားတို့သည် အစစ်နှင့်ခွဲခြားမရအောင်တူညီပြီး သာလွန်သောစွမ်းရည်အချို့ပါဝင်သည့် ယန္တယားစက်ရုပ်အမျိုးမျိုး (စက်လူရုပ်၊ စက်ဆင်ရုပ်၊ စက်မြင်းပျံ) စသည်တို့ကို တီထွင် ခိုင်းစေအသုံးခြနိုင်ရန် ရှေးအခါကပင်မြှော်လင့်ချက်ရှိခဲ့ကြသည်။ ခေါမတိုင်း၊ ရောမတိုင်း ဌာနီများတွင် (မဟာဘူတ) ယန္တယားနည်းပညာများ စကောမ စသည့်ဆန်းပြားသော အလိုအလျောက်လှုပ်ရှားနိုင်သည့် ယန္တယားနည်းပညာရပ်များကို စီရင်နိုင်သူ တတ်မြောက်ကျွမ်းကျင်သူတို့ရှိကြပြီး အလွန်သိုသိပ်လျှို့ဝှက်စွာနေထိုင်ကြသည်ဟု အယူရှိသည်။
စက်ရုပ်ဟု သိထားကြသည့် Robot စကားလုံးကို ၁၉၂ဝ-ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားလူမျိုး စာရေးဆရာ Karel Capek, R.U.R သည် သူရေးသားသည့် Rossum’s Universal Robots ပြဇာတ်ဇာတ်လမ်းတွင်စတင် သုံးနှုန်းခဲ့သည်။ ၎င်းသည် Robota' ဆိုသော စကားလုံးမှ ဆင်းသက်လာ၍ ချက်ဘာသာစကားအရ အလုပ်ကို ငြီးငွေ့ဖွယ် တကုပ်ကုပ် လုပ်နေရသူ (သို့မဟုတ်) မြေကျွန်တစ်ဦး၏ အလုပ်များ ဖြစ်ပြီး စလိုဗက်ခ်ဘာသာစကားအရ အလုပ် ဖြစ်သည်။ ၎င်းဇာတ်လမ်းသည် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ရိုဘော့သည် ခေတ်သစ် စကားအရ အလိုအလျောက် အလုပ်လုပ်နိုင်သော စက်ရုပ် ဖြစ်သည်။
စက်ရုပ်အသုံးပြုမှုမှာ အကြမ်းအားဖြင့် အာရှတိုက်တွင် ကမ္ဘာ့စက်ရုပ်များအာလုံး၏တစ်ဝက်ခန့်၊ဥရောပတိုက်တွင် ၃၂% ၊မြောက်အမေရိကတိုက်တွင် ၁၆% ၊ဩစတေးလီးယားတွင် ၁% နှင့် အာဖရိကတွင် ၁% ခန့် ရှိကြသည်။ ဂျပန်နိုင်ငံရှိ စက်ရုပ်များမှာ တစ်ကမ္ဘာလုံးတွင် ရှိသော စက်ရုပ်များ၏ ၃၀% ခန့်ပင်ရှိသည်။ ဆိုလိုသည်မှာ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများထက် ဂျပန်နိုင်ငံမှာ စက်ရုပ်များ ပိုမိုပိုင်ဆိုင်ခြင်းဖြစ်သည်။ အမှန်တကယ်လည်း ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ စက်ရုပ်လောကတွင် ဦးဆောင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ စက်ရုပ်မြို့တော် ဖြစ်သည်ဟု ဂျပန်များက ပြောဆိုကြသည်။
ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတွင် နောင်တွင် စက်ရုပ်များ၏ အတွေးအခေါ်များက တိုးမြင့်အောင် ဆောင်ရွက်လိုကြသည်။ တရုတ်နိုင်ငံသည် စက်ရုပ်နည်းပညာတိုးတက်မှုမှာ အမေရိက၊ ဥရောပတိုက်တို့ထက် နောက်ကြသော်လည်း ဂျပန်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံတို့၏ စက်ရုပ် တိုးတက်ထုတ်လုပ်ရေးအပေါ် ရိုးသားစွာ မြင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ အရှေ့အာရှတွင် (ဂျပန်၊တောင်ကိုရီးယား၊ တရုတ် ) တို့တွင် စက်ရုပ်များသည် လူတို့ကဲ့သို့ အသိဉာဏ်ရှိ၍ သက်ကြီးရွယ်အိုများအား ကူညီနိုင်မည်၊ ကလေး သူငယ်များဖြင့် ကစားနိုင်မည် သို့ ကလေးသူငယ်များအား သင်ပြထိန်းကြောင်းနိုင်မည် အစရှိသည် တို့ကို ပြုလုပ်နိုင်လာသည်အထိ တိုးတက်လာလိမ့်မည်ဟု ယုံကြည်ကြသည်။
သို့သော် အနောက်နိုင်ငံများကမူ ဆန့်ကျင်ဘက် ဖြစ်နေကြသကဲ့သို့ ရှိသည်။၎င်းတို့၏ အယူအဆမှာ နောင်တွင် စက်ရုပ်များသည် လူသားများနေရာတွင် အစားထိုးနေရာယူလာမည် ဟူသော အတွေးများအား ရုပ်ရှင်၊ စာအုပ်များကဲ့သို့သော မီဒီယားများမှ တဆင့် ဖော်ပြနေကြသည်။ လေ့လာစောင့်ကြည့်သူအချို့က လူသားများ၏အနာဂတ် အား စက်ရုပ်များက ခြိမ်းခြောက်လာနိုင်သည့်ဟု ယူဆကြသည်။
This article uses material from the Wikipedia မြန်မာဘာသာ article စက်ရုပ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.