ကျုံး

ကျုံးမှာ ရှေးဘုရင်တို့၏ မြို့တော်များအတွင်းသို့ ရန်သူ များ အလွယ်တကူ မဝင်ရောက်နိုင်စေရန် မြို့ရိုးတံတိုင်း၏ ပြင်ဖက်တွင် ပတ်လည်ဝန်းရံ၍ ပြုလုပ်ထားသော အတားအဆီး မြောင်းကြီးဖြစ်သည်။ ပါဠိဘာသာဖြင့် ပရိခါ ဟုခေါ်သည်။ (ပရိ-ထက်ဝန်းကျင်၊ ခါ- တူးအပ်သည်။)

ကျုံး
မန္တလေး နန်းမြို့ရိုးနှင့် ရေကျုံး

ကျုံး

ကျုံးမှာ ၃ မျိုးရှိသည်။ ယင်းတို့မှာ ရေကျုံး၊ ညွန်ကျုံး၊ အခြောက်ကျုံးတို့ ဖြစ်သည်။ မြို့တော်များတွင် ဆိုခဲ့သည့် ကျုံး ၁ မျိုးဖြစ်စေ၊ ၂ မျိုးဖြစ်စေ၊ ၃ မျိုးဖြစ်စေ၊ စီမံထားရှိ ကြသည်။ မြို့ရိုးတံခါးများတွင် ထိုကျုံးတို့ကို ကူးဖြတ်ရန် တံတားငယ်များ ထားရှိ၍ ထိုတံခါးပေါက်ကို ခိုင်လုံစွာ စောင့်ရှောက်ကြရသည်။ တံခါးမရှိသောနေရာတွင်ကား ကျုံးများကို ရန်သူက အလွယ်တကူ မဖြတ်ကူးနိုင်သဖြင့် စောင့်ကြပ်ကာကွယ်ရန် များစွာတာဝန်မရှိဘဲ၊ မြို့ရိုးပေါ်ရှိ သူရဲခို၊ ပြအိုး စသည်တို့၌ အစောင့်ချထားရုံသာလိုသည်။ အချို့မြို့ရိုးများတွင် ကျုံးကူး တံတားကို အရေးရှိလျှင် လွယ်ကူစွာ ဖျက်နိုင် ဖြုတ်နိုင်အောင်လည်း စီရင်ထားတတ် ကြသည်။

ရေကျုံး

ရေကျုံးမှာ ရန်သူစစ်သည် ဆင်မြင်းတို့ အလွယ်တကူ မကူးနိုင်အောင် ကျယ်ပြန့်စွာပတ်၍ တူးဖောက်ထားသည့်ကျုံး ဖြစ်သည်။ ရေအောက်တွင်လည်း ဆူးငြောင့်ခလုတ်များနှင့် မိကျောင်း၊ လင်းပိုင် အစရှိသော အန္တရာယ်ပြုတတ်သည့် ရေသတ္တဝါများကို ထည့်သွင်းထားတတ်သည်။ ရေပြင်၌ကား အမြင်တင့်တယ်အောင် ကြာမျိုး ၅ ပါး စိုက်ပျိုးထားသည်။ ညွန်ကျုံးမှာ ရန်သူစစ်သည် ဆင်မြင်ရထားတို့ ဖြတ်ကူး လျှင် နစ်ကျွံနေလေအောင် တူးဆွရေသွင်း၍ ရွံ့ညွန်များ ဖြစ် အောင် စီရင်ထားသော ကျုံးဖြစ်သည်။ ညွန်၏အစောက်မှာ အလွန်နက်အောင် ပြုလုပ်ထားသဖြင့် ထိုညွန်၌ ကျုံးမိသူများမှာ ရုန်းထွက်ရန် ခက်ခဲသည်။

အခြောက်ကျုံး

အခြောက်ကျုံးမှာ ရေမတင် ညွန်မတင်သော မြေလွတ် တွင် ရန်သူစစ်သည် ဆင်မြင်းရထားတို့ ဖြတ်ကျော်လျှင် ထိုခိုက်ပြိုလဲလေအောင် ဆူးချွန် ငုတ်ချွန်ငြောင့်၊ ခလုတ်၊ တွင်းချိုင့် စသည်တို့ဖြင့် စီမံထားသောကျုံး ဖြစ်သည်။ ကျုံး ၃ ရပ် အနက် ရှေးမြန်မာဘုရင် မြို့တော်ဟောင်း များတွင် အများအားဖြင့် ရေကျုံးကိုသာ ပြုလုပ်စီရင်ထားလေ့ ရှိသည်။ ဇာတ်နိပါတ်တော်များ၌သာ အခြောက်ကျုံး ညွန်ကျုံး စသည်တို့ကို ပြုလုပ်တတ်ကြောင်း ဖော်ပြပါရှိ သည်။ မြို့တော် ဟောင်းနေရာများတွင် အုတ်မြို့ရိုး ပတ်လည်တို့၌ ကော၍ ရေခန်းခြောက်နေသော ရေကျုံး ဟောင်းချိုင့်ဝှမ်းကြီးများကို တွေ့မြင်ရလေ့ရှိသည်။ မန္တလေးမြို့ နန်းတော်အုတ်မြို့ရိုး ပတ်လည်တွင် ယခုထက်တိုင် ရေကျုံးထင်ရှား တွေ့မြင် ရသေးသည်။

ကိုးကား

Tags:

ကျုံး ကျုံး ရေကျုံး အခြောက်ကျုံး ကိုးကားကျုံး

🔥 Trending searches on Wiki မြန်မာဘာသာ:

အကြည်တော်ဆင်ဘုရင့်နောင်ရှားစောင်းလက်ပတ်ပင်မေတ္တေယျဘုရားနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ရွှေအိမ်သည်ရဲဘော်သုံးကျိပ်အင်းတော်ကြီးသမိုင်းဘီလူးထိုင်းနိုင်ငံရှင်စောပုခြူးလေးစာစီစာကုံးပြင်သစ်နိုင်ငံမြန်မာနိုင်ငံ ရေနံလုပ်ငန်းခန္ဓသုတ်ကင်းခြေများသီပေါမင်းဂုဏ်ဆယ်ပါးနှလုံးသွေးကြောကျဉ်းရောဂါတိုင်းစစ်ဌာနချုပ်ပင့်ကူမြထွန်းဦးဗမာပြည် ကွန်မြူနစ်ပါတီယူနိုက်တက်ကင်းဒမ်းနိုင်ငံပတ္တမြားဗီယက်နမ်နိုင်ငံကျိုက်ထီးရိုးဘုရားမကွေးတိုင်းဒေသကြီးဆောက်လုပ်ရေး ဝန်ကြီးဌာနအာရှသံဃာဒိသိသ်အာပတ်ဖားချစ်ဦးညိုသိန်း၊ ဆရာ၊ မှော်ဘီလား (တိရစ္ဆာန်)ကော့ကရိတ်မြို့ရဲယိုပင်ဓူဝံကြယ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းသင်္ဂါယနာမွန်ပြည်နယ်ကျောက်ခေတ်ဗီ (အဆိုတော်)လိင်စိတ် နိုးထခြင်းကုန်းဘောင်မင်းဆက်မြန်မာသင်ပုန်းကြီးဘီယာမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းကနောင်မင်းသားရွှေဥဒေါင်းပိဋကတ် သုံးပုံသီတဂူဆရာတော်မြန်မာနိုင်ငံ၏ လူဦးရေစက္ကူပန်းငပလီကမ်းခြေတရုတ်သမိုင်းအမေရိကန်ပြည်ထောင်စု၏ အလံတော်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးဓာရဏပရိတ်နွားဆော်ဒီအာရေဗျနိုင်ငံလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဂျပန်ယန်းငွေဒုလ္လဘတရားငါးပါးအနေကဇာတင်ခြင်းပရိတ်ကြီး ၁၁ သုတ်ပန်းမြဝတီမြို့မင်းတုန်းမင်းအင်းတော်ကြီးကန်🡆 More