နန်းကြီးသုပ်

နန်းကြီးသုပ် ခေါ် မန္တလေးမုန့်တီသုပ် သည် ဆန်ဖြင့်လုပ်ထားသောမုန့်ဖတ်ကို ကြက်သား၊ ဆီချက် (ဆီနီ/ဆီဝါ)၊ ပဲကျက်မှုန့်၊ မုန်ကြွပ်အကြော်၊ ကြက်ဥပြုတ်ခြမ်း၊ငရုတ်သီးမှုန့်၊ ငံပြာရည်၊ နံနံပင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး စသည်တို့ဖြင့်သုပ်ထားပြီး ဟင်းချိုရည်တွဲဖက်စားသောက်ရသော မြန်မာ့အစားအစာ မန္တလေးရိုးရာအသုပ်ဖြစ်သည်။ မန္တလေး၌ နန်းကြီး၊ နန်းလတ်၊ နန်းသေး သုံးမျိုး နှစ်သက်ရာရွေးစားကြရသည်။ ရန်ကုန်နှင့် အောက်ပြည်၌ ပြုလုပ်ရောင်းချသော နန်းကြီးသုပ်မှာ နန်းကြီးမဟုတ်ဘဲ နန်းလတ်သုပ်သာဖြစ်သည်။ မန္တလေးမုန့်တီစစ်စစ်မှာ မုန့်သားအိသည်။ မာဆတ်တောင့်တင်းခြင်းမရှိပေ။ မန္တလေးမုန့်တီကိုစွဲ၍ ရခိုင်မုန့်တီ၊ ခိုတောင်မုန့်တီတို့ ပေါ်ပေါက်လာသည်။ စားသုံးရာတွင် အအီပြေစေရန် ကြက်သွန်နီအကွင်းလိုက်လှီးပြီးနှင့် သံပရာသီးခြမ်းစိတ်ပန်းကန်ငယ်ချပေးထားလျက် အပေါ့အငံအတွက် ငံပြာရည်နှင့်ဟင်းရည်ဖြင့် တွဲဖက်စားကြသည်။ ဟင်းရည်ကို ကြက်ရိုးပြုတ်/ငါးဖယ်ရိုးပြုပ်ရည်ထဲ ပိတ်စွယ်ခပ်သုံးဆောင်လေ့ရှိကြသည်။ မန္တလေးနန်းကြီးသုပ်ကို မန္တလေးဈေးချိုထဲတွင်ကြက်သားဖြင့်သော်လည်းကောင်း အမဲအရွတ်ဖြင့်သော်လည်းကောင်းသုပ်၍ရောင်းချပေးလေ့ရှိသည်။

နန်းကြီးသုပ်
နန်းကြီးသုပ်
နန်းကြီးသုပ်
အခြားအမည်များမန္တလေးမုန့်တီ
အဓိကသုံးဆောင်မှုနံနက်စာ
မူရင်းနိုင်ငံမန္တလေးမြန်မာနိုင်ငံ
အဓိက ပါဝင်ပစ္စည်းနန်းကြီး၊ ကြက်သား၊ ပဲမှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်ဥပြုတ်၊ သံပရာသီး
နန်းကြီးသုပ် Cookbook: နန်းကြီးသုပ်  နန်းကြီးသုပ် Media: နန်းကြီးသုပ်

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြင်းခြံမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အင်တာနက်အာဇာနည်နေ့ခုနှစ်နှစ်စစ်တီဘီရောဂါဗမာနိုင်ငံတော်သင်္ဂါယနာမဇ္ဈိမ သတင်းဌာနဩဘာသဂေါတမဗုဒ္ဓဒိုင်အာခီအာဋာနာဋိယသုတ်ကျိုက်ထိုမြို့ဗျတ်ဝိ၊ ဗျတ္တအနုပညာညစ်ညမ်းခြင်းများပုဂံခေတ်ထားဗမာလူမျိုးပြည်သူ့ခုခံတော်လှန်စစ်ဗြဟ္မာဘုံတပ်မတော်စိန်ရတုနှစ်တံဆိပ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများနေပြည်တော် ပြည်ထောင်စုနယ်မြေပြေတီဦးတပေါင်းလပြည့်နေ့ရှင်ပြုခြင်းစောမွန်လှနန်းမွေစံဟင်္သာတထွန်းရင်နာဂစ်မုန်တိုင်းရေသာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများမြန်မာဝီကီပီးဒီးယားရွေးပင်စမ်းချောင်းမြို့နယ်ဝါကျအောင်ချိမ့်ဘောလုံးကစားခြင်းပါရာဇိကအသံရန်ကုန်တိုင်းဒေသကြီးကင်ဆာရောဂါခွေးသထုံမြို့သင်္ကြန်မဟာဗောဓိတထောင်ပလောင်လူမျိုးတတိယ အင်္ဂလိပ် - မြန်မာစစ်အစ္စရေးနိုင်ငံရန်ကုန်မြို့အောင်လံမြို့ဗိသုကာပညာကချင်ပြည်နယ်နေကြတ်ခြင်း နှင့် လကြတ်ခြင်းချင်းလူမျိုးတို့ဗမာ ဆင်းရဲသား အစည်းအရုံးဂြိုဟ်နာဂလူမျိုးဖိလစ်ပိုင်နိုင်ငံသရဲမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များခရစ္စတီယာနို ရော်နယ်လ်ဒိုဂျောင်ဂျောင်ကုအရှေ့တောင်တိုင်းစစ်ဌာနချုပ်အရက်ခါကာဘိုရာဇီသင်္ကြန်စာမြန်မာနိုင်ငံ၏ အလံတော်မနီလာမြို့မြန်မာနိုင်ငံ၏ စီးပွားရေးဆယ်ပါးသီလပထဝီဝင်ကိုကိုဦး (ဗိုလ်ချုပ်)ဝဘ်ဘရောက်ဆာမြသန်းတင့်နို့🡆 More