ကန့်ဘလူမြို့: ကန့်ဘလူခရိုင်

ကန့်ဘလူမြို့သည် ကန့်ဘလူခရိုင် ကန့်ဘလူနယ် ၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရွှေဘိုမြို့၏ မြောက်ဘက် ၄၆ မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိ သည်၊ တောင်ဘက်တွင် ခင်ဦးမြို့နယ်နှင့် ဆီဆုံကြီးရွာ။ မြောက်ဘက်တွင် ဒေါင်းယူးချောင်း။ အရှေ့ဘက်တွင် ဧရာဝတီမြစ်။ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် အထက် ချင်းတွင်းနယ်စပ်တို့ တည်ရှိသည်၊ မီးရထားဌာနတွင် အရေးပါသော ဘူတာရုံတစ်ခုဖြစ်၍ မီးရထားဖက်ဆိုင်ရာ အရာ ရှိကြီးငယ်နှင့် အမှုထမ်းများစွာ နေထိုင်ပြီးလျှင် စက်ခေါင်းရုံ ကြီးများလည်းရှိသည်၊ ထို့ပြင်မီးရထားရဲဌာနနှင့် မီးရထားဌာန ဆေးရုံများ လည်းရှိသည်၊ နယ်အုပ်ချုပ်ရေးဆိုင်ရာတွင် လည်း နယ်ပိုင်ဝန်ထောက်ရုံး။ မြို့ပိုင်ရုံး။ ရဲဌာန။ ]။ ဆေးရုံ။ နိုင်ငံတော် မူလတန်းကျောင်း။ ဈေးနှင့် နယ်စီး တောအုပ်ရုံးများရှိသည်၊ မြို့မှာသစ်တောအတွင်း တည်ရှိ၍ ကျောထောက်နောက်ခံနယ်တွင် သီးနှံစိုက်ပျိုး လုပ်ကိုင်မှု များစွာ မရှိချေ၊ သစ်လုပ်ငန်း (မီးရထားလမ်း ဇလီဖားတုံးလုပ်ငန်း) သာလျှင် တွင်ကျယ်လေသည်၊ ကန့်ဘလူနယ်တွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် များပါဝင်သည်၊ ကန့်ဘလူမြို့နယ်မှာ စတုရန်းမိုင် ၁၅၃၆ကျယ် ဝန်းသည်၊ မြို့နယ် ၏ လူဦးရေမှာ ၇၃၅၂၁ ခန့်ရှိပြီး ၁၃၅၈၅ခန့် မှာ မြန်မာမွတ်စလင်များဖြစ်ကြသည်၊ ကန့်ဘလူမြို့ပေါ်တွင် အိမ်ခြေ ၆၀၀ ခန့်ရှို လူဦးေရ ၃၀၀၀ ခန့်နေထိုင်သည်၊ မြေဒူး။ ဆားကုန်း။ ဆားကိုင်း။ ထူးကြီး။ ဝက်တိုး။ ခြင်မြစ် ကျင်း။ ကျီစုနှင့်ငါးရာနဲ။ သဗွတ်ကုန်း။ ကျောက်တိုင်ရွာ များတွင် မြန်မာမွတ်စလင်အများ နေထိုင်ကြသည်၊ မြေဒူး မြို့တွင် ထင်ရှားသော ရွှေဂူကြီးစေတီတော်ရှိ၍ ဘုရားပွဲတော် ကိုနှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။ စိုက်ပျိုးလုပ်ကိုင်ကြသော သီးနှံများမှာ စပါး။ ပဲ။ ပြောင်း။ နှမ်း။ မြေပဲ။ လူး။ ဆပ်။ ခရမ်းချဉ်။ ခရမ်း။ အုန်း။ ထန်း တို့ ဖြစ်သည်၊ သစ်လုပ်ငန်းမှာ အတွင်ကျယ်ဆုံး ဖြစ်လေသည်၊ ကန့်ဘလူမြို့နယ်အတွင်း ပဉ္စာလ ၅မြို့မှ ရှေးက ကျောက်မီးသွေး ထွက်သည်ဟု အဆိုရှိသည်၊ သို့ရာတွင် တတ်ကျွမ်းသူ များကမူ ကျောက်မီးသွေးနုလွန်းသေးသဖြင့် အသုံးပြုရန် မသင့် သေးဟုဆိုသည်၊ ရွှေဘိုတစ်ခရိုင်လုံး၏ အသက်သွေးကြောတစ်ရပ် ဖြစ်သော ကာဘိုးရေလွှဲဆည်မှာလည်း ကန့်ဘလူနယ်အတွင်း တွင် တည်ရှိ သည်၊ ထို ဆည်ကိုအမှီပြု၍ ဆန်စပါးစိုက်ပျိုးကြသည်။

ကိုးကား

Tags:

ကန့်ဘလူခရိုင်ကျွန်းလှမြို့ခင်ဦးမြို့ခရမ်းပင်စပါးဈေးထန်းနှမ်းပဲပြောင်းမြေပဲမြောက်ဘက်ရွှေဘိုမြို့လူဦးရေသစ်လုပ်ငန်းဧရာဝတီမြစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂေါတမဗုဒ္ဓအရိုးမြန်မာ့ပြည်တွင်းပဋိပက္ခများကျန်းမာရေးခင်ညွန့် (ဗိုလ်ချုပ်ကြီး)မြွေဆွစ်ဇာလန်နိုင်ငံဖက်ဒရယ်ပြည်ထောင်စုစနစ်ဆာရာဝပ်ပြည်နယ်ဗျည်းဗဒုံမင်းမင်္ဂလာတရား ၃၈-ပါးကြူကြူလှအချိန်ဝေလမင်းသမီး ဒိုင်ယာနာဂျူးဘာသာနာဇီဂျာမနီမြန်မာ့ဝတ်စားဆင်ယင်မှုမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းရှေးဟောင်းအီဂျစ်နီဝရဏထိုင်းဘတ်ငွေမြန်မာနိုင်ငံ၏ ပထဝီဝင်ဂူဂယ်အီဂျစ်နိုင်ငံမာရဝိဇယဗုဒ္ဓရုပ်ပွားတော်သံဃာဂုဏ်တော်မွန်ဘာသာစကားမန္တလေးတိုင်းဒေသကြီးချဉ်ပေါင်နာဂလူမျိုးကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဘိုးမင်းခေါင်အင်းလေးကန်ဓဇဂ္ဂသုတ်ပုပ္ပားမယ်တော်စက္ကူပန်းနန်းလုံးကြိုင်ဗမာပြည် ကွန်မြူနစ်ပါတီကဆုန်လပြည့် ဗုဒ္ဓနေ့ကျိုင်းတုံမြို့ပြည်ထောင်စုနေ့ရတနသုတ်ဒါနရှားစောင်းလက်ပတ်ပင်မြန်မာအဘိဓာန်တူရကီနိုင်ငံမြန်မာနိုင်ငံ၏ သမ္မတလိင်တူစုံမက်ခြင်းဒီမိုကရေစီတားရော့ပညာမြန်မာ စံတော်ချိန်အိမ်တောင်ကိုရီးယားနိုင်ငံအနော်ရထာလား (တိရစ္ဆာန်)လစ်ဘာတီ ရုပ်တုတနင်္သာရီတိုင်းဒေသကြီးမေတ္တာမြသန်းတင့်အမျိုးသားရေးဝါဒသာလွန်မင်းမြန်မာနိုင်ငံရှိ မြို့များဆီးချိုရောဂါလောကနီတိဖူးပွင့်ခိုင်အန်ကောဝပ်လိမ်လည်မှုကချင်လူမျိုးထိုင်းလူမျိုး🡆 More