ကန့်ဘလူခရိုင်

ကန့်ဘလူခရိုင် (အင်္ဂလိပ်: Kanbalu District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကန့်ဘလူမြို့ဖြစ်သည်။

ကန့်ဘလူခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကန့်ဘလူခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကန့်ဘလူခရိုင်
ကန့်ဘလူခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 23°20′N 95°51′E / 23.333°N 95.850°E / 23.333; 95.850 95°51′E / 23.333°N 95.850°E / 23.333; 95.850
နိုင်ငံကန့်ဘလူခရိုင် မြန်မာ
တိုင်းဒေသကြီးကန့်ဘလူခရိုင် စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ကန့်ဘလူမြို့
လူဦးရေ (၂၀၁၄)၃၉၉,၆၄၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်​သောမြို့နယ်များ

ကန့်ဘလူခရိုင် 
ကန့်ဘလူခရိုင်မြို့နယ်များ
  ကန့်ဘလူမြို့နယ်
  ကျွန်းလှမြို့နယ်

ကန့်ဘလူခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်း​ကြောင်း

ယခင်က ရွှေဘိုခရိုင်တွင် ပါဝင်သော ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တို့ကို ခွဲထုတ်ကာ ကန့်ဘလူခရိုင်အဖြစ် အသစ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပထဝီဝင်အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းတွင် တည်ရှိသည်။

နယ်နိမိတ်

ကန့်ဘလူခရိုင်၏ အရှေ့ဘက်တွင် မန္တလေးတိုင်းမှ သပိတ်ကျင်းခရိုင်၊ တောင်ဘက်တွင် ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၊ အနောက်ဘက်တွင် ရေဦးခရိုင်၊ မော်လိုက်ခရိုင်နှင့် ကလေးခရိုင်၊ မြောက်ဘက်တွင် ကောလင်းခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ကန့်ဘလူခရိုင်သည် တောင်တန်းနှင့် မြေပြန့်ရောနှောတည်ရှိသည်။ ခရိုင်အရှေ့ဘက်တွင် မင်းဝံတောင်တန်း တည်ရှိသည်။ ခရိုင်၏အနောက်ဘက်ခြမ်းတွင် ဇီးဖြူတောင်တန်း တည်ရှိသည်။

ရေဆင်း

ကန့်ဘလူခရိုင်၏ အရှေ့ဘက်ခြမ်းနေရာအနည်းငယ်တွင် ဧရာဝတီမြစ် စီးဆင်းနေသည်။ ကျွန်းလှမြို့နယ်တွင် သဖန်းဆိပ်ဆည်ကြီးတည်ရှိကာ ချောင်းငယ်များသည် ထိုဆည်၏ရေဝပ်ဧရိယာအတွင်း စီးဝင်ကြသည်။ ထိုဆည်မှနေ၍ မူးမြစ်သည် ဆက်လက်စီးဆင်းသည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းကောက်ခံချိန်တွင် ကန့်ဘလူခရိုင်ကို ဖွဲ့စည်းထားခြင်းမရှိသေးဘဲ ရွှေဘိုခရိုင်လက်အောက်တွင်သာ ရှိသေးသည်။ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၏ လူဦးရေမှာ (၃၉၉,၆၄၈) ဖြစ်သည်။ မြို့ပြနေလူဦးရေ (၃၇,၁၇၀)ဦးရှိသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၃၉၉၆၄၈—    
Source: ၂၀၁၄ သန်းခေါင်စာရင်း

စီးပွားရေး

ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ခရိုင်ဖြစ်သည်။ ခရိုင်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတို့ကို အဓိကထုတ်လုပ်ပြီး မန္တလေးမြို့သို့ တင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး

ရွှေဘို-မြစ်ကြီးနားကားလမ်းသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားသည်။ ထို့အပြင် မန္တလေး- မြစ်ကြီးနားရထားလမ်းလည်း ဖြတ်သန်းသွားသည်။ မူးမြစ်အတွင်း ရေကြောင်းခရီးသွားလာနိုင်သည်။

ကိုးကား


Tags:

ကန့်ဘလူခရိုင် ပါဝင်​သောမြို့နယ်များကန့်ဘလူခရိုင် သမိုင်း​ကြောင်းကန့်ဘလူခရိုင် ပထဝီဝင်အနေအထားကန့်ဘလူခရိုင် လူဦးရေကန့်ဘလူခရိုင် စီးပွားရေးကန့်ဘလူခရိုင် ပို့ဆောင်ဆက်သွယ်ရေးကန့်ဘလူခရိုင် ကိုးကားကန့်ဘလူခရိုင်ကန့်ဘလူစစ်ကိုင်းတိုင်းဒေသကြီးအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဖော်ကာဥဩစိုင်းစိုင်းခမ်းလှိုင်မြွေလင်းသိုက်ညွန့် (မြန်မာ့မြေ)မိုးကုတ်မြို့သစ်တောပုညခင်ပြင်ဦးလွင်မြို့နယ်ကြွက်တက်ခြင်းကျောက်ခေတ်ကျိုက်ထီးရိုးဘုရားမြိတ်မြို့ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံထူးအိမ်သင်စိုးလွင်လွင်ကျောက်ချဉ်ဘားအံမြို့ဗမာလူမျိုးလက္ခဏာဗေဒအင်းဝမင်းဆက်စာရင်းအင်း ပညာဂူဂယ် ခရုမ်းကျေးရွာအုပ်စုဩစတြေးလျနိုင်ငံအာဇာနည် ခေါင်းဆောင်ကြီးများမြင်းမြဝတီမြို့နယ်သရေခေတ္တရာမောရသုတ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုထားဝယ်လူမျိုးမကွေးတိုင်းဒေသကြီးမြန်မာစာပေခြင်းလုံးစံပယ်ပန်းသရဲအကြည်တော်နန်းမတော်မယ်နုအစ္စရေးနိုင်ငံကျိုက်ထိုမြို့ခေါင်းကိုက်ခြင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးမေတ္တသုတ်သျှင်မဟာ သီလဝံသမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဂူဂယ်သစ္စာအောင်လအန်ဆန်းစိုင်းထီးဆိုင်ဗဟိုစာမျက်နှာဘုရားမြင်းခွာပင်ငါးရာ့ငါးဆယ် နိပါတ်တော်မစ်(ဂ်)-၂၉ဆိုရိုးစကားလေယာဉ်ပျံနန်းကြီးသုပ်မန္တလေးမြို့အာဆီယံထိပ်သီးအစည်းအဝေးမထိုးသွင်းသော လိင်ဆက်ဆံခြင်းပိဋကတ် သုံးပုံဒဿနိကဗေဒတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များ၃၈ ဖြာ မင်္ဂလာသောကြာဂြိုဟ်အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပညာရေးဝန်ကြီးဌာနငသိုင်းချောင်းမြို့အပ္ပမာဒကံ့ကော်ပင်ဘန်နီဖြိုးမောင်းမကန်ကမ်းခြေမြန်မာနိုင်ငံရှိ ပွဲတော်များအကုသလကမ္မပထဆယ်ပါးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဓမ္မရံကြီးဘုရား🡆 More