ခတ္တမန္ဒုမြို့: နီပေါနိုင်ငံ၏ မြို့တော်

ခတ္တမန္ဒုမြို့(/ˌkætmænˈduː/; နီပေါ: काठमाडौं, တမ်းပလိတ်:Lang-new Yei, Nepali pronunciation: )သည် နီပေါနိုင်ငံ၏မြို့တော်ဖြစ်သည်။ နီပေါနိုင်ငံ၏ အကြီးဆုံး မီသရိုပိုလစ်ဧရိယာဖြစ်ပြီး မြို့တော်နယ်နိမိတ်တွင် လူဦးရေ ၁.၅ မီလီယံ နေထိုင်ကြပြီး ခတ္တမန္ဒုတောင်ကြားတလျှောက် မြို့ပြဧရိယာတစ်လျှောက်တွင် လူဦးရေ ၃ သန်းကျော်ရှိသည်။ ဟိမဝန္တာတောင်တန်းဒေသတွင် ခတ္တမန္ဒုမြို့သည် အကြီးဆုံးသော မြို့ပြဖြစ်လေသည်။ နေထိုင်သူများသည် နေပါလီဘာသာစကားကို အများဆုံးပြောဆိုကြပြီး မြို့တော်ရှိ ပညာတတ်များသည် အင်္ဂလိပ်ဘာသာစကားကိုလည်း နားလည်ကြသည်။

မြို့တော်သည် နီပေါနိုင်ငံအလယ် ခတ္တမန္ဒုတောင်ကြား၏ ဇလုံသဏ္ဌာန် ချိုင့်ဝှမ်းတွင် တည်ရှိသော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် ခန့်မှန်း {{convert|1400|m|ft|lk=out|abbr=off} အမြင့်တွင် တည်ရှိသည်။ သမိုင်းတွင် ထိုတောင်ကြားကို " နီပေါမန္တလ"ဟုခေါ်ပြီး ဟိမဝန္တာတောင်ခြေရှိ အမျိုးမျိုးသော လူယဉ်ကျေးမှုအဖွဲ့အစည်းတို့၏ နေဝါယဉ်ကျေးမှုထွန်းကားရာ မူလနေရာလည်း ဖြစ်သည်။ မြို့တော်သည် နီပေါဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ပြီး အထက်တန်းလွှာ မင်းစိုးရာဇာတို့၏ နန်းတော်များ၊ အိမ်တော်ကြီးများနှင့် ဥယျာဉ်များလည်း တည်ရှိသည်။ ထို့ပြင် ၁၉၈၅ ခုနှစ်ကတည်းကပင် တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ရုံးချုပ် တည်ရှိရာ မြို့လည်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သော နီပေါသမ္မတနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့လည်းဖြစ်ပြီး နီပေါအုပ်ချုပ်ရေးဒေသ အမှတ် ၃ ပြည်နယ်တွင် တည်ရှိသည်။

ခတ္တမန္ဒုသည် ယခုရော ယခင်နှစ်ပေါင်းများစွာကပင် နီပေါသမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့၏ ဗဟိုချက်ချာ ဖြစ်ခဲ့သည်။ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများအကြား မတူကွဲပြားသော လူမျိုးစုတို့ နေထိုင်ကြသည်။ ထို့ပြင် နေဝါလူမျိုးတို့၏ မူလနေထိုင်ရာလည်း ဖြစ်သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုပွဲတော်များသည် ခတ္တမန္ဒုတွင် နေထိုင်ကြသော လူများမှ ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် စီပွားရေး အဓိကအစိတ်အပိုင်းဖြစ်ခဲ့ပြီး TripAdvisor ဝက်ဘ်ဆိုဒ်၏ အဆိုအရ ကမ္ဘာပေါ်တွင် ခရီးသွားလိုမှု အများဆုံး ၁၀ နေရာတွင် တတိယအဆင့်တွင် ရှိခဲ့ပြီး အာရှတွင် နံပါတ် ၁ အဆင့်တွင် ရပ်တည်ခဲ့သည်။ ခတ္တမန္ဒုမြို့တော်သည် ဟိမဝန္တာတောင်တန်းသို့ သွားရာ ဝင်ပေါက်သဖွယ်ဖြစ်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု ရှိရာ ဒေသလည်းဖြစ်သည်။ ထို့ပြင် မြို့တော်တွင် လောင်းကစားရုံ ၇ ရုံလည်း ရှိသည်။ ထိုကလပ်တို့သည် လူရမ်းကားတို့ ဖြစ်ထွန်းရာ အရင်းအမြစ်လည်း ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မာ့ရှ်မဲလို၏ ရှိုးပွဲတွင် စီစဉ်ထားသည့်ထက် လက်မှတ်အလွန်အကျွံရောင်းချခဲ့မှုဖြင့် ကလပ်လုပ်ကိုင်သူတို့ကို ဖမ်းဆီးခဲ့သေးသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ၇.၈ မဂ္ဂနီကျူရှိပြင်းအားရှိသည့် ငလျင်ကြောင့် ခတ္တမန္ဒုရှိ သမိုင်းဝင်နေရာများ ပျက်စီးခဲ့ရပြီး ယခုအခါ ပြန်လည်ဆောက်လုပ်လျက်ရှိဆဲပင်ဖြစ်သည်။

ကိုးကား


Tags:

ခတ္တမန္ဒုတောင်ကြားနီပေါနိုင်ငံဝီကီပီးဒီးယား:IPA for Englishဟိမဝန္တာ တောင်တန်းအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆေးခြောက်ပင်ရသထွေးလေးဓဇဂ္ဂသုတ်ရှမ်းပြည်တပ်မတော်-တောင်ပိုင်းအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ဩစတြေးလျတိုက်ခေါင်းပေါင်းလိင်စိတ်ဆွခြင်းမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေငှက်ပျောနိဗ္ဗာန်အာဇာနည် ခေါင်းဆောင်ကြီးများမုံရွာမြို့ဣန္ဒြေရာသီခွင်တက္ကသိုလ်ဘုန်းနိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရွှေမော်ဓောဘုရား(ပဲခူး)ဝိနည်းဘုရား (ဗုဒ္ဓဘာသာ)သက်ရှိကိုယ်ဝန်ဆောင်ခြင်းမြန်မာနိုင်ငံ၏ စီးပွားရေးမြန်မာနိုင်ငံ၏ ပညာရေးပညာရေးဝန်ကြီးဌာနဗဒင်နွားနောက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အာရှနေပြည်တော် ပြည်ထောင်စုနယ်မြေပြင်သစ်နိုင်ငံမြန်မာပိတောက်စိတ်ချရသော လိင်ဆက်ဆံမှုစကားထာကာကွယ်ရေးဦးစီးချုပ်(ရေ)တွံတေးသိန်းတန်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့စံကားဝါမောင်သာချိုမြစ်ကြီးနားမြို့နယ်အင်္ဂလိပ်-မြန်မာ စစ်ပွဲများသီတင်းကျွတ်လပြည့်နေ့မှန်နန်း ရာဇဝင်ကင်းလိပ်ချောသမုဒ္ဒရာငါးရာငါးဆယ်ဇာတ်တော်များစာရင်းကင်ဂိုအွန်အာရှနိုင်ငံများအဆိပ်ပင်များသန်လျင်မြို့ည (ရုပ်ရှင်)သစ္စာပျူမြို့ပြနိုင်ငံများထန်းပင်မင်္ဂလာတရား ၃၈-ပါးမွန်ပြည်နယ်အိုမန်နိုင်ငံကင်ဆာရောဂါလူ၏ အရိုးဖွဲ့စည်းပုံကဗျာလင်္ကာနပိုလီယန်ချင်းတွင်းမြစ်ဂျီသရီးရိုင်ဖယ်မြစေတီကျောက်စာသုတ္တန်ပိဋကတ်ပုပ္ပါးတောင်ကလပ်ပီမိုးနင်းပုဂံစောမောင် (ဗိုလ်ချုပ်မှူးကြီး)ငါးရာ့ငါးဆယ် နိပါတ်တော်ဗမာလူမျိုးသရေခေတ္တရာဘုရင့်နောင်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းစိန်ပြောင်း🡆 More