Gansu (ကူညီ·ချက်လက်) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။
ကန်းစုပြည်နယ် Gansu Province | |||||||||
| |||||||||
အတိုကောက်အမည်: 甘 or 陇/隴 (pinyin: Gān or Lǒng) | |||||||||
အမည်ရင်းမြစ် | 甘 gān - (ကန်းကျိုးခရိုင်) 肃 sù - (စုကျိုးခရိုင်) | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | လန်ကျိုးမြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | လုဟောင် | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | လျိုဝေဖျင် | ||||||||
ဧရိယာ | ၄၅၄,၀၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | 32° 36' to 42° 48' N | ||||||||
- လောင်ဂျီကျု | 092° 46' to 108° 43' E | ||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု | ၂၅,၅၇၅,၂၅၄ (၂၂) ၇၃ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း | ယွမ်ငွေ ၄၁၁.၉ ဘီလီယံ (US$ ၆၀.၈ ဘီလီယံ) (၂၇) CNY ၁၂,၈၃၆ (၃၀) | ||||||||
HDI (၂၀၀၈) | ၀.၇၀၅ (medium) (၂၉) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန့်လူမျိုး - 91% ဟွေလူမျိုး - 5% တုန်းရှန်းလူမျိုး - 2% တိဘက်လူမျိုး - 2% | ||||||||
ဒေသသုံးဘာသာစကားများ | တရုတ်ဘာသာစကား၊ တိဘက်ဘာသာစကား | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၁၄ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၈၆ ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၃၄၄ ခု | ||||||||
ISO 3166-2 | CN-62 | ||||||||
အင်တာနက် စာမျက်နှာ http://www.gansu.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004 ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
တိဘက်ကုန်းပြင်မြင့် နှင့် ဟွမ်းထူကုန်းပြင်မြင့်များ အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်၊ ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြစ်ဝါမြစ်သည် ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။
၂၀၀၉ခုနှစ်စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြသည်။ မြို့တော်မှာ လန်ကျိုးမြို့ ဖြစ်ပြီး ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ကန်းစုပြည်နယ်ကို အတိုကောက်အားဖြင့် ကန်း ("甘" Gān) သို့မဟုတ် လုံ ("陇" Lǒng) ဟု ခေါ်ဆိုသည်။ တရုတ်ဘာသာစကားအရ လုံဟူသည်မှာ နဂါး ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် နဂါးတောင်တန်း ခေါ် လုံတောင်တန်း တည်ရှိသောကြောင့် ကန်းစုပြည်နယ်ကို နဂါးနောက်ပြည်နယ်၊ နဂါးညာဘက်ပြည်နယ်ဟုလည်း ခေါ်ဆိုကြသည်။
ကန်းစုပြည်နယ်ကို ခရိုင်ကြီးအဆင့်စုစုပေါင်း (၁၄)ခု ခွဲခြားထားသည်။
Map | စဉ် | ရုံးစိုက်ရာမြို့ | တရုတ်စာဖြင့် | ဖျင်းယင်းဖြင့် | ခရိုင်ကြီးအမည် | လူဦးရေ (၂၀၁၀) |
---|---|---|---|---|---|---|
— ခရိုင်ကြီးများ — | ||||||
1 | ကျိုချွမ်မြို့ | 酒泉市 | Jiǔquán Shì | စုကျိုးခရိုင် | 1,095,947 | |
2 | ကျားယွိကွမ်းမြို့ | 嘉峪关市 | Jiāyùguān Shì | ကျားယွိကွမ်းခရိုင် | 231,853 | |
3 | ကျန်းယဲ့မြို့ | 张掖市 | Zhāngyè Shì | ကန်းကျိုးခရိုင် | 1,199,515 | |
4 | ကျင်းချောင့်မြို့ | 金昌市 | Jīnchāng Shì | ကျင်းချောင့်ခရိုင် | 464,050 | |
5 | ဝူးဝေမြို့ | 武威市 | Wǔwēi Shì | လျန်ကျိုးခရိုင် | 1,815,054 | |
6 | ပိုင်ယင်းမြို့ | 白银市 | Báiyín Shì | ပိုင်ယင်းခရိုင် | 1,708,751 | |
7 | လန်ကျိုးမြို့ | 兰州市 | Lánzhōu Shì | ချင်ကွမ်းခရိုင် | 3,616,163 | |
10 | တင့်ရှီးမြို့ | 定西市 | Dìngxī Shì | အန်းတင့်ခရိုင် | 2,698,622 | |
11 | လုံးနန်မြို့ | 陇南市 | Lǒngnán Shì | ဝူတုခရိုင် | 2,567,718 | |
12 | ထျန်းရွှေမြို့ | 天水市 | Tiānshuǐ Shì | ချင်းကျိုးခရိုင် | 3,262,548 | |
13 | ဖျင်းလျန်မြို့ | 平凉市 | Píngliàng Shì | ခုံးထုံခရိုင် | 2,068,033 | |
14 | ချင်းယန်မြို့ | 庆阳市 | Qìngyáng Shì | ရှီးဖွင်းခရိုင် | 2,211,191 | |
— ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကြီးများ — | ||||||
8 | လင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် | 临夏回族自治州 | Línxià Huízú Zìzhìzhōu | လင်ရှမြို့ | 1,946,677 | |
9 | ကန်းနန် တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် | 甘南藏族自治州 | Gānnán Zāngzú Zìzhìzhōu | ဟဲဇော့ | 689,132 |
ကန်းစုပြည်နယ်တွင် လူဦးရေ ၃၀,၇၁၁,၂၈၇ ယောက် နေထိုင်ကြသည်။ ၇၃% ခန့်မှာ ကျေးလက်တွင် နေထိုင်ကြသည်။ လူမျိုးအနေဖြင့် ဟန့်တရုတ်လူမျိုး (၉၂%) ရှိပြီး အခြားလူမျိုးများမှာ ဟွေလူမျိုး၊ တိဘက်လူမျိုး၊ တုန်းရှန်းလူမျိုး၊ ထူလူမျိုး၊ မန်ချူးလူမျိုး၊ အူရ်ဂါလူမျိုး၊ ယူဂါလူမျိုး၊ ပေါနန်လူမျိုး၊ မွန်ဂိုလူမျိုး၊ ဆာလာလူမျိုး နှင့် ကာဇက်လူမျိုး များနေထိုင်ကြသည်။ ရှေးယခင်က ဟွေလူမျိုး ပန်းသေးတရုတ် (မူဆလင်များ) အများအပြားနေထိုင်ခဲ့ကြသည်။
အများစုသည် မြောက်ပိုင်းတရုတ်စကား (Mandarin Chinese) မူကွဲများကိုပြောဆိုကြသည်။ နယ်ခြားဒေသများတွင် ထူ၊ အန်ဒိုတိဘက်၊ မွန်ဂို နှင့် ကာဇက် ဘာသာစကားများကို ပြောဆိုကြသည်။ ယင်းတိုင်းရင်းသားများသည် တရုတ်စကားကိုလည်း ပြောဆိုနိုင်ကြသည်။
အဓိကအစားအသောက်မှာ ဒေသထွက် ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ နှင့် လူး၊ ဆပ်များ ဖြစ်ကြသည်။ ကန်းစုပြည်နယ်သည် ယင်း၏ လားမြန့်ခေါ် လက်ဆွဲခေါက်ဆွဲ (pulled noodles) ကြောင့် အထူးထင်ရှားသည်။ မူဆလင်စားသောက်ဆိုင်များ (Muslim restaurants) မှာ သိုးသား၊ ဆိတ်သား စသည့် စားသောက်ဖွယ်ရာများ ရနိုင်သည်။
အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြသည်။ ကူမင်တန်အစ္စလာမ္မစ်ပုန်ကန်မှု (Kuomintang Islamic insurgency in China (1950–1958) သည် တရုတ်ပြည်တွင်းစစ်၏ အဆက်ဖြစ်သည်။ ဗုဒ္ဓယဉ်ကျေးမှု အနုလက်ရာများလည်း တွေ့ရသည်။ တွန်းဟွမ်သည် အလယ်ခေတ်မှ ထင်ရှားသော ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်ခဲ့သည်။
ကန်းစုပြည်နယ်၊ ဂိုဘိသဲကန္တာရအတွင်းရှိ ကျိုချွမ်မြို့တွင် ကျိုချွမ်အာကာသယာဉ်ပစ်လွှတ်စခန်း (Jiuquan Satellite Launch Center) တည်ရှိသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကန်းစုပြည်နယ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.